Ep-22

149 20 2
                                    

Unicode

[အမျိုးသားလုံခြုံရေးဌာနကမောက်မအခြေအနေရဲ့
အမှန်တရားထွက်ပေါ်လာတယ်]

စစ်မကော်တီးဆေးရုံ၏ မြေအောက်လေးထပ်မြောက်၌။

လူနာဆောင်သည်တောက်ပစွာ
မီးများထွန်းလင်းနေပြီး၊ တန်ဖိုးကြီးကာ အဆင့်မြင့်သောဆေးဘက်ဆိုင်ရာကိရိယာ
အစုံအလင်တို့သည် ကုတင်ကို ဝန်းရံထားကာ ဒေတာအားလုံးသည် အိပ်ရာပေါ်ရှိ
လူ၏အသက်သေဆုံးနေပြီ ဖြစ်ကြောင်းပြသနေသည်။

一一ဆံပင်အဖြူရောင်နဲ့လူအိုကြီးက မျက်လုံးတွေမှိတ်ထားကာ သူ့မျက်လုံးအောက်ရှိ အိတ်ကြွက်သားများကသိသာထင်ရှားစွာပေါ်လွင်နေသည် ၊ သူ့မျက်နှာတပြင်လုံးသည် ခြောက်သွေ့နေတဲ့ သစ်ပင်အခေါက်လို ညှိနွမ်းနေပြီး အနည်းငယ် ကြောက်စရာကောင်းနေပုံရ၏။
သူ့ဆံပင်ကို အနက်ရောင်ဆိုးထားကာ
ခမ်းနားတဲ့အဝတ်အစားတွေဝတ်တာက
နည်းနည်းလေးလောက်ပိုပြီးအားမာန်တက်ကြွစွာ
ဝတ်စားမယ်ဆိုရင်တော့ နိုင်ငံတစ်ဝှမ်းရှိ လူတော်တော်များများက သတင်းတွေမှာ မကြာခဏဆိုသလို ပေါ်လာတတ်တဲ့ ဒီမျက်နှာကို အသိအမှတ်ပြုကြမည်ဖြစ်၏။
သို့သော်လည်း ယခုအခါတွင်မူ သူသည်မျက်တွင်ချောင်းချနေသောပုံစံဖြင့် ဆေးရုံးကုတင်ပေါ်တွင် လဲလျောင်းနေပြီး။ ဝမ်းနည်းစရာကောင်းလောက်အောင် သေဆုံးသွားတော့မယ်လူလိုဖြစ်လို့နေသည်။

ယွီကျင်ကျုံးသည် မှုန်မှိုင်းနေသော မျက်နှာဖြင့် ဆေးရုံကုတင်ဘေးတွင် ရပ်နေကာ ဆေးကုသနေသော ဆရာဝန်တစ်ဦးနှင့်တူတဲ့ လူတစ်ယောက်သည်လျောက်လာပြီး
မျက်နှာဖုံးကို ချွတ်ကာ ခေါင်းယမ်းပြလေတယ်။

"ဒီအခြေအနေက အရမ်းအကောင်းကြီး
မဟုတ်ဘူး၊အခုပဲ အပေါ်ထပ် ICUခန်းထဲကနေ ကယ်ထုတ်လိုက်တာဆိုတော့ အဖြစ်ပျက်တွေက မြန်လွန်းလို့ အခြေအနေကိုဆိုးဆိုးရွားရွား ဖြစ်စေခဲ့တယ်..."

ယွီကျင်ကျုံးသည် အံ့ကြိတ်ကာ-"ဖုန်စီးကနတ်ဆိုးအရှင်ဖန်းလော့ကိုရှာဖို့ ငရဲလမ်းကိုသွားခဲ့တာ မဟုတ်ဘူးလား။သူကဘာလို့ ဆေးရုံထဲမှာ ရုတ်တရက်ပေါ်လာပြီး ICU အထူးကြပ်မတ်ကုသဆောင်ကို လာရှာတာလဲ။"

Lantern: Reflection of the Peach BlossomsWhere stories live. Discover now