Ep-76(Extra)

176 4 0
                                    

ဂျပန် Mie-ken(စီရင်စု)

    
လသည် ဆီးနှင်းခဲကဲ့သို့၊ တောင်လမ်းကိုလည်း ဆီးနှင်းများကဖုံးလွှမ်းနေကာ ဘုရားကျောင်အောက်ရှိ ကျောက်လှေကားများသည် အပြာရောင်အလင်းတန်းများဖြင့် တောက်ပနေသည်။

ရှည်လျားသော ဆံပင်ရှည်များနှင့် အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသော ရုပ်သဏ္ဍာန်သည် နှင်းထဲမှ ထွက်လာပြီးအေးခဲနေသောToriiကို ဖြတ်သွားကာ နှင်းများဖုံးလွှမ်းနေသော
ရှည်လျားတဲ့လူသွားလမ်းပေါ်ကို လှမ်းတက်၍
ဗလာဖြစ်နေသောဘုရားကျောင်းထဲသို့ လျှောက်သွားခဲ့သည်။

ခန်းမထဲတွင် စူးစူးဝါးဝါး အော်ဟစ်သံမှလွဲ၍ သူ့ခြေသံများသာ ပဲ့တင်ထပ်နေသည်။  အော်ဟစ်သံများ ထွက်ပေါ်လာရာ လမ်းကြောင်းအတိုင်း ဖြည်းညှင်းစွာ လျှောက်လာရာ
ဘုရားကျောင်းအတွင်းရှိ နက်ရှိုင်းသော ယဇ်ပလ္လင်တစ်ခုဆီသို့ ရောက်လာသောအခါတွင် စိမ်းပြာရောင်အလင်းတန်းများ ထွန်းလင်းနေသည်ကို တွေ့လိုက်ရသည်။  ယဇ်ပလ္လင်ပေါ်တွင်
ရွှေဖြင့်ခင်းထားသော ကျောက်နီသေတ္တာတစ်ခုရှိနေသည်။  သေတ္တာအတွင်းတွင် လက်နှစ်ချောင်းစာကျယ်ပြီး
အနက်ရောင် လက်တစ်ဆုပ်စာရှိတဲ့ဓားရှည်တလက်ရှိနေသည်။
    
"ဒီငိုသံက ငါ့ကို ဒီကို ခေါ်လာတာလား ?"
ထိုလူသည် ရွှေဘောင်မှ ဓားရှည်ကို ဆွဲယူကာ
ညည်းညူလိုက်သည်။

ထိုအချိန်တွင် အော်ဟစ်သံများ ရပ်တန့်သွားပြီးနောက်
ချက်ချင်းပင် ကန်းချီ*သည် ဘုရားကျောင်းမှ ဆုတ်ခွာသွားခဲ့သည်။

လေသည် တဟုန်းဟုန်းပြင်းထန်နေကာ
အားကြီးသော သားရဲတကောင်၏ ပါးစပ်ကကျယ်လာပြီး
လူကို စားသောက်ရန် ရွေးချယ်လိုက်သကဲ့သို့一一အဖြူရောင်ဝတ်စုံဝတ်ထားသော အမျိုးသား၏ အင်္ကျီလက်ရှည်နှင့်
ဆံပင်ရှည်များ တိုက်ခတ်ခဲ့သော်လည်း သူသည် ခေါင်းမမော့ဘဲ လက်ကို အပြင်းအထန် မြှောက်လိုက်လေသည်။

အော်ဟစ်သံကိုကြားတော့ လေပြင်းက  အစအနမရှိဘဲ ရုတ်တရက် ပျောက်ကွယ်သွားပြီး မလိုလားအပ်တဲ့
အော်ဟစ်သံတွေသာ ကျန်တော့ကာဘုရားကျောင်းထဲကနေ အပြေးအလွှားထွက်သွားပြီး  ညကြီးရဲ့ အကွာအဝေးတနေရာသို့
ပျောက်ကွယ်သွားခဲ့၏။

Lantern: Reflection of the Peach BlossomsWhere stories live. Discover now