Ep-7

1.4K 102 0
                                    

အပိုင်း(၇)

စွဲညှို့ အိမ်ထဲဝင်ရန်အိမ်တံခါးဖွင့်လိုက်ချိန်တွင် ဖိနပ်စင်နားတွင်  အိမ်နေရင်းကြောင်ရုပ်အမွှေးပွဖိနပ်လေးတွေ့လိုက်ရသည်...

ဘယ်ချိန်ကရောက်နေသည်မသိ....စွဲညှို့ အိမ်ထဲဝင်လာတော့...ဆိုဖာပေါ်တွင် လက်ကလေးပိုက်လျက် တဖက်ကိုလှည့်နေသော ပေါက်စလေး...

သွားများပေါ်သည်အထိ ရယ်မိလိုက်သည်
"ဘာတေဒီလောက်တောင်ရယ်နေရတာလဲ..."လက်လေးပိုက်လျက်ပြောလာတဲ့ပေါက်စကိုကြည့်ကာ

"ပေါက်စ ဘယ်တုန်းတည်းက အိမ်ထဲရောက်နေတာလဲ....."

"မိန်းမမယူတော့ဘူးလား လို့ပြောတဲ့အချိန်တည်းက.."
စွဲညှို့ပြန်စဉ်းစားလိုက်ပြီးမှ...

"ဪ."

"မဪနဲ့....ကျေနပ်နေတာလား..."

"ဘာကိုလဲ..."

"ငါ့ညီမပေးစားတဲ့သူနဲ့ ယူမယ်ဆို‌တော့လေ..."

"အဲ့တာနဲ့ဘာဆိုင်လို့တုန်း ပေါက်စရဲ့..."

"ခေတ်နဲ့ အခုအဆင်ပြေတာဆိုလို့ လူကြီးပဲရှိတာလေ..."

"အဲ့တော့ လူကြီးက ခေတ်အကိုနဲ့ ယူရရောလား...ခေတ်ပေးစားမှရမှာလေ..."

"မပေးစားပါဘူး..."

"အာ့ဆို မရဘူးလေ...အဲ့တော့ လူကြီးက ဘာကိုကျေနပ်ရမှာတုန်း..."

"အဲ့‌ေတာ့မကျေနပ်ဘူးပေါ့..."

"မဟုတ်ဘူးလေ..."

"မသိဘူး...စိတ်ဆိုးတယ်.."

"ဘာကိုစိတ်ဆိုးတာတုန်း..."တဖက်လှည့်လျက်...ငိုနေပုံရသည်...
စွဲညှို့သူဘာမှမလုပ်ပါပဲနှင့်ဘာကိုစိတ်ဆိုးနေသည်လဲစဉ်းစားမရပါ...ပေါက်စ ငိုနေပုံရလို့ထိပ်ထိပ်ပြာပြာဖြစ်သွားပြီး...အနားကပ်ကာသွားထိုင်တော့...အကပ်မခံဘူး တဖက်ကိုတိုးသွားသည်..

"ခေတ်...ခေတ်...ဘာလို့စိတ်ဆိုးရတာတုန်း.....လူကြီးကိုပြောလေ..."

"မဆိုးပါဘူး..."

"ဒါဆို ဘာလို့ဟိုဘက်လှည့်နေတာလဲ..ဒီဘက်ကိုလှည့်ပါဦး..."

"ဟင့်အင်း...မလှည့်ဘူး.."

မေတ္တာ 'လွန်'Where stories live. Discover now