Ep-62

60 11 0
                                    

[မင်းနဲ့ငါ ငရဲကိုအတူတူသွားမယ်။]

ချူဟယ့်သည် အခွံပေါက်သွားသည်နှင့် ဗုဒ္ဓပြာသည်
သူ့မျက်နှာဆီသို့ အပြေးအလွှားလာကာ ပြင်းထန်သော
နာကျင်မှုသည် သူ့ခန္ဓာကိုယ်ရှိ အာရုံကြောအားလုံးကို
ချက်ခြင်း သုတ်သင်ပစ်လိုက်သလိုပင်။
    
လေမော်လီကျူးများထက် သေးငယ်သော မရေမတွက်နိုင်တဲ့အမှုန်အမွှားများသည် ပေါက်ကွဲတတ်သော အရာများဖြင့် အသွေးအသားကို ဖောက်ထွင်းဝင်ရောက်ကာ
သွေးကြောများနှင့် ရိုးတွင်းခြင်ဆီအတွင်း နက်ရှိုင်းသော
မမြင်နိုင်တဲ့ ပေါက်ကွဲသံများကို ဖြစ်ပေါ်စေကာ၊
စိတ်ဝိညာဉ်၏နက်ရိူင်းရာသို့ ထိုးဖောက်ထွင်းဝင်ရောက်ပြီး 
နတ်ဘုရားဦးခေါင်းကို ပြင်းထန်သော ထိတ်လန့်မှုများကို
ဖြစ်ပေါ်စေသည်။

    
ဒါက စက္ကန့်အနည်းငယ်အတွင်းမှာပဲ ဖြစ်သွားတာ။

ချုဟယ့်သည် ပါးစပ်အပြည့်သွေးများဖြင့် ချောင်းဆိုးကာ လည်ချောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး ကျိုးဟွေးကို စိုက်ကြည့်ကာ အကြာကြီး ဒူးထောက်ထိုင်လိုက်သည်။

တကယ်တော့ သူ့အမြင်အာရုံက မှုန်ဝါးနေပြီး
ကျိုးဟွေးရဲ့ပုံရိပ်ကိုသာ ယောင်ဝါးဝါးမြင်နေရကာ
သူ့မျက်နှာပေါ်ရှိအမူအရာကို လုံးဝမမြင်ရပေ။

— မင်းထွက်သွားရင်တော့ ကိုယ်မင်းကို မလိုချင်တော့ဘူး။

အမှန်ဖြစ်သွားတာပဲ ။
   
—— ထိုအချိန်တွင် ပေါကျစ်အားရှိုးလော်ဘုရင် သည်
သူ့နောက်သို့ ရောက်ရှိလာပြီး ချူဟယ့်သည် လေထဲတွင်
တဝက်တပျက် နာကျင်စွာ ဒူးထောက်လျက်  နတ်ဆိုးအရှင်ကို ကယ်တင်ရန် အလျင်စလို တားဆီးထားသည်ကို
တွေ့လိုက်ရသည်။
    
ဖုန်ဟွမ်မင်ဝမ်သည် အားရှိုးလော်မျိုးနွယ်စုအတွက်
အလွန်ရှုပ်ထွေးသောတည်ရှိမှုတစ်ခုဖြစ်သည်။ 
တစ်ဖက်တွင်မူ သွေးပင်လယ်ကို သုတ်သင်သောအခါ၊ နောင်တော် အားရှိုးလော်မင်းကြီးအား မြှားတစ်စင်းဖြင့်
သတ်ပစ်ပြီး မကောင်းမှုနယ်မြေလေးခုကိုအနှစ်တစ်ထောင်လောက် သွယ်ဝိုက်၍ နှောင့်ယှက်ခဲ့သည်။  တစ်ဖက်တွင်လည်း  သူသည် မကောင်းဆိုးဝါးလေးကောင်၏အကြီးဆုံးရန်သူ
ကျိုးဟွေးကို သစ္စာဖောက်ပြီး လက်ရှိအားရှိုးလော်ဘုရင်ဖန်လော့ ကို ကယ်တင်ခဲ့သည်။
    
သူသည် အပြင်းထန်ဆုံး နတ်ဘုရားများနှင့်အတူ
ကောင်းကင်ဘုံမင်ဝမ်အဖြစ် လူသိများပြီး
အားရှိုးလော်မျိုးနွယ်စုနှင့် ငရဲဘုံရိုးရိုးရှင်းရှင်းပစ်ဒဏ်ချခဲ့သည်။  သို့သော်လည်း အခုသူသည် အားရှိုးလော်မျိုးနွယ်စု
ပြန်လည်ရှင်သန်ရေးအတွက် အရေးကြီးသော
အထောက်အကူများထဲမှ တစ်ဦးဖြစ်သည်ကို ငြင်းဆိုမရနိုင်ပေ။

Lantern: Reflection of the Peach BlossomsWhere stories live. Discover now