Ep-55

147 16 0
                                    

Unicode
[ဖုန်ဟွမ်မင်ဝမ်သည် နှစ်ပေါင်းထောင်ချီ၍
ပြန်မလာခဲ့ပေ၊  သူပြန်ရောက်လာသောအခါတွင်
ဗုဒ္ဓနှင့်မည်မျှကင်းကွာသွားသည်ကို မသိပေ။]

.
.

ဖုန်ဟွမ်သည် သဖန်းပင်မဟုတ်ပါက
အနားယူမည်မဟုတ်၊ကျင့်ကြံခြင်းမရှိပါက အစာမစားသလို၊ ချိုမြသောနွေဦးရာသီ
မဟုတ်ပါက ရေမသောက်ပေ။
    
ကျိုးဟွေးသည် လျိုလီထျန်းရောက်တဲ့အထိ
သတိမထားမိသေးပေ။   အထက်ပါ အလေ့အထများအားလုံးသည်
ဇာမဏီငှက်၏အစစ်အမှန်
ရုပ်သဏ္ဍာန်တွင်သာ တည်ရှိနေ၏။  ရုပ်သဏ္ဍာန်အဖြစ်သို့
ပြောင်းလဲပါက သန့်စင်ရန်လိုအပ်ပြီး
ငါးအညစ်အကြေးများကိုလည်း
ရှောင်ရှားရန် လိုအပ်သည်။
    
သို့ရာတွင် သန့်စင်ခြင်းနှင့် ငါးအညစ်အကြေးများကို ရှောင်ကြဉ်ခြင်းသည် ငရဲဘုံ သွေးပင်လယ်တွင် မဖြစ်နိုင်သောအရာများဖြစ်သည်။  ထို့ကြောင့် ဖုန်ဟွမ်သည် ပုကျိုးတောင်၌ရှိစဉ်တွင် ရေတစက်မှမထိခဲ့ပေ။  ကံကောင်းထောက်မစွာ
သူ့အစားအသောက် လိုအပ်ချက်က အလွန်သေးငယ်လုနီးပါဖြစ်တာမို့
ဘာပြဿနာမှ မရှိပေ။
    
လျိုလီထျန်းအပြင်ဘက်မှာ ဘာမှမရှိတဲ့ မြေပြင်ကျယ်ကြီးတစ်ခုဖြစ်ပြီး
လေက လွင်ပြင်ကိုဖြတ်ကာ တိတ်ဆိတ်နေတဲ့လေထုနဲ့အတူ
ကောင်းကင်ပေါ်ကိုပြေးသွားတယ်။
မြေသားလျှောစောက်ပေါ်တွင်
ရပ်ကာ မိုးကုပ်စက်ဝိုင်းကို တစ်ချက်ကြည့်နိုင်ပြီး
အဆုံးမရှိ ကြည်လင်နေသော မိုးပြာရောင်တောက်တောက်က
ကောင်းကင်နှင့် မြေပြင်၏လမ်းဆုံတွင် တောက်ပနေ၏။နေဝင်သည်နှင့် လထွက်သောအခါ၊အလွန်တရာ ကြီးကျယ်ခမ်းနားလှသော
ရောင်ဝါများကတရစ်ရစ်ဝဲကျန်နေသည်။

    
ကောင်းကင်ဘုံ၃၃လွှာတွင် ကြီးကျယ်ခမ်းနားသော
ရှုခင်းများစွာရှိသော်လည်း
၎င်းတို့အားလုံးကို ကောင်းကင်အပြင်ဘက်ရှိ လူဆိတ်ညံသောနေရာများတွင် ဝှက်ထားသည်။  ကျိုးဟွေးသည် ရေမှန်မှတစ်ဆင့် ရွှီမိတောင်၏ မြင်ကွင်းကို မြင်ဖူးသည်။  အနက်ရှိုင်းဆုံးသော ခံစားမှုမှာ လှိုင်းထနေသော တောင်ကြီးကဲ့သို့သော ဧရာမ အဆောက်အအုံများ၊ ရွှေနှင့် ကျောက်စိမ်းများထွင်းထုထားမှုများ၊ ဆင်စွယ်အလှဆင်မှုများနှင့် စမ်းရေတွင်းများပင်လျှင် အလွန်ခမ်းနားထည်ဝါသော
ကျောက်စိမ်းတုံးများ ပြည့်နှက်နေသည်။
    
ဖုန်ဟွမ်သည် ဘုရားကျောင်း၏ ဇိမ်ခံပတ်ဝန်းကျင်နှင့် ပိုအဆင်ပြေမည်လားဟု တစ်ချိန်က သူတွေးတောခဲ့ဖူးသော်လည်း ဖုန်ဟွမ်သည် တောထဲမှာဆောက်ခဲ့သော အိမ်သေးသေးလေးတွင် နေခဲ့သည်က
ကြည့်ရတာအလွန်အေးချမ်းလှသည်။

Lantern: Reflection of the Peach BlossomsWhere stories live. Discover now