Ep-26

139 17 1
                                    

Unicode

[ကျိုးလောင်တကပြောလာတယ်- "ဆင်းရဲတဲ့ အစိုးရဝန်ထမ်းလေးကတော့ Blind dateသွားရင်တောင် ဇနီးမယား ရှာမရဘူး…"

တပတ်လောက်ကြာတော့ အထူးဌာနခွဲရှိ
လက်အောက်ငယ်သာများသည်
လျောင်ယန်ယွဲ့သို့ရောက်သွားကြသည်။

(T/N-လျောင်ယန်ယွဲ့က ရုပ်ပိုင်ဆိုင်ရာကုသရေးတွေ
လုပ်တဲ့ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတခုပါ
တသီးတသန့်တည်ရှိနေတဲ့ အဖွဲ့တခုပေါ့ )

ကျိုးဟွေးသည်စွတ်ပြုတ်ကိုမြည်းနေရင်ပြောလာ
သည်။
"မင်းဒါကိုတောင်မလုပ်နိုင်ဘူး၊ အားလုံးကMSGတွေကြီးမင်းကလူနာကို
အခြေအနေဆိုးအောင်လုပ်နေတာပဲ။ပြီးတော့ အလှလေးကလည်း အတွင်းဒဏ်ရာရခဲ့တာလေ ကလေးတယောက်မွေးပြီး
နို့မထုတ်နိုင်တဲ့သူလည်းဟုတ်မနေဘူး။ မင်းမှာ
ငါးကြင်းငါးတွေဘာလိုအများကြီး ရှိနေရတာလဲ။"
(MSG-monosodium glutamate)

ယွီကျင်ကျုံး-"...."
ယွီကျင်ကျုံးက နှိမ့်ချစွာဖြင့်
အကြံဉာဏ်တောင်းလာသည်။
"ဒီဟာတွေကိုငါစစ်တပ်ဟိုတယ်က ကြိုမှာထားတာဆိုတော့ ဘယ်လိုလုပ်ပြီး
စားသင့်လဲလို့ မင်းထင်လဲ။"

——ကျိုးဟွေးသည် ဆရာကောင်းတစ်ဦးဖြစ်၏။
   
မင်းအတွက်အရာရာလုပ်ပေးပင်မယ့်
အရာရာတိုင်းမင်းကိုမပြောပြတဲ့ ချုဟယ့်နဲ့တော့
သူကမတူပေ- ချူဟယ့်သည် ဘယ်အရာကိုမှ အထူးစိတ်ဝင်စားခြင်းမရှိသော်လည်း ကျိုးဟွေး၏စိတ်ဝင်စားမှုကတော့ အလွန်ကျယ်ပြန့်သည်။ချူဟယ့်ကတော့ သူဘာကိုစိတ်ဝင်စားလဲဆိုတာကိုမေးနေသ၍တော့ သူ့စိတ်ထဲ ဂုဏ်အယူရဆုံးကိစ္စကိုတောင်
မျှဝေဖို့စိတ်ဝင်စားမှာမဟုတ်ပေ။

"လူနာအတွက်ကအားပေးနှစ်သိမ့်မှုရယ်
သွေးနဲ့ချီစွမ်းအားကိုအာဟာရပြည့်ဝစေဖို့က
အရေးကြီးဆုံးအရာပဲ၊ဟင်းချိုရဲ့ အရေးကြီးဆုံးအချက်ကအရသာကောင်းဖို့
တခုတည်းမဟုတ်ဘူး၊ ဒါပေမယ့်
အာဟာရပြည့်ဝဖို့အတွက် MSG ဟင်းခတ်အမွှေးအကြိုင်တွေအများကြီးထည့်တာက တကယ်တော့ အသုံးမဝင်ဘူး။မင်းမှာ ပိုက်ဆံရှိရင် နှစ်ငါးရာသက်တမ်းရှိတဲ့ဂျင်ဆင်းပင်နှစ်ပင်ကို မင်းဝယ်လို့ရတယ်။ချန်ပိုင်တောင်ပေါ်မှာ ဂျင်ဆင်းပင်အရောင်းဆိုင်အနည်းငယ်ရှိတာကို
ငါသိတယ်၊ ဈေးနှုန်းကအရေးမကြီဘူး၊ ကုန်ပစ္စည်းကအစစ်အမှန်ဖြစ်ဖို့ဘဲလိုတယ်။
ပိုက်ဆံမရှိရင် ကြက်သားနဲ့ ငါးရံ့ကို
အိမ်မှာပဲ မီးနည်းနည်းလေနဲ့ချက်၊ ဟင်းချိုကိုတော့ အရိုးနဲ့အသားတွေ အရည်ပျော်သွားတဲ့အထိ ပြုတ်လိုက်၊အိုးထဲကိုမျှစ်နဲ့Gojiဘယ်ရီသီးတွေကို
ပစ်ထည့်ပြီးတော့ ပန်းကန်သေးသေးတစ်လုံးစာသာ
ကျန်တော့တဲ့အထိနူးအောင်ပြုတ်ပြီးရင်
လူနာတွေအတွက်နေ့တိုင်း
ပန်းကန်လုံးတစ်လုံးသောက်တာကလည်း
အလွန်အာဟာရဖြစ်စေတယ်။"

Lantern: Reflection of the Peach BlossomsWhere stories live. Discover now