Ep-38

84 13 2
                                    

Unicode
[သွေးထွက်နေတဲ့အမှန်တရားများနဲ့
ပုပ်ပွနေသောလျိုဝှက်ချက်များ]

一一ဖုန်စီ!

ချုဟယ့်သည် ရုတ်တရက် တစ်စုံတစ်ခုကို ကြားလိုက်ပုံရပြီး ချက်ချင်း နောက်သို့ လှည့်ကြည့်လိုက်သည်။

သို့သော် သူ့နောက်တွင် နေရာလွတ်ပိုက်ကွန်သည်
ဗလာဖြစ်နပြီး မရေမတွက်နိုင်သောမှန်များ ရောယှက်ကာ အမှောင် အလင်းကို ထင်ဟပ်စေ၏။

မင်းကြားတာမှားနေတယ်... ချုဟယ့်က
ခေါင်းကို လှည့်လိုက်ပြီး သူ့ရှေ့က မှန်ပေါ်ကို စိုက်ကြည့်လိုက်တော့ နောက်တစက္ကန့်အတွင်း သူ့နောက်မှာ တခြားလူရှိမှန်း မသိလိုက်လို အံ့သြသွားခဲ့တယ်။

ထိုလူတွင် ရင်းနှီးသောမျက်နှာရှိနေပြီး
ရင်းနှီးသောအပြုံးဖြင့် အသေးငယ်ဆုံးသောမျက်ခုံးနှင့် မျက်လုံးထောင့်များပင်လျှင် နှစ်ထောင်ပေါင်းများစွာကြာအောင် အနည်းငယ်မပြောင်းလဲသွားသကဲ့သို့ မှတ်ဉာဏ်ထဲတွင် အတူတူပင်။

ချုဟယ့်၏မျက်လုံးများ အနည်းငယ်တုန်ယင်သွားသော်လည်း ပါးစပ်ကိုဖွင့်လိုက်သောအခါ စကားတစ်ခွန်းမှ မပြောနိုင်ပေ။ အချိန်အတော်ကြာပြီးနောက်
သူကအံ့အားသင့်သွားသည့် အသံဖြင့်-

"ရှစ်ကျားလား....?!"

ရှစ်ကျားက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ချူဟယ့်၏ပခုံးပေါ်သို့ သူ့လက်ကို ပေါ့ပေါ့ပါးပါး တင်လိုက်သည်။

一一သူဟာ မှန်ထဲက အေးစက်နေတဲ့ ပုံရိပ်ယောင်မဟုတ်ပေမယ့် တကယ့်လူအစစ်တစ်ယောက်ဖြစ်ပြီး လက်ဖဝါးရဲ့ နွေးထွေးမှုကိုတောင် အဝတ်ကတစ်ဆင့် ရှင်းရှင်းလင်းလင်း ခံစားနေရတယ်။

ပူပြင်းသောမီးနှင့်ယှဉ်နိုင်သော ထိုအပူချိန်သည် အရေပြားတလျှောက် အာရုံကြောများ၏ တစ်လက်မတိုင်းကို လောင်ကျွမ်းသွားကာ
စူးရှသော နာကျင်မှု၌ ပြောမပြနိုင်သော ခံစားမှုတစ်ခု ထွက်ပေါ်လာပြီး ချူဟယ့်၏ တစ်ကိုယ်လုံးကို တုန်ယင်သွားစေသည်။

သူ၏ တုန်ယင်နေမှု ပမာဏသည် အလွန်ပြင်းထန်သောကြောင့်
သူသည် ခွန်အားအပြည့်ဖြင့်
ခေါင်းကို နောက်ပြန်မလှည့်နိုင်ဘဲ အနည်းငယ်မျှတောင်လှည့်၍မရပေ။
အဝေးက မှန်မျက်နှာပြင်ကို စိုက်ကြည့်ရုံနေရုံသာ၊ မှန်ထဲက ပြုံးနေသောရှစ်ကျားနှင့်
အားနည်းသူ မိမိကိုယ်တိုင်ကိုဖြစ်၏။

Lantern: Reflection of the Peach BlossomsWhere stories live. Discover now