Unicode
[ယွီဖုကနောက်ဆုံးတော့ယောကျာ်းတယောက်
ဖြစ်လာပြီ]ကျန်းရွှမ်အော်ဟစ်လာ၏။
" အရိုးတွေကျိုးကုန်တော့မှာပဲ အာာာာာာာာ!!"ကျန်းရွမ်သည် ကောင်းကင်မှ ကျောက်ပြားများ ကြွေကျလာရာသူ့ဦးခေါင်းကိုကာကွယ်ရန်
လက်ကို မြှောက်လိုက်တော့ ၎င်းက သူ့လက်မောင်းကိုပြင်းထန်စွာ
ရိုက်ချိုးကာ ကျောက်ပြားစများသည်
မြေပြင်ပေါ်တွင်ပြန့်ကျဲသွား၏။ ကျန်းအာ့ရှောက်သည် ထိုသို့ရိုက်ချိုးခံလိုက်ရပြီး
ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားကာ
သူ့နောက်ကျောက နံရံကိုထိသွားပြီး
စြင်္ကံအထက်မှ မည်းမှောင်သောအသွင်ပြင်တခုက ချက်ချင်းခုန်ဆင်းလာပြီး သူ့ကို
တဆောင်ဆစ်ဖြင့် ရိုက်ချလိုက်တဲ့အချိန်မှာ
သူ့ပါးစပ်နဲ့နှာခေါင်းတို့ကနေ သွေးများစီးကျလာသည်။"ဗုဒ္ဓအရိုးက ဒီအတိုင်းလိုပဲကော။"
အမည်းရောင်အရိပ်သည် စြင်္ကလမ်း၏ မှိန်ဖျော့ဖျော့ဖျော့အလင်းရောင်အောက်တွင် သူ့မျက်နှာကို ပြသလိုက်ရာ၊ သူသည်ချူဟယ့်နဲ့တစ်ထေရာတည်းတူနေပြီး
ပြုံးတောင်ပြုံးလျက်-"ဘာဘဲဖြစ်ဖြစ်
ကျိုးဟွေးက ငါအတုဆိုတာကိုသူမှတ်မိမှာပဲ။
ဒါပေမယ့်မင်းငါ့ကိုဘယ်လိုလုပ် မှတ်မိသွားတာလဲ"ကျန်းရွှမ်သည်သူ့ကိုအဝေးသို့တွန်းထုတ်ပြီး
စြင်္ကအောက်ကိုပြေးဆင်းခဲ့တယ်။
"မင်းကိုမပြောနိုင်ဘူး ငါ မင်းကိုထပ်ပြောရင်
အလိမ်ခံရအုန်းမယ်!"
လွန်ခဲ့သော နာရီဝက်ခန့်က
ကျိုးဟွေးနှင့်ကျန်းရွှမ်သည်ဆေးရုံသို့
ရောက်ရှိလာသည်။ ကားမရပ်ခင်မှာလူတစ်ဦးက အဆောက်အဦပေါ်ကနေ ပြုတ်ကျသွားကာ "ဘန်း!"ဆိုတဲ့အသံနဲ့အတူ ကားရှေ့အဖုံးက ရိုက်ခွဲခံခဲ့ရတယ်။ကျန်းရွမ်က အံ့အာသင့်သွားပြီး-"အစ်ကို!"
ကျန်းအာ့ရှောက်သည် ကားပေါ်၌ပြေးဆင်းသွားပြီး ချူဟယ့်ကမြေပြင်ပေါ်မှလိမ့်ဆင်းနေတာက
မြင်လိုက်ရပြီး သူကခက်ခဲစွာထရပ်ပြီးနောက်
ပြန်ပြီးလဲကျသွား၏။ ကျန်းရွှမ်သည်ချက်ချင်းပင်
သူ့ကိုထရပ်လို့ရအောင်ကူညီခဲ့ပြီး သူ့မျက်နှာတစ်ဝက်လောက်မှာ
သွေးများဖြင့် ဖုံးလွှမ်းနေကာ
ပါးစပ်မှလည်းသွေးများစီးကျနေပြီး
တုန်ယင်နေကာ အပေါ်ထပ်သို့ညွှန်ပြနေတာကို တွေ့လိုက်ရသည်။
YOU ARE READING
Lantern: Reflection of the Peach Blossoms
ActionMyanmar Translation (Zawgyi+Unicode) Title -提灯映桃花(Lantern: Reflection of the Peach Blossoms) Author - Huai Shang (淮上) Status -75 Chapters + 15 Extras Update-1.12.2022 This Novel isn't my own.It's just a translation.So full credit to the original...