Ep-63

105 11 1
                                    

[မိုက်ခရိုဝေ့တွင် ဇာမဏီဥများကို ဖောက်ခြင်း]

မြို့တော်အလယ်၏ မြင့်မားသောနေရာ၌
လျှပ်စီးကြောင်းများဖြင့် ဖုံးလွှမ်းသွားကာ
ထူထပ်သော လျှပ်စစ်တိုင်များမှ တောက်ပသော
အလင်းရောင်များ ရုတ်တရက် ထွက်ပေါ်လာသည်။

၎င်းတွင်ပါရှိသော ပေါက်ကွဲစေတတ်တဲ့ စွမ်းအင်သည်
အလွန်ပြင်းထန်သောကြောင့် အလင်းသည်
လျှပ်စီးကြောင်းထက် အဆပေါင်းများစွာ
ကျော်လွန်သွားပြီး၊ ဘက်ပေါင်းစုံမှ ဟာရီကိန်း
ပေါက်ကွဲသကဲ့သို့ လျင်မြန်စွာ ကျယ်ပြန့်လာသည်။
    
ကျယ်လောင်သောဆူညံသံများနှင့် ပြင်းထန်သော
ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော အလင်းရောင်တွင်
နတ်ဆိုးအရှင်၏မျက်နှာသည် ကွဲအက်သွားပြီး
တိတ်တဆိတ် ပျောက်ကွယ်သွားကာ နှလုံးသားတစုံနဲ့
မီးခိုးရောင်စိတ်ဝိညာဉ်၌ ရစ်ပတ်ထားသည့်
နတ်ဘုရားဦးခေါင်းသာ—ထူထဲနေသောမှင်ရောင်ရှိတဲ့ လက်သီးဆုပ်အရွယ်တောက်လောင်နေသည့်
အလင်းတန်းတစ်ခုသာ ကျန်တော့သည်။

ချူဟယ့်၏ ပါးပြင် နောက်ကျော နှင့် လက်များ
အားလုံးသည် ပြင်းထန်သော မိုးကြိုးဒဏ်ကြောင့်
အမာရွတ်များရှိနေပြီး  သူ့လက်ဖဝါးများမှ
သွေးများစွန်းထင်းနေကာ လက်ချောင်းလေးများနှင့် လက်သူကြွယ်တို့တွင်  အဖြူရောင်အရိုးများထိ
ပေါ်လွင်နေသည်။
    
သူသည် အနက်ရောင်အလင်းတန်းကို ဖမ်းကိုင်လိုက်ပြီး
ကျိုးဟွေး ရှိရာနေရာကို သွားနိုင်ရန်အတွက် သူ့ခေါင်းကို
မြှောက်ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။  သို့သော်လည်း
မြေပြင်ကို အညှာမတာမဲ့စွာ ရိုက်ခတ်လာသော
ထောင်ပေါင်းများစွာရှိနေတဲ့ကြာပွတ်များကဲ့သို့
မိုးကြိုးများသည် သူ့အကြည့်အောက် နေရာတိုင်း၌  ရှိနေသည်။

.....ဒါ့ပြင် ချူဟယ့်ကလည်း နောင်တရမှု၊ မိမိကိုယ်ကို
စိတ်ဓာတ်ကျမှုနှင့် ပျော်ရွှင်မှုတို့ ရောနှောနေသော
အတွေးများက သူ့နှလုံးသားထဲမှာ ဖြတ်သန်းသွားခဲ့တယ်။
    
ဒီလို ရှက်စရာကောင်းတဲ့ အကြည့်မျိုးက အရမ်းရုပ်ဆိုးရမယ်။

သူ့ကိုမမြင်စေချင်ဘူး။

ချူဟယ့်သည် သူ့ခြေဖဝါးကိုရုန်းကန်ရင်တုန်ခါနေသော
မြင့်မားတဲ့ကောင်းကင်ထက်သို့ ပြေးသွားခဲ့သည်။ 
သူ့နောက်တွင် လျှပ်စီးကြောင်းအဖြစ်မှ
ပြင်ထန်သောရေစီးကြောင်းအသွင်ပြောင်းကာ
အနီးကပ်လိုက်လာ၍ တလမ်းလုံး၌ ထွက်ပြေးရန်
နောက်ကျနေသော မရေမတွက်နိုင်တဲ့ အားရှိုးလော်မျိုးနွယ်
များကို အသားအပိုင်းအစအဖြစ်သို့ ဖြိုခွဲပြီး
ငရဲသားသန်းပေါင်းများစွာ၏ အသွေးအသားများ
ရော‌နှောကာ အမှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။
    
ဖုန်ဟွမ်၏ အမာရွတ်များရှိနေသော ခန္ဓာကိုယ်သည်
လေပြင်းတိုက်ခတ်နေရာတွင် အရှိန်အဟုန်ပြင်းပြင်း
ပြေးလွားနေခဲ့ပြီး သူ့လက်ထဲတွင်ရှိသော အားရှိုးလော်ဘုရင်၏
နတ်ဘုရားဦးခေါင်းကြီးသည် နောက်အခိုက်အတန့်တွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သာ်---- ကောင်းကင်၏အဆုံးတွင် အချိန်နှင့်နေရာကွာဟချက်တံခါး
ပွင့်လာပြီး လျှပ်စီးကြောင်းနှင့် မီးတောက်များအကြား
ချူဟယ့်သည် ထိုနေရာသို့အမြန်ဝင်သွားခဲ့၏။

Lantern: Reflection of the Peach BlossomsWhere stories live. Discover now