Ep-45

94 16 2
                                    

Unicode
[အသွင်ကူးပြောင်းရေးအခန်းတွေကို ဂရုတစိုက်ဝယ်မယ်一一 တိဗက်ကို အတူတူသွားကြရအောင်။]

လေးရက်အကြာတွင်၊ အမျိုးသာလုံးခြုံးရေး
547ယူနစ် အဆောက်အဦရှေ့၌။

ကျန်းရွှမ်သည် Ferrariကားကို ရပ်လိုက်ပြီး ပေါ့ပေါ့ပါးပါး နေကာမျက်မှန် ဝတ်ထားကာ ဖိနပ်ကိုစီး၍ဘယ်ညာတွင် တာဝန်ကျနေသော ရဲနှစ်ယောက်၏ မျက်လုံးများအောက်၌ဘဲ ဂိတ်ပေါက်ထဲသို့ ဖြတ်၍လျှောက်သွားလေသည်။
    
နောက်အခိုက်အတန့်မှာ "ဘန်း!" ဆိုတဲ့ ကျယ်လောင်သော ယာဉ်တိုက်မှုကြောင့် ကျန်းရွှမ်သည် ရုတ်တရက် ခေါင်းကို လှည့်ကြည့်လိုက်ရာ သူ၏ Ferrariကားသည် တယ်လီဖုန်းတိုင်ထဲသို့ နစ်မြုပ်သွားပြီး
ငွေမှင်ရောင် Cayenneကားက နောက်ဘက်တွင် ပိတ်နေသည်ကို တွေ့လိုက်ရသည်။

ကျန်းရွှမ်သည် သူ့နေကာမျက်မှန်ကိုမယုံကြည်နိုင်စွာ ချွတ်လိုက်ပြီး Cayenneကား တံခါးပွင့်လာသည်ကို တွေ့လိုက်ရသည်။  ကျိုးဟွေးသည် ကားထဲမှ အလွယ်တကူ ထွက်လာပြီး- "ဟမ်? ဘာလို့
ငါ့ဘရိတ်က ပျက်သွားရတာလဲ။"
    
ထို့နောက် Ferrariကား၏ လွတ်နေသော ယာဉ်မောင်းထိုင်ခုံကို လှမ်းကြည့်ပြီးနောက် အံကြိတ်ရင်လမ်းလျောက်လာသောကျန်ရွှမ်း လှည့်ကြည့်ကာ တိုးတိုးလေးပြောသည်။
"....သနားစရာပဲ"

ကျန်းရွှမ်း-"..."
ကျန်းရွှမ်ရုတ်တရက်ပေါက်ကွဲထွက်သွားပြီး-
"မင်းသောက်တမင်သက်သက်လုပ်တာပဲ၊
ဘရိတ်က အလုပ်မလုပ်တာတော့မဟုတ်ဘူး။
ငါ ကားပေါ်မှာရှိနေတယ်လို့ မင်းထင်နေတာ၊ ဖျားနေတာလား စောက်ရူးကောင်ကျိုးရဲ့!"
    
ကျန်းရွှမ်သည် ကျိုးဟွေးကို ရိုက်ရန်
ရှေ့သို့ ပြေးသွားကာ ကျိုးဟွေးသည် သူ့အစ်ကိုကိုအလျင်အမြန်ခေါ်ကာ ပုန်းနေလိုက်သည်။ထွက်သွားဖို့မဖြစ်နိုင်တော့တဲ့
အခိုက်မှာ Cayenneကား၏ တစ်ဖက်
တံခါးက ရုတ်တရက်ပွင့်လာပြီး
ချူဟယ့်က ကားတံခါးကထွက်ကာ
အပြင်ဘက်တွင်မတ်တပ်ရပ်ရင်နဲ့-
"一一တော်ကြစမ်း!"
ကျန်းရွှမ်က ဒါကိုမြင်တော့ သူသည်ဝမ်းသာမျက်ရည်များထွက်လာပြီး - "အစ်ကို၊ မင်းသေသွားပြီထင်နေတာ"
    
ကျန်အာ့ရှောက်သည် သူ့အစ်ကိုကို
လများအတွင်းမှ အခုငပထမဆုံးအကြိမ် တွေ့လိုက်ရတာပင်။  အဲဒီမတိုင်ခင်က အခြေအနေတွေက ဖရိုဖရဲဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်
မဆုံစည်းနိုင်တလား ဒါမှမဟုတ်
ကျိုးဟွေးက ချူဟယ့်ကို အိမ်ကနေထွက်မလာအောင် ထိန်းသိမ်းခဲ့တာကြောင့်လာမသိပေ။ ကျန်အာ့ရှောက်သည် 
သူအလွန်စိတ်အားငယ်နေချိန်တွင်ပင် သူ့အစ်ကိုကိုသံသယရှိခဲ့တယ်။
ကျိုးဟွေးက သူ့အစ်ကိုကို နှုတ်ပိတ်လိုက်ပြီးလာ။ 
ယွီကျင်ကျုံး နှင့် လီဟူတို့သည်
သူ့ကံကြမ္မာကိုမတားနိုင်ခဲ့ပါက ကျိူးဟွေးကိုသတ်ရန် တံခါးဆီသို့ အပြေးအလွှားသွားမည်ဖြစ်၏။
    
သုံးယောက်သား ယူနစ် 547 အဆောက်အဦထဲသို့ လျှောက်သွားကြသည်။ ကျိုးဟွေးက ညည်းညူးကာ ရှေ့မှ လျှောက်သွားသည်။ ကျန်ရွှမ်းက နည်းနည်းနောက်ကနေလိုက်ပြီး ချူဟယ့်ကိုမေးလာသည်။
"အစ်ကို၊ အဆင်ပြေရဲ့လား? နောက်ဆုံးအကြိမ်
ပေကျင်းမှာ တိုက်ခိုက်ခံရတုန်းက
ဒဏ်ရာမရခဲ့ဘူးမလား။"
    
ချူဟယ့်သည် ပါးလွှာသော အနက်ရောင်ဝတ်စုံကို ကြယ်သီး သို့မဟုတ် လည်စည်းမပါဘဲ ဝတ်ဆင်ထားပြီး ပါးပါးလွှာလွှာဖြစ်ကာ ပိန်လှီနေသည်။ လင်းထိန်နေတဲ့ အရပ်မှာတောင် သူ့မျက်နှာက အနည်းငယ် ဖြူဖျော့နေပေမယ့် အနည်းဆုံးတော့ H Cityမှာတုန်းက
သွေးတွေထွက်နေချိန်ထက် ပိုကောင်းနေပုံပင်။  သူက ခေါင်းယမ်းပြီးပြောလာသည်။
"ဒဏ်ရာမရှိဘူး၊ မင်းဘာလို့ဒီကိုရောက်နေတာလဲ။"
    
"အရေးပေါ်အခြေအနေရှိတယ်လို့ လက်ထောက်ညွှန်ကြားရေးမှူးယွီက
ကျွန်တော့်ကို ဖုန်းဆက်တယ်။" 
ကျန်းရွှမ်က ပခုံးတွန့်ကာဖြင့်-
"ကံဆိုးတဲ့ကျိုးမျိုးရိုးနဲ့ မင်းကိုမတွေ့ရတာကြာပြီ၊ ဒုတိယအဖွဲ့ခေါင်းဆောင်ဝူက  အရှေ့မြောက်အရပ်ကနေထွက်ခွာသွားခဲ့လာပေမယ့်သူရောက်မလာသေးဘူး။စန်းကောကကျတော့ ဒဏ်ရာအပြင်းအထန်ရထားပြန်တယ်။ ဒါရိုက်တာယွီက ကျွန်တော်ကတိုက်ပွဲရဲ့
အင်းအာတခု ဖြစ်နိုင်တယ်လိုပြောတယ်လေ၊ ရက်အနည်းငယ်ကြာတိုင်း တာဝန်ထမ်းဆောင်ဖို့ အမျိုးသာလုံခြုံရေယဌာနကိုလာဖို့
တောင်းဆိုခဲ့တယ်....."

Lantern: Reflection of the Peach BlossomsWhere stories live. Discover now