Ep-71

103 9 0
                                    

[မှတ်ဉာဏ်တွေပျောက်ကွယ်သွားရင်တောင်
စိတ်ဝိညာဉ်ကတော့ ငါ့ကိုချစ်တဲ့သူဖြစ်နေတုန်းပဲ။]

ရှောင်ဖုန်ဟွမ်က သူ့ခေါင်းကို စောင်းပြီး သံသယတွေအပြည့်ဖြင့် "...ကျွိ?"

ပတ်ပတ်လည်မှာ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက်
ဆီပူဒယ်အိုးထဲကို ရေအေးလောင်းချသလို
ပေါက်ကွဲထွက်သွားတယ်။

"ဇာမဏီငှက်!"

"ဇာမဏီငှက်!"

"အဲဒါက တကယ့် ဇာမဏီငှက်ပဲ!!!"

လက်ကိုင်ဖုန်း၏မီးရောင်သည် တဖျပ်ဖျပ်ခတ်နေပြီး
မီးပင်လယ်ထဲသို့ ကျသွားသလိုပင်။ ယွီကျင်ကျုံးက
ရုံးခန်းထဲကနေ အပြေးအလွှားထွက်လာပြီး-
"ဓာတ်ပုံရိုက်တာတွေ ခဏလောက်တော့မတင်နဲ့ဦး!၊
လျှိုဝှက်စည်းကမ်းချက်ပဲ! ။ Momentမှာမတင်နဲ့!"
တဟုန်ထိုး ပြေးလာတဲ့ခြေသံများကြားမှ သူ့အသံသည်
ချက်ချင်းနစ်မြုပ်သွားသည်မှာ သနားစရာပင်။

"လောင်တ နောက်ဆုံးတော့ ပြန်လာပြီပေါ့!" အဖွဲ့ကလူငယ်တစ်စုသည် ကျားများကဲ့သို့ တောင်ပေါ်မှပြေးဆင်းလာကာ အော်ဟစ်ငိုယိုပြီး သူပေါင်ကို ပွေ့ဖက်ထားကြသည်။

ချောမောသော ယောက်ျားလေးတစ်စုသည်
၎င်းတို့၏လျှို့ဝှက်အလုပ်ကြောင့် ရည်းစားရှာရန်
အခက်တွေ့တတ်သည်။ သူတို့ဘဝတွေက အထီးကျန်ပြီး
ဗလာဖြစ်နေကာ ကိုယ်ပိုင်အလုပ်လုပ်ဖို့နဲ့ ပိုက်ဆံလိမ်လည်ဖို့က အထက်လူကြီးရဲ့နောက်ကို လိုက်နိုင်ကြတယ်။
ကျိုးဟွေးထွက်သွားပြီးနောက် သူတို့သူဌေးနေရာကို
ကျားလော့လော်ဖြင့် အစားထိုးခဲ့သည်။
ရွှေတောင်ပံဂဋုန်ငှက်သည် လေးနက်သောအကြည့်ဖြင့်
အဖေအမေတပြီးငိုတက်အောင်အဖွဲ့သားများ
အားလေ့ကျင့်ပေးခဲ့သည်။ သူတို့သူဌေးက အခုပြန်လာတာကို
မြင်တော့ သူ့တို့အဖေကိုပြန်တွေ့လိုက်ရသလိုဘဲ။


ကျိုးဟွေးက ဖုန်ဟွမ်လေးကို လက်နှစ်ဖက်လုံးမှာ
ကိုင်ထားပြီးတည်ကြည်လေးနက်စွာပြောလာသည်။
"ဒါ မင်းတို့ရဲ့ အဖွဲ့ခေါင်းဆောင်ဖုန်စီပဲ၊ ဒါကို အသိအမှတ်ပြုဖို့
ဒီကိုလာခဲ့.... ရင်းနှီးတဲ့မျက်နှာဆိုရင်အဆင်ပြေတယ်!
မင်းအကြောင်းပြော!၊ ငါတယောက်ပဲထိလိုရတယ်ကွ!"

Lantern: Reflection of the Peach BlossomsWhere stories live. Discover now