Unicode
'ခေါင်းဆောင်သီးသန့်စုဆောင်းထားတဲ့ နွေဦးဆေးမဟုတ်လား?ပြောတော့လမ်းမှာ
ချောမောခန့်ညားတဲ့လူတယောက်နဲ့ဆုံလို့
သူ့ကခေါင်းဆောင်ကိုငြင်းဆန်ရင်ဘယ်နေရာဖြစ်ဖြစ် သူ့ကိုခေါင်းဆောင်ဘက်ပါလာအောင် အဲဒီဟာတွေနဲ့ပစ်မယ်ဆို......'.
ကျိုးဟွေးသည် ထက်မြတ်ပြီးရဲရင့်သောသူဖြစ်မှန်
လိဟူကောင်းစွာသိသည်။ထိုအပြင် သူတို့သုံးဦး --
ကျန်းရွှမ်၊ ချူဟယ့်နဲ့မကောင်းဆိုဝါးများကြာတွင်
အဆင်မြင့်မားစွာ ပြုစုပျိုထောင်ခံခဲ့ရသော
သူမကိုယ်တိုင်သည်ပင်----ပါဝင်ပေါင်းစပ်ပြီး
တိုက်ခိုက်ရင်တောင် သူတို့ကနတ်ဆိုးအရှင်၏
မျက်လုံးထဲတွင် ဟင်းပန်းကန်တခွက်ထက်
မပိုပေ။တံဆိပ်တဝက်အပိတ်ခံထားရသော
နတ်ဆိုးအရှင်သည် သူ့ခေတ်တွင်တော့ ကျိုးဟွေးရှေ့၌တခြားဟင်းတမျိုးသာဖြစ်ရမည်။အများစုမှာ နတ်ဆိုးအရှင်၏ ဟင်းပွဲဟုခေါ်သော
အရိုးများသည် ဝါးမြိုရန် အလွန်ခက်ခဲကြပြီး ၎င်းတို့သည် ဆူးပင်များကိုမြိုချရန်ထက်
အနည်းငယ် ပိုခက်ခဲသော်လည်း အဘက်ဘက်မှာ
သန်မာသောခွန်းအားနှင့် အားနည်းမှုအနေအထား
သည် ပြောင်းလဲမည်မဟုတ်ပေ။
ကောင်းကင်ဘုံ ကိုးဘုံမှစ၍ ငရဲဘုံအထိ
စစ်မှန်သောနတ်ဘုရားများနှင့် ဗုဒ္ဓများအပြင်
ကျိုးဟွေး၏ ပြိုင်ဘက်မှာတခြားမည်သူဖြစ်နိုင်
မည်နည်း။ဒါပေမယ့် အခုကျိုးဟွေး၏ မျက်နှာအသွင်အပြင်က
သူ့မျက်နှာကိုလက်သီးနဲ့ထိုးချသည်ကိုခံလိုက်သလို
မျိုးခံစားချက်ကို ကျန်းရွှမ်ရနေသည်။မဟုတ်သေးဘူး ကျိုးဟွေးကတယောက်ယောက်ကို
ပေါ့ပေါ့တန်တန်သဘောထားပြီး
ထိုးကြိတ်နေသလိုမျိုးကိုပြောရမလား၊
အားနည်းပြီး နာခံမှုရှိတဲ့ပုံပေါက်တဲ့လူတယောက်က ရုတ်တရက် Super Ultraman ဖြစ်သွားပြီး၊
သူ့ကို မီတာ ရာနဲချီတဲ့အကွာအဝေးကို ကန်ထုတ်လိုသလိုမျိုး--- အဲလိုခံစားနေရတာပင်။ကံကောင်းထောက်မစွာနဲ့
ယောက်ျားလေးတယောက်ကို ပိုးပန်းနေခြင်းမှ
ငြင်းပယ်ခံရမှု၏ ရှက်ရွံ့မှုအခြေအနေများသည် စက္ကန့်အနည်းငယ်အတွင်း ကျိုးဟွေးထံမှ ပျောက်ကွယ်သွားလေသည်။ သူကရယ်တောင်ရယ်ပြီးပြောလာသည်။
" ဓားကိုအရင်ချထားလိုက် ကိုယ်အနားမလာ
တော့ဘူး....မင်းဓားကိုအရင်ချထားသင့်တယ်နော်၊
ဓားကိုချထားလိုက် မင်းဒီလိုမျိုးလုပ်နေရင်
သွေးက ဆက်ထွက်နေအုန်းမှာပဲ။ "
YOU ARE READING
Lantern: Reflection of the Peach Blossoms
ActionMyanmar Translation (Zawgyi+Unicode) Title -提灯映桃花(Lantern: Reflection of the Peach Blossoms) Author - Huai Shang (淮上) Status -75 Chapters + 15 Extras Update-1.12.2022 This Novel isn't my own.It's just a translation.So full credit to the original...