Ep-42

105 16 2
                                    

Unicode
[ မင်းကိုယ့်ကိုနမ်းရင် ကိုယ်
လက်ထိတ်ဖွင့်ပေးမယ်]

ချူဟယ့်သည် စက္ကန့်ပေါင်များစွာ
သူ့စိတ်တွေ ဗလာဖြစ်နေပြီး အသက်ရှုဖို့ကိုတောင်မေ့သွားသလိုမျိုး
သံကြိုးကို မလှုပ်မယှက် ကြည့်နေတယ်။
    
"ကျိုးဟွေး.." ခဏလောက်ကြာပြီးနောက်
သူသည် ခပ်တိုးတိုးအသံလေထွက်လာသည်။
"....ကျိုးဟွေး?"
    
အိပ်ခန်းတံခါးသည် ကလစ်ခနဲပွင့်လာပြီး
ကျိုးဟွေးသည်အငွေ့ပျံနေသော
လက်ဖက်ရည်ခွက်တခွက်နဲ့အတူ လှမ်းဝင်လာကာ-  "နိုးပြီလား?"
    
—— သူ့အမူအရာနဲ့ အသံက အရမ်းသဘာဝကျနေ
တယ်။ သူကမနက်ခင်းလေးမှ နိုးလာပြီး
ညင်သာစွာ နှုတ်ဆက်ကာ  မင်းကို နိုးပြီးလားနဲ့
မနေ့ညက ကောင်းကောင်းအိပ်မပျော်ဘူးလားလို့
အမေးသဘောမျိုးတောင်ဖြစ်နေတယ်။
    
အမူအရာတွေက အလွန်သဘာဝကျသောကြောင့် ချုဟယ့်က သူ့ကို စတီးလ်နဲ့ပြုလုပ်ထားတဲ့ အိပ်ယာဘေးကို ကြည့်ပြီး ဘာမြှပန်မပြောနိုင်ဘဲ အကြာကြီးနေနေလိုက်တယ်။
    
စစ်ချီဟိုင်တွင် ကျိုးဟွေး၏ဒဏ်ရာများသည် အခြေခံအားဖြင့် သက်သာလာပြီဖြစ်သည်။  အသားအရေးသည်ကတော့ မွေးကင်းစကလေးလို အနည်းငယ်ဖျော့နေသော်လည်း သူ့အသွင်အပြင်သည် ပြေပြစ်ပြီး တည်ငြိမ်မှုရှိပြီ၊ သူ့ခန္ဓာကိုယ်သည် ကြံခိုင်သန်စွမ်းကာ သူ၏စာနာတက်ပြီး စွဲမက်ဖွယ်ကောင်းသော ရောင်ဝါတွေကို အနက်ရောင်အဝတ်ဖြင့် ပတ်ထားသည်က  ပြောမပြနိုင်လောက်သော
ကြောက်ရွံ့မှုတစ်ခုကိုဖြစ်ပေါ်စေသည်။
    
" ဒီဆေးသောက်လိုက် မင်းအားနည်းလွန်းတယ်။"
    
ကျိုးဟွေးကုတင်အစွန်းတွင်ထိုင်ကာ ချူဟယ့်၏ခန္ဓာကိုယ်အပေါ်ပိုင်းကို လက်တစ်ဖက်ဖြင့်ကိုင်ပြီး
သူ့လက်မောင်းနှစ်ဖက်ကို ညင်သာစွာထောင်ကာ လက်ဖက်ရည်ခွက်ထဲတွင် အငွေ့ထွက်နေသော
အနက်ရောင်အရည်တွေကို တိုက်လေသည်။

ချူဟယ့်သည် ခေါင်းအုံးမှ
လွတ်ထွက်သွားသည်နှင့်အလွန်မူးဝေသွားသည်။  ထို့အပြင် သူ၏ဘယ်လက်လက်သည် အာရုံခံနိုင်ခြင်းမရှိတော့ပဲ
သူသည် ဘာခုခံခြင်းမှမလုပ်ပဲ ထိုအရာကိုအကြိမ်ပေါင်းများစွာသောက်ပြီးမှာ သူသည်မသက်မသက်နဲ့ခေါင်းလှည့်ကာမေးလာ
သည်။
"ဒါ... ဒါတွေက ဘာလဲ"

Lantern: Reflection of the Peach BlossomsWhere stories live. Discover now