Ep-56

222 23 0
                                    

Unicode
(ဒီအခန်းT/Nတွေ များများလာပါတဲ့အတွက်
ကြိုတင်တောင်းပန်ထားတာပါ၊  အိုင့်ရေးထားတာရှင်းရင်မဖတ်လည်းရပါတယ်
မရှင်းရင်တော့ T/Nကိုဖတ်လို့ရပါတယ်ချစ်တို့၊
ချစ်တို့ရဲ့ စိတ်တိုင်းကျပါ)

       [လျှို့ဝှက်ချက်တွေရဲ့အဆုံး]

နတ်ဘုရားများနှင့် ဗုဒ္ဓရုပ်ပွားတော်များ
ပျောက်ကွယ်သွားသကဲ့သို့ ဗုဒ္ဓခန်းမဆောင်ကြီးအတွင်း တိတ်ဆိတ်ငြိမ်သက်နေကာ အဆုံးမရှိသောအသံများကလေလှိုင်းထဲတွင် ပျက်ပြယ်သွားကာဘာသဲလွန်စမှ မရှိတော့ပေ။

ဖုန်ဟွမ်ကရုတ်တရက် တစ်ခုခုမှားသွားသလို ခံစားလိုက်ရတယ်။
    
သူ မျက်မှောင်ကြုတ်လိုက်ပြီး ဒီအခိုက်အတန့်မှာ သူ့ရှေ့က ရွှေစင်ကြြွေပားကြီးပေါ်ရှိ
အလင်းတန်းကနေ အရိပ်မှိုင်းမှိုင်းတခု
ထွက်ပေါ်လာပြီး သူ့ပုံသဏ္ဍာန်ကို တဖြည်းဖြည်းပြလာဖို့ အချိန်အတော်ကြာခဲ့တယ်။
    
"—ဗာတိသာအရှင်မြတ်လား"
  ဖုန်ဟွမ်က တအံ့တသြနဲ့ မေးလာတယ်။
    
ဗာတိသာအရှင်မြတ်ကိုကြည့်ရတာ အလွန်ရှက်ရွံ့နေရှာပုံရပြီး
မျက်အိမ်ပြိုနေကျကာ အသားအရည်က
ပြာနှမ်းနေပြီး ဖောင်းလာကာ
မျက်နှာ အရေပြားသည်လည်း ရှုံ့တွနေ၏။  ကောင်းကင်နှင့် လူသားများက
စတင်ယိုယွင်ပျက်စီးသွားပုံရသည်။ 
သို့သော်လည်းဖုန်ဟွမ်သည်
ဗာတိသာအရှင်မြတ်အား
နှစ်ပေါင်း ထောင်သောင်းချီ၍ ပျော့ညံ့ခဲ့ခြင်းမဟုတ်ကြောင်း သိခဲ့ပြီး ယခုအခါတွင်တော့ မဖြစ်နိုင်တော့ပေ။ 
သူသည်ချက်ချင်း သူ့အရှေ့ကိုင်းချကာ-  "အရှင်မြတ်ဘာဖြစ်သွားတာလဲ"
    

“….....” ဗာတီသာအရှင်မြတ်က သူ့ကို တည့်တည့်စိုက်ကြည့်ပြီး ပါးစပ်ကို
ဖွင့်လိုက်တယ်။

"အရှင်မြတ်?"

ဗာတိသာအရှင်မြတ်သည် တခဏမျှ အသက်ပြင်းပြင်းရူကာ
သူလက်ကိုဆန့်ထုတ်ပြီး ဖုန်ဟွမ်လက်ပေါ်မှ  ချည်နှောင်ထားသောကြိုးနီရောင်ရှိ
ဗုဒ္ဓအရိုးကို ယူကာ သူနားထင်၌ ချိတ်လိုက်သည်။
   
မှေးမှိန်တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခုသည်
သူ၏ ဦးနှောက်မှလက်ချောင်းထိပ်များ
တစ်လျှောက် ချိတ်ဆွဲသွားပြီး နောက်ဆက်တွဲအနေဖြင့် ဗုဒ္ဓအရိုးပေါ်တွင်  ဖုံးလွှမ်းသွားသည်။  ထိုအချိန်တွင်
ဗုဒ္ဓ၏အရိုးတော်တစ်ခုလုံးက
လင်းထိန်တောက်ပသွားပြီးနောက် ရွှေရောင်အလင်းတန်းသည်
ရိုးတွင်းခြင်ဆီအတွင်းသို့ကျရောက်သွားကာ ဘာမှမဖြစ်သကဲ့သို့ လျင်မြန်စွာငြိမ်းသွားလေသည်။
   
ဗာတိသာအရှင်မြတ်ကအက်ကွဲစွာပြောလာသည်။
"ကျေးဇူးပြုပြီး ကာကွယ်ပေးပါ...."
  
ဖုန်ဟွမ်က အံ့ဩတကြီးဖြင့်- "ဒါဘာလဲ"
    
ဗာတိသာအရှင်မြတ်သည်
ဖုန်ဟွမ်၏နားရွက်နားကို
ကိုင်းချလိုက်ပြီး သူ့အသံက အလွန်ပျော့ပျောင်းနေကာ
သေချာနားထောင်လျှင်
အမြီးဖျားကတုန်ယင်ခြင်းကို သတိပြုမိနိုင်သေးသည်။

Lantern: Reflection of the Peach BlossomsWhere stories live. Discover now