Ep-68

104 13 1
                                    


ကျိုးဟွေးသည် ရေခဲမြစ်ထိပ်ရှိ ဘုရားကျောင်းတွင်
ခဏတာ နေထိုင်ခဲ့သည်။

သူသည် ကောင်းကင်နှင့်မြေပြင်၏ တားမြစ်နယ်မြေတွင်
နေထိုင်နိုင်သည့် ပထမဆုံး ငရဲနတ်ဆိုး ဖြစ်နိုင်သည်။  ကောင်းကင်ဘုံရှိ ရာဟန်များသည် ဘုရားကျောင်းရှိ
အခြေအနေကိုထောက်လှမ်းနိုင်စွမ်းမရှိလို့လား
ဒါမှမဟုတ် သူတို့သိရင်တောင် သူတို့ကသတ္တိမရှိကြလို့လား။  အတိုချုပ်ပြောရလျှင် မည်သူမျှ သူ့ကို မနှောင့်ယှက်ဘဲ
သူ့တယောက်ထဲ နေနေလေသည်။
   
ရှေးကျပြီး အထီးကျန်ဆန်သော ရေခဲနှင့် ဆီးနှင်း
ကြားတွင် အချိန်ဖြတ်သန်းမှုကို လျစ်လျူရှုရန်မှာ
အမှန်တကယ်ပင် မလွယ်ကူလှပေ။  ဦးခေါင်းထိပ်သည် ကောင်းကင်ပြင်ကျယ်ကြီးဖြစ်ပြီး နှင်းတောင်များသည်
ခြေရင်းတွင် ဧရာမနဂါးကြီးကဲ့သို့ပျံဝဲနေသည်။ 
နဂါးငွေ့တန်းအောက် ဒေါင်လိုက်နှင့် အလျားလိုက်
ဆန့်တန်းကာ တောက်ပသော အလင်းတန်းတစ်ခု
ထွက်ပေါ်လာသည်။
    
ခန်းမလွတ်ထဲမှာ ထိုင်ရင်း ကျိုးဟွေးက အဝေးကို ပြန့်ကျဲနေတဲ့ ငွေဖြူကြမ်းပြင်ကြွေပြားများတန်းတွေကို ကြည့်နေတယ်။
လသည် ကောင်းကင်ကို ဖြတ်ကျော်ကာ အမှောင်လမ်းဆုံတွင် အလင်းနှင့်အရိပ်များရွေ့လျား၍ သူ့၏အထီးကျန်ပုံကို
ထင်ဟပ်စေသည်။

"ဒါက မင်းနေခဲ့တဲ့နေရာလား။"  ကျိူးဟွေးက သူ့ရင်ခွင်ထဲက
ဥကို မေးလိုက်တယ်။

"တကယ် အထီးကျန်တာပဲ"  သူက ရေရွတ်လာသည်။
    
ချောမောခန့်ညားသော ငရဲနတ်ဆိုးသည် နှင်းဖြူကျောက်စာတိုင်များကို ဖြတ်ကျော်ကာ အေးစက်နေသော နံရံ၏လက်မတိုင်းကို ဖြတ်သွားခဲ့သည်။  ဖုန်ဟွမ်သည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ဤကဲ့သို့ လုပ်ဆောင်ခဲ့ပြီး မရေမတွက်နိုင်သော
ညများစွာတွင် တူညီသောလမ်းကို လျှောက်လှမ်းကာ
တူညီသောနံရံကြွေပြားများကို ထိတွေ့၍ ထိုအခိုက်အတန့်ကို ဖြတ်သန်းသွားပုံရသည်။  ရှည်လျားသောမြစ်အဝေးမှ
ဖုန်ဟွမ်မင်ဝမ်ကို လှမ်းကြည့်ရင်းတစ်ယောက်နဲ့တစ်ယောက် မျက်လုံးတွေက ရှုပ်ထွေးမှုများ ပြည့်နှက်နေတယ်။

Lantern: Reflection of the Peach BlossomsWhere stories live. Discover now