Ep-15

199 26 0
                                    

'မင်းဝမ်စစ်စစ်ကသုံးကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့တယ်'

-
—— ရှေးဟောင်ဖီးနစ်ရဲ့အလွန်ဆိုးဝါးတဲ့
အသွင်အပြင်။
 
ကျိုးဟွေးက လူတိုင်ကို သူအနောက်သို့ဆွဲယူလိုက်ပြီး
အသံတိုးတိုးနဲ့ပြောလာသည်။

" ဒီနေရာကနေ ဝေးနိုင်သမျှဝေးဝေးသွား
နောက်ပြန်လှည့်မကြည့်နဲ့ ပိုကောင်းကို
မင်းယူသွားလိုက်။ "

အမြီးကိုးချောင်းမြေခွေးကလည်း တိုးတိုးလေ
ပြောလာသည်။
"ဖီးနစ်မှာ ဒေါသဖြစ်တဲ့စိတ်အခြေအနေမရှိဘူးလို့
နင်ပဲပြောတာမဟုတ်ဘူးလား"

"ဖီးနစ်မင်ဝမ်မှာတော့မရှိဘူး၊ ဒါပေမယ့်
ရှေ့ဟောင်းနတ်သားရဲမှာတော့ရှိတယ်။
သူ့ရဲ့လက်ရှိ ခွန်အားက အရမ်းအားနည်းလွန်းတာကြောင့် ဒီလိုမျိုးဆိုးဝါးတဲ့မျက်နှာထားမျိုး ကြာရှည်မခံပေမယ့် အဲဒါပေါ်လာတဲ့အချိန် အရမ်းကြောက်စရာကောင်းနေသေးတယ်။
နှောက်နေတဲ့ ရေထဲကို ဆွဲချဖို့မလုပ်စမ်းနဲ့။"

အမြီးကိုးချောင်းမြေခွေးသည် အဝေးကို မကြည့်တော့ဘဲ သားရဲတကောင်ကဲ့သို့ပင် အနည်းငယ် သည်းမခံနိုင်ပုံရတယ်။
"ဖက်တီးဟွမ် အဲဒါက....."

ကျိုးဟွေး-" မမေးနဲ့ သွားတော့!"

ချူဟယ့်သည် လှည့်ကာ နံရံတွင် အကပ်ခံထားရသော မဟာဆီသို့ လျှောက်သွားလေသည်။

သူ့မျက်နှာသည် ပုံမှန်မဟုတ်တော့ပေ။  ဖီးနစ်အမှတ်အသား (တက်တူး) သည် ခန္ဓာကိုယ်တစ်ဝက်ကိုထိုးဖောက်ဝင်ရောက်သွားခဲ့ပြီ။ငှက်မွေးအတောင်များသည်လည်း မျက်နှာတစ်ဖက်သို့ ကြွေကျလာပြီး ထူးဆန်းသော ရွှေရောင်အလင်းတန်းများ တောက်ပနေကာ အေးခဲပြီးဖြူဖျော့နေသောအသားအရေကို ဆန့်ကျင်၍ အထူးအဆန်းဖြစ်နေပုံရသည်။  မျက်လုံးများသည် ညိုမဲပြီးမည်းမှောင်ကာ အေးစက်နေပုံရသည် သဘာဝမကျသော အရာတစ်ခုကဲ့သို့ပင် မဟာကို
ဘာစိတ်ခံသားချက်မှမပါပဲ စူးစိုက်ကြည့်နေသည်။

မဟာသည် ပါးစပ်ဖွင့်ပေမယ့် အသံထွက်မလာပေ။

သူ မျက်လုံးကို တင်းတင်းမှိတ်လိုက်ပြီး နောက်တစက္ကန့်တွင် သူ့ဝမ်းဗိုက်ကို ထိုးဖောက်ဝင်ရောက်နေသော
မိုးပြာရောင်မြှားကို ဆွဲထုတ်လိုက်သည်။
မြေကြီးပေါ်သို့အသားထဲမှထွက်ကျလာသော
သွေးစီးကြောင်းများကို ထုတ်လွှတ်ပြီးနောက် သူ၏လည်ပင်းသည်တွန့်လိမ်သွားကာ မြားတံကိုပစ်ထုတ်လိုက်လေသည်။

Lantern: Reflection of the Peach BlossomsWhere stories live. Discover now