Ep-54

174 17 0
                                    

Unicode
        [ကျိုးဟွေးရဲ့အနက်ရောင်သမိုင်း]

.
.

လျိုလီထျန်း ပိဟိုင်ယွင်ကွမ်းနန်းတော်။

ဖုန်ဟွမ်သည် ပေပေါင်းများစွာမြင့်သော နန်းတော်တံခါးကို တွန်းဖွင့်ကာ
ကျောက်တုံးကိုကျောက်စိမ်းဖြင့်
ရစ်ပတ်ထားသော ဂိတ်တံခါးကို ကျော်တက်သွားသည်။
သူ့ရှေ့မှာတော့ကြေးနီသွန်းလုပ်ထားတဲ့ ရွှေအုတ်တွေနဲ့ မြင့်မားပြီး ကျယ်ဝန်းတဲ့ ခန်းမကျယ်တစ်ခုရှိနေတယ်။အရှေ့ဘက်ရှိ ဗုဒ္ဓရုပ်ပွားတော်များနှင့် နတ်ဘုရားများ၏ ရုပ်ပွားတော်များသည် ပြုံးခြင်း သို့မဟုတ် ဒေါသထွက်ခြင်းစသည့် ကွဲပြားသော အမူအရာများဖြင့် ရှိကြပြီး
၎င်းတို့၏ ရွှေရောင်ကိုယ်လုံးများသည် ကြီးကျယ်ခမ်းနားကာ ကောင်းကင်သို့ တန်းတန်းမတ်မတ် ရှိနေကြသည်။

    
မြင့်မား၍ ကြီးကျယ်ခမ်းနားသော ရွှေရောင်အလင်းတန်းထူထဲနေကာ ကောင်းကင်ဘုံကို လွှမ်းခြုံ၍
အချိန်မရွေးပြိုကျမည့် နတ်ဘုရားရုပ်တုတစ်ခုကဲ့သို့ဖြစ်နေတယ်။ တစ်ချက်တစ်ချက်ကြည့်လိုက်ရုံနဲ့
လူတွေက စိတ်နှလုံးအကြွင်းမဲ့ ခိုလှုံနေပြီး ဒူးမထောက်နေသရွေ့တော့
ကြောက်ရွဲ့မှုကိုခံစားရစေမယ်။
နောက်အခိုက်အတန့်တွင်
အမြတ်ဒေါသနတ်ဘုရားဟာ ဒေါသအရှိန်အဟုန်ဖြင့်ဆင်းသက်လာပြီး မိုကြိုးများပစ်ချ၍  သင့်ရဲ့ဦးခေါင်းကို အပိုင်းပိုင်းကွဲစေပြီး မင်ရဲ့ဦးနှောက်တွေကို မြေကြီးပေါ်မှာ လိမ်းကျံစေမယ်။
(T/N-   အသေးဆိုးနဲ့သေမှာကိုပြောတာပါ)

    
ဖုန်ဟွမ်သည် ထိတ်လန့်စရာကောင်းလောက်အောင် အလွတ်ဖြစ်နေနသော ရွှေရောင်အုတ်ခဲတွေနဲ့
ခန်းမကျယ်ကြီးကို ဖြတ်လျှောက်သွားကာ
အရှင်မြတ်၏ ရုပ်ပွားတော်တစ်ဆူရှေ့တွင်ရပ်၍ အမွှေးနံ့သာတိုင်းကိုမီးရိူ့ပြီးဝတ်ပြုရန်
ခြေတစ်လှမ်း နောက်ဆုတ်သွားခဲ့သည်။

အရှင်မြတ်၏ ရုပ်ပွားတော်ရှေ့တွင် ရွှေရောင်အလင်းတန်းများ ရုတ်တရက် ပေါ်လာသည်။ဟင်းလင်းပြင်၌ ဆယ်ပေကျော်မြင့်သော ကြာပန်းပုလ္လင်သည် ဖြည်းညှင်းစွာ ပေါ်ထွက်လာပြီး ဗာတီသာအရှင်မြတ်သည်
လက်နှစ်ဖက်ကို လက်အုပ်ချီကာ
ထိုင်နေတော်မူ၏။
   
"နောက်ဆုံးတော့ အသင်ဒီကိုရောက်လာပြီပေါ့၊ ဖုန်ဟွမ်မင်ဝမ်"  အရှင်မြတ်သည် မတ်မတ်ထိုင်နေရင်မှ
အနည်းငယ်ကိုင်းညွှတ်၍ပြောလာသည်။
"အသင်က ကောင်းကင်ဘုံကို ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ ကိုယ်တော်ထင်ခဲ့တယ်၊
အခု ကျိုးဟွေးက သင်ကို အပြင်မှာ စောင့်နေတာမလား"

Lantern: Reflection of the Peach BlossomsWhere stories live. Discover now