Ep-44

103 17 1
                                    

Unicode

[——အရင်က မကြူံဖူးတဲ့
အခြေအနေနှင့်ပက်သတ်၍၊ ]

    
လွန်ခဲ့သော လေးရက်က တရုတ်နှင့် နီပေါနယ်စပ်ရှိ
နယ်စပ်မီးရထားဘူတာရုံတစ်ခု။

    
သန်မာသောရုပ်ရည် ချောမောသောမျက်နှာရှိတဲ့ လူငယ်တစ်ဦးသည် လူအုပ်ကြီးမှ ရှေ့စားပွဲဆီသို့
တိုးထွက်လာပြီးပြောလာသည်၊
"လားရီလန့်ကို လက်မှတ်နှစ်စောင်၊ ထိုင်ခုံမာမာနဲ့"
    
လက်မှတ်ရောင်းသူသည် ပျင်းရိစွာဖြင့် သူ့လက်ကို
ဆန့်ထုတ်လိုက်ပြီး-" ID一一"
    
ဆယ်ကျော်သက်အရွယ်လူငယ်လေးက
သူ့ရဲ့ ID ကို အထည်အိတ်ထဲကနေ
ထုတ်ယူလိုက်ပြီးျပးကာ၊ ထိုလူက ဟိုဟိုဒီဒီ လှည့်ကြည့်လိုက်ပြီးမေးလာသည်။
"နောက်တစ်ယောက် ဘယ်မှာလဲ"
    
လူငယ်လေးသည် နှုတ်ဆိတ်သွားပြီး ငွေစက္ကူအနည်းငယ်ကို ထုတ်ကာ
ထိုသူလက်ထဲသို့ ထည့်လိုက်သည်။

ပတ်ဝန်းကျင်ကတွန်းတိုက်မှုနဲ့
ယောင်ယက်ခတ်မှုများပြည့်နေတယ်။  ငါးခြောက်မျက်နှာလို ညိုမည်းနေသော တိဗက်လူမျိုးများက ကျယ်လောင်စွာ အော်ဟစ်ကြပြီး ရွှံ့နှင့် ဖုန်ထူသော ခြင်းတောင်များကိုလည်းဆွဲထားကျကာ ကြက်များသည် အပြင်ဘက်တွင် တွန့်လိမ်နေပြီး ရုန်းထွက်နေကြသည်။

    
လတ်မှတ်ရောင်းသူက ပိုက်ဆံကို တိတ်တဆိတ်လက်ခံပြီး ခဏအကြာတွင် ထိုင်ခုံလက်မှတ်နှစ်စောင် ပေးလိုက်သည်။
    
ဆယ်ကျော်သက်လူငယ်လေသည် လူအုပ်ထဲမှ
တိုးထွတ်ကာ ခရီးဆောင်အိတ်ကြီးအိတ်ငယ်များဖြင့်
ဧရိယာကို ဖြတ်ကျော်ဝင်ရောက်၍ ကျဉ်းမြောင်းသော စောင့်ဆိုင်းနေရာသို့ ရောက်လာပြီးထိုင်ခုံနောက်တန်းဆီသို့ တည့်တည့်လျှောက်သွားကာ
ပါဆယ်ထုပ်ကို မြေကြီးပေါ်ချပြီး
ထိုင်ခုံပေါ်သို့ လဲပစ်ထိုင်ချလိုက်သည်။
    
သူ့ဘေးနားရှိ ခေါင်းစွပ်အင်္ကျီဝတ်ထားသည့် အမျိုးသားတစ်ဦးသည် ခေါင်းကို လှည့်၍ လှပဖြူစင်သော မျက်နှာတစ်ဝက်ကို ပေါ်လွင်စေကာ နှုတ်ခမ်းပေါ်တွင် လှောင်ပြောင်နေသော အပြုံးဖြင့် "ကျေးဇူးတင်ပါတယ် ချစ်ညီလေး။"
    
ကောင်းလေးကအေးစက်စွာပြောလာသည်။
"မင်း မျက်မှန်ကိုပြန်တပ်ထား မဟာ။"
    
မဟာ၏ မီးခိုးရောင် hoodieသည်
သူ့မျက်နှာ အများစုကို ဖုံးအုပ်ထားပြီး
သူမျက်နှာနှင့် လည်ပင်းသည် မျက်မှန်အောက်တွင်ပေါ်ထွက်နေသည်။
ထိုအစိတ်အပိုင်း အနည်းငယ်သည်
ရေခဲပန်းပုနှင့်နှင်းများကဲ့သို့အဖြူရောင်ဖြစ်နေသည်။
ဆံပင်ရှည်ကို မြင်းမြီးပုံစံဖြင့် ချည်နှောင်ထားပြီး
ခေါင်းစွပ်အောက်မှ သူ့နံဘေးသို့ ကျဆင်းနေ
သည်။  ၎င်းသည် အလွန်ချောမောပြီး တောက်ပနေသော အလှတရားတစ်ခုနှင့်တူသည်။
    
သူသည်လက်တန်းပေါ်ကို
လက်ချောင်းသွယ်သွယ်လေးများဖြင့်
ပွတ်သပ်နေရင် ပေါ့ပေါ့ပါးပါး လှည့်ပတ်ကြည့်ရှုနေပုံရပြီး သူတို့၏ခန္ဓာကိုယ်ပုံသဏ္ဍာန်ကို
အရည်ထူးထူရှိသော
လမ်းသွားလမ်းလာများက အာရုံစိုက်ကာ နောက်ပြန်လှည့်ပြီးကြည့်သွားကြသည်။

Lantern: Reflection of the Peach BlossomsWhere stories live. Discover now