Ep-41

94 14 2
                                    

    Unicode     

          [ငါ့နာမည် ကျားလော့လော်]

    
နီပေါ့၌။

   
နှင်းလိုင်းအထက် မီတာ ၆၅၀၀ မြင့်သော ဧဝရတ်တောင်ရှိ။

တောင်တက်အဖွဲ့တစ်ဖွဲ့သည် ရေခဲမြစ်၏ လေနှင်ဝေးရာဘက်ထဲတွင် စခန်းချခဲ့ကြတယ်။ အဖွဲ့ဝင်အများအပြားသည် မီးခိုးငွေ့မထွက်သော မီးဖိုပတ်လည်တွင် ထိုင်ကာ အနားယူနေပြီး၊ သေနတ်ပစ်ကိရိယာများကို စစ်ဆေးကာ
၎င်းတို့၏ ချီတက်ရာခွန်အားကို ပြန်လည်ဖြည့်တင်းရန်အတွက်အသုံးပြုသည့် ရေဓာတ်ခန်းခြောက်သော အသားများကို အပူပေးကြသည်။

မလှမ်းမကမ်းတွင် လမ်းပြလူငယ်လေးသည် တဲအိမ်ထဲမှ ထွက်လာပြီး ရေခဲမြစ်ကမ်းပါးစွန်းဆီသို့ လျှောက်သွားခဲ့၏။
    
သူသည် ရိုးရာဦးထုပ်ကို ဝတ်ဆင်ထားပြီး
နက်ရိူင်းသော မျက်လုံးတစ်စုံကိုသာ ထုတ်ဖော်ပြသကာ နှာခေါင်းတလျောက်မှ မျက်နှာတစ်ပြင်လုံးကို အဝါရောင်ပတ်တီးဖြင့် ဖုံးအုပ်ထားကာ ပါးစပ် အဟနေရာတစ်ခုသာ ကျန်တော့သည်။
    
သူသည် အရပ်က အလယ်အလတ်မျှသာရှိသော်လည်း သူ၏အရွယ်အစားမှာ အလွန်ရှားပါး၏။  ကုန်းပြင်မြင့် နှင်းလိုင်းအနီးတွင် နေထိုင်သော တိုင်းရင်းသားလူနည်းစုများ၏ ပြင်းထန်ပြီး ခိုင်ခံ့သော လက္ခဏာ တစ်မျိုးရှိကာ တိတ်ဆိတ်ပြီး အစွမ်းထက်တဲ့ နှင်းကျားသစ်တစ်ကောင်လို တည်ငြိမ်ပြီး ခိုင်ခံ့တဲ့ ခြေလှမ်းတွေနဲ့ ရေခဲပြင်ပေါ်မှာ  လျှောက်လမ်းနေတယ်။
    
သူသည် ချောက်ကမ်းပါးစွန်းသို့ လျှောက်သွားကာ
တစ်နှစ်ပတ်လုံး လေနှင့် ဆီးနှင်းများ ဝန်းရံထားသည့် မြင့်မားသော တောင်ထိပ်ကို မျှော်ကြည့်နေသည်။
    
" သူထွက်လာမယ်လို့ ငါပြောခဲ့သာပဲ"
တောင်တက်သမားတစ်ဦးက လှမ်းကြည့်ခြင်းမပြုဘဲ ကင်မရာကို ချိန်ညှိကာဖြင့်-"မီတာ 500 တိုင်း
တောင်ကို ဦးညွတ်တယ်၊သူတို့ ရှအာဘားလူမျိုး
တွေရဲ့ ဓလေ့လားတော့ မသိပါဘူး။ သူက ဧဝရတ်တောင်ကိုတော့ အမေလို့ ခေါ်တာကိုတော့ ကြားလိုက်ရတယ်...။"
(T/Nရှအာဘား၊Engဆိုရင် Sherpaလိုခေါ်တယ်
သူတို့က အလွယ်တကူပြောရရင်နီပေါလူမျိုးတွေပေါ့
ကိုးကွယ်တာက တိဗက်ဗုဒ္ဓဘာသာတဲ့)

Lantern: Reflection of the Peach BlossomsWhere stories live. Discover now