Ep-32

156 16 1
                                    

Unicode
        《雪山神女篇(ရွယ်ရှန်း ရှန်းနွီးအခန်း)
       《 နှင်းတောင်နတ်ဘုရားမအခန်း》
[မည်သို့ပင်ဆိုပေ ဖုန်ဟွမ်မင်ဝမ်သည်
အလွန်လှပသောရုပ်အလောင်းတခု
ဖြစ်သင့်တယ်မဟုတ်လား]

သုံးနာရီကြာသော ကျိုးဟွေးရဲ့ရုံခန်း၌။

လီဟူသည်ထောင်းစွန့်၌သူ့ခေါင်းကို
စောင်းချပြီးမေးလာသည်။
" ရှင့်တို့ ကျိုးလောင်တက အခုဘယ်လိုလဲ။"

အဖွဲ့ဝင်တစ်ဖွဲ့သည် ပျမ်းမျှအားဖြင့် မြင့်မားသောအသွင်အပြင်ရှိကာ ခွန်အားတက်ကြွသောလူငယ်လေးများဖြစ်ကြပြီး လီဟူ၏အနိုင်ကျင့်ခြင်းကိုခံကြရသည်။
ထိုအခိုက်အတန့်တွင်တံခါးဝမှာ
မတ်တပ်ရပ်စောင့်နေတဲ့ အဖွဲ့သားနှစ်ယောက်က အမြီးကိုးချောင်းမြေခွေးခေါင်းဆောင်ကို
ရုတ်တရက် မြင်လိုက်ရပြီးအရမ်း
ထူးဆန်းသလို ခံစားလိုက်ရတယ်။
"ကျွန်တော်မသိဘူး ခါတိုင်းနဲ့မတူတော့သလိုဘဲ။"

တခြားတယောက်ကပြုံးပြီးပြောလာတယ်။
" အဖွဲ့(၆)ခေါင်းဆောင်က ကျွန်တော်တို့
လောင်တကို ရန်စဖို့ဘာတွေလုပ်ခဲ့လို့လဲ။"

လိဟူကသက်ပြင်းချကာ-"ငါနေ့တိုင်း
ခက်ခက်ခဲခဲခရီးသွားနေရလေ၊
နင်တို့ လောင်တကို ရန်စဖို့ အချိန်ဘယ်မှာရှိလိုလဲ။" ထိုနောက် သူက အသံတိုးချပြီးမေးလာသည်။
"一一ဒီမနက် နင်တို့ ယွီဖုကို မြင်သေးလား။"

"လက်ထောက်ဒါရိုက်တာယွီက တခုခုနဲ့တွေ့ဖို့
အပြင်ထွက်သွားပါတယ်။ စိတ်အခြေအနေက
အဆင်မပြေနေပုံဘဲ။"အသင်းသားများသည်
မနောက်ပြောင်နိုင်င်ဘဲ-" အဖွဲ့(၆)ခေါင်းဆောင်က
မကောင်းတာတခုခုလုပ်လိုက်တာလား၊ မဟုတ်မှ
မနေ့က လက်ထောက်ဒါရိုက်တာယွီကို  အိပ်လိုက်တာလား၊ အို ဒီလို့ပြောတော့မှာဘဲ ဒီနေ့ လက်ထောက်ဒါရိုက်တာယွီက ပင်းပန်နေတယ်...."

"မင်းတို့ဘာအကြောင်းပြောနေတာလဲ။"
ကျိုးဟွေးကအေးစက်နေတဲ့မျက်နှာနဲ့
အတူရုတ်တရက်တံခါးဖွင့်လာပြီး
" ဘယ်သူကအိပ်ခိုင်းတာလဲ ဟမ်?"

လူငယ်နှစ်ဦးသည်တိတ်ဆိတ်သွားပြီး ရွှံ့ရုပ်တုတစ်ခုလို မလှုပ်မယှက်ရပ်နေလျက် သူတို့၏နှာတံများကိုသာ ကြည့်နေကြသည်။

Lantern: Reflection of the Peach BlossomsWhere stories live. Discover now