[မှတ်ဉာဏ်မြစ်ရှည်ကြီးကနေ မင်း ရေအပေါ်ကို
ပြန်တက်လာဖို့အတွက် ငါကိုစောင့်နေချင်တာလား၊
အဘိုးကြီးတစ်ယောက်အနေနဲ့ ငါ့ဆီကိုပြန်လာမှာလား။]ကျိုးဟွေးက ရုံခန်းတံခါးကို လက်နောက်ပြန်ဆွဲပိတ်လိုက်ပြီး ချက်ချင်း လက်ကို ဆန့်ထုတ်လိုက်ကာ
"မြန်မြန် စီးကရက်တစ်လိပ်ပေးစမ်း!"ယွီကျင်ကျုံးသည် ပန်ဒါနီ တစ်ဘူးကို လျင်မြန်စွာ ကိုင်လိုက်ပြီး လက်လွှဲပေးလိုက်သည် ။ ကျိုးဟွေးက မီညှိပြီး ခပ်ပြင်းပြင်းရှူရိုက်ရင်း " ဟူး... ငါ့ကို အသက်ရှူကျပ်ပြီး သေအောင်သတ်နေတာပဲ။ မင်းငါ့ကို ကြည့်စမ်း၊ ဒီတစ်ခု ယူလိုက်တော့မယ် "
ဥမှသည် ငှက်ပေါက်စကလေးအထိ၊ ရှောင်ဖုန်ဟွမ်၏
ထိုလုပ်ငန်းစဉ်အလယ်တွင် လူများနဲ့ မထားခဲ့နိုင်သောကြောင့်ကျိုးဟွေးသည် စီးကရက်စွဲလမ်းမှုကို ယခုအချိန်အထိ
တွန်းလှန်ခဲ့ပြီး နောက်ဆုံးတွင်ရှောင်ဖုန်ဟွမ်ကို
နာရီဝက်ကြာအောင်မျက်စီမှိတ်ကာလွတ်ထားလို့ရခဲ့ပြီ။
ဒီလိုနာရီဝက်လောက်ပဲရတဲ့အချိန် မီးခိုးနံ့တွေ မကုန်မှာကို ကြောက်လို့ ဆေးလိပ်အလွန်အကျွံ မသောက်ရဲခဲ့ပေ။
ယွီကျင်ကျုံးနှင့်ကျန်းရွှမ်နှစ်ယောက်စလုံးက သူ့ကို
တိတ်ဆိတ်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။ သိပ်မကြာခင်မှာပဲ ကျန်းရွှမ်က ရုတ်တရက် အံ့အားသင့်သွားပြီး ပြောလာတယ်။
"... ငါ့အစ်ကို ငယ်ဘဝကနေ အရွယ်ရောက်တဲ့အထိ
အနှစ်တစ်ထောင်ကျော်လောက် အချိန်ယူရဦးမယ်ဆိုတာ ရုတ်တရက် သတိရလိုက်မိတယ်၊ ဒီတော့ မင်းတစ်ယောက်တည်း အချိန်ကုန်မြန်နေတာပေါ့ tsk tsk tsk...""ယောက်ဖ" ကျိုးဟွေးက မှုန်ကုပ်ကုပ်ဖြင့်ပြောလာတယ်။
"ဒီလောင်ဇီက တစ်ချိန်တုန်းက ဗုဒ္ဓကို သတ်ခဲ့တဲ့လူပဲ၊
မင်းနောက်ပြောင်ချင်သေးတာ သေချာလား"ကျန်းရွှမ်သည် ချက်ချင်းပင် ခေါင်းလှည့်ကာ ဘာမှ
မပြောတော့ပေ။ယွီကျင်ကျုံးက တဟားဟားဟားရယ်ပြီး လေထုကို
အဆင်ပြေချေမွေအောင်လုပ်လေသည်၊အမျိုးသားလုံခြုံရေးအဖွဲ့(၆)ဖွဲ့၏လက်ရှိအခြေအနေမှာ ရေရှည်ပျက်ကွက်သူ
နှစ်ဦးအား ဖော်ပြခဲ့ပြီး အနာဂတ်တွင် လူတိုင်းအလှည့်ကျနှင့် ပထဝီဝင်အနေအထားအရ ဖြန့်ဝေနည်းကို ဆွေးနွေးပြီးနောက်၊ ယခု မည်သူမျှမရှိသော ပဉ္စမအုပ်စုနှင့် အဖွဲ့ခေါင်းဆောင်မရှိသော စတုတ္ထအုပ်စုကို စတင်လည်ပတ်ရန် အာရုံစိုက်ရမည်။
YOU ARE READING
Lantern: Reflection of the Peach Blossoms
AçãoMyanmar Translation (Zawgyi+Unicode) Title -提灯映桃花(Lantern: Reflection of the Peach Blossoms) Author - Huai Shang (淮上) Status -75 Chapters + 15 Extras Update-1.12.2022 This Novel isn't my own.It's just a translation.So full credit to the original...