Ep-29

142 16 1
                                    

  Unicode

  Wanning:ယာဉ်စည်းကမ်းလမ်းစည်းကမ်းနဲ့
ကားကိုသေချာမောင်းပါတယ်🚘     

                  [စကားလုံးနှစ်ထောင်]

ကျိုးဟွေး၏ပထမဆုံးတုံ့ပြန်မှုသည် အံ့ဩခြင်းမဟုတ်ဘဲ ကြောက်ရွံ့ခြင်းပင်။
   
လူအုပ်ကြီးသည် ပို၍ ကြီးမားလာပြီး ဆွေးနွေးပွဲသည် ပို၍ကျယ်လောင်လာသည်။
တီးတိုးသံမဟုတ်တော့ပဲ ဆူညံ့သံတွေဖြစ်လာပြီ။ ချူဟယ့်သည် သူ့အရပ်အမောင်းနှင့် ခန္ဓာကိုယ်ပုံသဏ္ဍာန်အားလုံးကို
အချိုကျစွာပိုင်ဆိုင်ထားသော်လည်း ပါးလွှာသောရှပ်အင်္ကျီသည် အရှေ့ရင်ဘက်ကိုမမြင်နိုင်သောကြောင့်  သူ့မျက်နှာကို ယောက်ျား၊မိန်းမ မခွဲခြားနိုင်ပေ။ရှည်လျားပြီး ပျော့ပျောင်းသော ဆံပင်များကို မြင်းမြီးပုံစံချည်နှောင်ထားပြီး သူ့ပခုံးတစ်ဖက်တွင် တင်ထား၏။အမြီးသည် အနည်းငယ် ကောက်ကွေးနေပြီ၊ ကျိုးဟွေးသည် ထိုနေရာတွင် ၎င်းတို့၏ အဖော်များနှင့် ငြင်းခုံနေသည့်လူငယ်များစွာ၏
စကားသံကိုကြားလိုက်ရတယ်။
"အဲဒါအမျိုးသမီးပဲ၊ အမျိုးသမီးဘဲဖြစ်ရမယ်!"
 
လူများစွာကသူတို့ရဲ့ဖုန်းကိုထုတ်ကာ ဓာတ်ပုံရိုက်ပြီး
စိတ်လှုပ်ရှားမှုနဲ့အတူ uploadedလုပ်ချင်ပေမယ့်
သူတို့ဖုန်းတွေအရိုက်ခံလိုက်ရသည်။

ကျိုးဟွေးသည် ဒီထက်ပိုပြီးသည်းမခံနိုင်တော့ဘဲ
လူအုပ်ထဲကနေ တိုးထွက်ကာ ချူဟယ့်၏
ပခုံးပေါ် လက်တင်လိုက်ပြီ-
"လောင်စီး!"
ချူဟယ့်က ခေါင်းလှည့်ပြီး သူ့ကို အနည်းငယ် ပြုံးပြလာသည်။
   
—ဒီအပြုံးသည် သေစေနိုင်လောက်တယ်၊ ကျိုးဟွေးသည် သူ့နောက်မှ လူများစွာ မူးလဲလုနီးပါး အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

"မင်းဒီမှာဘာလုပ်နေတာလဲ
ဒီလူကို ဘာလို့မသုံးတာလဲ..."
    
"မင်းအတွက် ဝိုင်တခွက်လုပ်ပေးမယ်။"
ချူဟယ့်ကတက်ကြွစွာပြောလာသည်။
"မင်းကိုsurpriseဖြစ်စေချင်လို့ပေါ့။"

ကျိုးဟွေးသည် မနေနိုင်တော့သဖြင့်
ဘားကောင်တာကိုခေါက်ကာbartenderကို
တင်းမာသောအကြည့်ဖြင့်
လမ်းဖယ်ပေးရန် အချက်ပြလိုက်သည်- သနားစရာကောင်းသောbartenderလေးသည် အနည်းငယ် စိတ်ရှုပ်သွားပြီး စားပွဲပေါ်မှ ပိုက်ဆံယူရန်ပင်မေ့သွားကာ ချူဟယ့်၏မျက်နှာကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေရင်
နာခံစွာဖြင့် ဘေးဖယ်လိုက်၏။
 
ချူဟယ့်သည် ဘားကောင်တာအထဲ့သို့
လျောက်ဝင်သွားပြီး vodka၊ brandyနဲ့Bacardi 151တို့ကိုရွေးယူခဲ့သည်။

Lantern: Reflection of the Peach BlossomsWhere stories live. Discover now