Ep-58

122 13 2
                                    


[တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်တဲ့အခါ
သူတို့က သားအဖလိုမဟုတ်ဘဲ
ရင့်ကျက်တဲ့ ဝံပုလွေနဲ့ ငယ်ရွယ်ပြီး သန်မာတဲ့
ဝံပုလွေလေးက  တစ်ယောက်ကို တစ်‌ယောက်
စိန်ခေါ်နေကြသလို ကြည့်နေကြတယ်။ ]

ကျားလော့လော်ဟာ သူ့ဘဝမှာ ဘယ်တုန်းကမှ
မကောင်းမှုတစ်ခုမှမလုပ်ဖူးဘူးလို့ ခံစားမိတဲ့အတွက်
သူ့မှာ ကံဆိုးတက်တဲ့ အစ်ကိုတစ်ယောက်ရှိထားတာဟာ
အံ့သြစရာပဲ။

သို့သော် သူသည် ဗုဒ္ဓတရားကို အချိန်အတော်ကြာအောင် ကျင့်ကြံပျိုးထောင်ခဲ့ပြီး အကြောင်းနှင့်အကျိုးကို
ယုံကြည်ဆဲဖြစ်၏။  စဉ်းစားကြည့်ရင် ဒီဘဝမှာ
သူသည်ဘာအမှားမှ မလုပ်ဖူးဘူးပေ။ 
အရင်ဘဝကတော့ မဟာရဲ့ မိသားစုကို
သူက သတ်ဖြတ်မိခဲ့လို့  အခုမိသားစုဘဝမှာ
သူ့အပေါ်ကို ငွေ ၅ သိန်းအကြွေးတင်ခဲ့ပြီး
ဒီဘဝကတော့ ညီအစ်ကိုတွေအဖြစ်နဲ့
အကြွေးတွေ အများကြီးကို ပြန်ဆပ်နေရတာဖြစ်မည်။
    

ထိတ်လန့်ကြောက်ရွံ့နေသော
ပင်လယ်မြွေတစ်ကောင်သည်
ကျားလော့လော်၏ဦးခေါင်းထက်တွင်ရစ်ပတ်ကာ
သွေးပင်လယ်ပြင်မှ မျက်စီတစ်မှိတ်အတွင်း
ထွက်ခွာလာခဲ့ရပြီး  အချိန်နှင့်နေရာ၏အတားအဆီးကို
ဖြတ်၍  အသုရာလမ်းနှင့် ဆက်သွယ်ထားသည့်
သွေးပင်လယ်၏ အခြားတစ်ဖက်သို့
ရောက်ရှိသွားခဲ့သည်။ယန်မောနန်းတော်သည်
သံဘီးနှစ်ထပ်တောင်တန်း၏ ကြီးကျယ်ခမ်းနားသော
တောင်တန်းတစ်လျှောက်တွင် လေများတိုက်ခတ်နေပြီး
ဤမျှအကွာအဝေးမှ အဆုံးကို တစ်ချက်ကြည့်လိုက်ရုံဖြင့်
မမြင်နိုင်ပေ။
    
သူသည် မြွေကို သွေးပင်လယ်ထဲသို့ ပြန်ပစ်ချကာ
‌ရွှေရောင်တောင်ပံ ငှက်ကြီးတစ်ကောင်အဖြစ်
ပြောင်းလဲ၍ ပင်လယ်ပေါ်တွင် ပျံဝဲကာ
မရေမတွက်နိုင်သော မကောင်းဆိုးဝါးများ၏
မြင်ကွင်းအောက်တွင် နတ်ဆိုးနန်းတော်၏
မျှော်စင်ထိပ်ပေါ်သို့ ဆင်းသက်လာခဲ့၍
မြင်ကွင်းကျယ်သောနေရာကိုရှာပြီး
လူပုံစံပြောင်းကာ အောက်သို့ဆင်းလာ‌‌တော့သည်။
    

ကုန်းပြင်မြင့်၏ နှင်းထူထပ်သော တောင်တန်းများတွင်
နေထိုင်ခဲ့သော ဘုရားသခင်၏ သားတော်
ကျားလော့လော်သည် မကောင်းဆိုမှနယ်မြေလေးခု၏ ကြမ်းတမ်းသော ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိရန်
ခက်ခဲလေသည်။  လေထဲတွင် ပြင်းထန်စွာပျံ့နှံ့နေသော
သွေးနံ့များက သူ့အသက်ရှုခြင်းကို ပိတ်ဆို့ထားစေပြီး 
ညဘက်တွင်လည်းကောင်းကောင်းအိပ်မရကာ
သွေးပင်လယ်ထဲကမြွေသားကိုပင် မစားနိုင်တော့ပေ။
ဖုန်ဟွမ်သည် နတ်ဆိုးနယ်မြေသို့ရောက်သောအခါတွင်
သူနှင့်တွေ့သည်။  ထိုအချိန်တွင် သူသည် နှင်းတောင်သို့
ပြန်သွားရန် အကြံပြုခဲ့သော်လည်း ကျားလော့လော်က
ငြင်းဆိုခဲ့သည်။
    
သူဘာကြောင့်ဒီမှာနေနေလဲဆိုတာမသိ။  မိသားစုသည်
အကွဲကွဲအပြားပြား နေထိုင်လာသည်မှာ ကြာမြင့်ပြီဖြစ်ပြီး
အမှန်တကယ်တော့ သူ ထွက်ခွာမသွားချင်ပေ။

Lantern: Reflection of the Peach BlossomsWhere stories live. Discover now