Unicode
[我爱你-မင်းကိုချစ်တယ်]
ချုဟယ့်က သူဘာတွေပြောလိုက်မှန်း သူမသိသလိုမျိုး ကျိုးဟွေးကို မှိန်းမောစွာနဲ စိုက်ကြည့်နေတယ်။
"ဒါပေမယ့်..." သူက ခဏလောက် ငြီးတွားရင်း
မှိန်းမောစွာကြည့်နေပြန်သည်။"ဒါပေမယ့် မင်းဘယ်လိုလုပ်...ဘယ်လိုလုပ်...."
— မင်းဘယ်လိုလုပ် ငါကိုမလိုချင်ရမှာလဲ ။
သူသည် ခေတ်အဆက်ဆက် လက်နက်ကိုင်ဆောင်
ခဲ့သည်။ခိုင်မာသောရေခဲဖြင့်ထုပ်ပိုးထားသော
မရေမတွက်နိုင်သောလျှို့ဝှက်ချက်များ၏
အလေးချိန်ကသူ့ကျောကိုတောင့်တင်းလာသည်အထိ နှိပ်စက်ခံခဲ့ရသည်။သူသည်အနည်းငယ်ကွေးချ
လိုက်ရင်တောင် ကျိုးသွားမည့်ဖြစ်ပြီး ဤအခိုက်အတန့်တွင် ရုတ်တရက် ပျောက်ကွယ်သွားခဲ့မည်။နက်ရှိုင်းစွာ ဖုံးကွယ်ထားသော အထီးကျန်ဆန်တဲ့
ဇာမဏီဌက်ကလေးသည် နွေးထွေးမှုနှင့် ယုံကြည်ခြင်းကို တောင့်တကာ စိတ်၏အားနည်းသောအပိုင်းတွင် စိတ်ပျက်အားငယ်စွာ အော်ဟစ်ငိုယိုလိုက်သည်။
တောင်များနှင့် ကျောက်ဆောင်များ ပြိုကျကာ မြေဆီလွှာသည် မြစ်ရေကဲ့သို့ ချော်ကျသွားပြီး မြေအောက်မြစ်ရေသည် လုံးဝပြိုကျ၍ မြေကြီးတုန်ခါမှုကြောင့် ၎င်းတို့အနားရှိ ကျောက်တုံးများကို တုန်ခါသွားစေခဲ့သည်။ ပရမ်းပတာအခြေအနေအတွင်း ကျောက်စရစ်ခဲသည် ဖုန်ဟွမ်၏နဖူးကို ထိမှန်သော်လည်း သူသည် မဖုံးကွယ်သလို တုံ့ပြန်မှုလည်းမရှိပေ။
အမှောင်ထုတွင် နာထင်းမှ ပါးပြင်များပေါ်သို့ သွေးများ စီးကျလာသည်။ ကျိုးဟွေးသည် သွေးစီးကျလာသော စွန်းထင်းမှုများကို ဖယ်ရှားရန် လက်ကို တုန်လှုပ်စွာ ဆန့်ထုတ်လိုက်သော်လည်း ဖုန်ဟွမ်သည်ဆိုးဝါးသောအခြေအနေတွင် မြက်ခြောက်ကို ရုတ်တရက်ရှာတွေ့လိုက်ရသလိုမျိုး ရုတ်တရက် သူ့ကို လှမ်းဖမ်းလိုက်သည်။
" ဒါပေမယ့် မင်းငါ့ကိုမလိုချင်ဘူးဆိုရင်.... ငါဘယ်ကိုသွားလို့ရမလဲ။ ငါပြန်လာခဲ့ရင် ငါအသက်ရှင်လျက်နဲ့...ဘယ်ကိုသွားလို့ရမလဲ....။"
YOU ARE READING
Lantern: Reflection of the Peach Blossoms
AzioneMyanmar Translation (Zawgyi+Unicode) Title -提灯映桃花(Lantern: Reflection of the Peach Blossoms) Author - Huai Shang (淮上) Status -75 Chapters + 15 Extras Update-1.12.2022 This Novel isn't my own.It's just a translation.So full credit to the original...