Ep-31

151 18 1
                                    

  Unicode
[အိမ်ထောင်သည်ဘဝက လှည့်ဖြာတက်ကြတာမို့    မင်းအိမ်ထောင်ပြုရင်သတိထား]

ဒီညယွီဖုက မပျော်မရွှင်ဖြစ်နေရုံသာမကပဲ
ရှန်ဝိန်ထျန်းစီးလည်း မပျော်မရွှင်ဖြစ်နေ၏။
    
သူကဖဲသာဆိုဖာပေါ်တွင်
ပြင်းပြင်းထန်ထန်လှုပ်ယမ်းပြီး
ဟိန်းဟောက်လာသည်။
"သက်ရှိဗုဒ္ဓတပါးကို ချည်နှောင်ပစ်တဲ့ ခင်ဗျားတို့လုပ်ရပ်ကလွန်လွန်တယ်ပါတယ်၊
ခင်ဗျားတို့ ဗုဒ္ဓအတွက်အခြေခံ
ရိုသေလေးစားမှုနည်းနည်းတောင်ရှိသေးရဲ့လား"

လီဟူသည် သနားကြင်နာသောမျက်နှာဖြင့် လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားလိုက်သည်။
တိုကပ်ပြီးတင်းရိနေသော စကတ်တိုကို ဝတ်ဆင်ထားတာကြောင့်သူမသည် ကြာပန်းဖြူနှင့်တောင်တူနေသည်။

"အော်မီထော်ဖော် ဗုဒ္ဓဘုရား၊ငါ့ကိုကြည့်စမ်း
ကျိုးလောင်တက မြောက်ပိုင်ဝေ့မင်းဆက်က
ဗုဒ္ဓကိုဖျက်စီးပစ်တယ်၊ ဖုန်စီးကကောင်းကင်ဘုံကို
ပုန်ကန်တယ်၊ လောင်စန်းကဖုတ်ကောင်ပြုပြင်တဲ့သူ၊
ငါကအမြီးကိုးချောင်မြေခွေးနတ်ဆိုး၊
ယွီဖုကတောင် မသန့်ရှင်းတဲ့ဆေးခြောက်တွေကို သောက်ပြီး တခြားသူတွေတွေနဲ့
မကြာခဏ Blind dateလုပ်ပြီး
လိင်ဆက်ဆံတယ်၊ငါတို့က
မင်းကို လေးစားမယ်လို့ ဘယ်လိုများထင်နေရတာလဲ။"

ယွီဖုက ဒေါသထွက်စွာပြောလာသည်။
"ငါ Blind dateမသွားဘူး!"
  
ရှန်ဝိန်ထျန်းစီး-"....."
"မားမား! မားမား!ကျွန်တော်ကိုကူညီပါအုန်း---!"
   
"မင်းမားမားနဲ့ မင်းပါးပါးက အိမ်မှာပျော်ပျော်ရွှင်ရွှင်နေကြပြီးလေ။"  လီဟူကချစ်ခင်နှစ်သက်မှုအပြည့်ပြောလာသည်။
"စကားမစပ် ဖုန်စီးက မင်းမားမားမဟုတ်ဘူး၊
ဒါပေမယ့် သူမှာမိခင်မေတ္တာအပြည့်
လွှမ်းခြုံထားတာဆိုတော့ သူကမင်းကိုကောက်ယူပြီး ရက်အနည်းငယ်ကြာအောင်ကျွေးမွေးခဲ့တာပဲ
ရှိတယ်။တိဗက်ဒေသကနေ  lamasကြီးတွေကပြန်လာတောင်းဖို့
တစ်ယောက်ယောက်ကိုစေလွှတ်တဲ့အချိန်တုန်းက
နို့မှုန့်ကို သြစတြေးလျကနေ ဝယ်ယူနေရတုန်းပဲလေ၊
အဲဒီနို့မှုန့်တွေကို အမေရိကန် ဒေါ်လာနဲ့ အဆင့်သုံးဆင့် ထုပ်ပိုးခံထားရတာ။"

Lantern: Reflection of the Peach BlossomsWhere stories live. Discover now