Ep-19

1.3K 86 1
                                    

အပိုင်း(၁၉)

ယနေ့တော့ စွဲညှို့companyကိုအရင်သွားခဲ့သည် ဘာလို့ဆို ခေတ် ဖုန်းဆက်မခေါ်သေးလို့ပါ ခေတ်က ‌ဖေဖေနှင့်အတူ ဈေးချိုသွားမှာမို့ နေ့လယ်လောက်မှထွက်ရန်ဖုန်းဆက်ပြောထားခြင်းပေ...
စွဲညှို့ကတော့အခုတည်းက ဖင်တကြွကြွဖြစ်နေသည်  မနက်လုံးလည်းဂနာမငြိမ်ပေ.ဖုန်းကိုပဲအဆက်မပြတ်ကြည့်နေမိသည်

နေ့လယ်၁၁နာရီလောက်ရောက်တော့ ခေတ်ဆီမှဖုန်းဝင်လာသည်
စွဲညှို့လည်းဖုန်းပြောကာချပြီးတာနှင့်ကားသော့ဆွဲကာ ထွက်လာတော့သည်

.........
ခေတ် အိမ်ရှေ့အရောက်မှာတော့   ဂါဝန်ဖြူဖြူဒူးတိလောက်လေးကို ဝတ်ဆင်ထားပြီး အိတ်အဖြူလေးကိုလွယ်ထားတဲ့ အဖြူရောင်ချစ်စရာကောင်မလေးကိုတွေ့လိုက်ရသည်
စွဲညှို့ကားရောက်သည်နှင့် ခေတ်အနားရောက်လာကာကားပေါ်တက်လိုက်တော့သည်
"ခေတ် ဒီနေ့ သိပ်လှနေတယ်"စွဲညှို့ခေတ်ကိုမကြည့်ပဲပြုံးလျက်ဆိုလိုက်သည်
"ခါတိုင်းနေ့တေကမလှဘူးပေါ့"
"ကျန်တဲ့နေ့တေလည်းလှပါတယ် ခေတ်ရယ် ခေတ်ကိုဘောင်းဘီတေနဲ့ပဲအတွေ့များတော့ ဂါဝန်လေးနဲ့ကခုမှတွေ့ဖူးလို့ပါ .."
"ဟွန့်."
"မဖြစ်တော့ဘူးခေတ်ရေ မ တော့ဆေးခန်းအရင်ဝင်မှပဲ"
"ဟမ်..မမညှို့ ဘာဖြစ်လို့လဲဟင်"ခေတ်ပြာပြာသလဲလက်မောင်းလေးကိုင်ကာ စိတ်ပူဟန်ဖြင့်မေးလိုက်တော့
"ဟဟဘာလို့ဆို ခေတ်အလှကြောင့် မရဲ့နှလုံးခုန်သံတေကတောင် ပုံမှန်မဟုတ်တော့ဘူး အဲ့တာဝင်ပြမှဖြစ်တော့မယ်.."
"ဟွန့် မမညှို့နော် ..စကားတေက ပလီပလာတေနဲ့...လာဆွဲဆောင်နေတယ်.."
"ဟဟ.."
စွဲညှို့ရယ်လျက်ပဲ ကားကိုဆက်မောင်းနေလိုက်သည်
ခေတ်ကတော့ ပီတိအပြုံးတေနှင့် ကားပြတင်းပေါက်ကို မျက်နှာအပ်ထားရသည်
ဒီလိုပြောစေချင်လို့အခုလိုဝတ်လာတာပဲဟာ  အခုလိုပြောတော့ခေတ်ကျေနပ်မိပါသည်

နေ့လယ်စာ သွားစားကြပြီး မြနန်းစံကျော်ရွှေနန်းတော်ဆီသို့ ဆက်သွားခဲ့ကြသည် 

နန်းတွင်းထဲမှာတော့ ရှေးဟောင်းအငွေ့အသက်လေးတေရနေပြီး လွမ်းမောစရာလည်းကောင်းလှသည်
ဒီခံစားချက်ကိုခေတ်အရမ်းသဘောကျပါသည်  နန်းဆောင်တိုင်းကိုလိုက်ကြည့်ရင်း အိတ်ထဲတွင်ပါလာသော ရောင်စုံစက္ကူကပ်သကြားလုံးလေးကိုထုတ်ပေးလာသည်
စွဲညှို့လည်းယူလိုက်ကာ...
"ရော့မမညှို့စား.."
"အင်း.."စက္ကူခဲပတ်လေးကိုခွာချိန်တွင်  သူ့အကြိုက်ဆုံးစာရေးဆရာဖြစ်တဲ့ လယ်တွင်းသားစောချစ်စာအုပ်လေးထဲက အချစ်အကြောင်းကို သွားသတိရမိသည်  စာအုပ်ထဲမှာ သူ့ချစ်သူပေးတဲ့သကြားလုံးလေးကိုကပ်ထားတဲ့စက္ကူခဲပတ်လေးကိုတောင် တန်ဖိုးထားအမြတ်တနိုးနဲ့ ခွာတာကို သတိရမိသည် အဲ့အချိန်ကတော့ အချစ်ဆိုတာကို မခံစားတတ်ခဲ့လို့နားမလည်ခဲ့ပါ ယခုတော့ ဆရာကြီးရဲ့စကားတေမှန်ပါသည် ကိုယ်မြတ်နိုးတဲ့သူဆီက ဘာလေးပဲရရ တန်ဖိုးထားနေမိတာ အချစ်ပါပဲ
ယခုဆို အဖိုးတန်လေးကဘေးမှာရှိနေတာမို့ စွဲညှို့ ဒီအချိန်လေးကိုဘာနဲ့မှလဲနိုင်မည်မထင်ပါ သူ့ရှေ့တွင်ပြုံးပျော်ကာ ဂါဝန်စလေးကိုကိုင်ကာ လှည့်ရင်း လမ်းလျှောက်နေတဲ့ကောင်မလေးကို သူပိုင်ဆိုင်ချင်လာမိသည်  စိတ်ထဲကတောင့်တမှုတို့နှင့်အတူ နှုတ်မှလည်း သူ့ရဲ့နာမည်လေးကိုရေရွတ်လိုက်မိသည်
"ခေတ်"
"ရှင်  ဟုတ်.."တိုးတိုးညင်ညင်ခေါ်လိုက်ပေမယ့် ခေတ်တစ်ယောက်ကြားတာကြောင့် အရှေ့ကနေစွဲညှို့ဆီကိုပြေးလာသည်
မျက်လုံးအဝိုင်းသားလေးနှင့် ‌စွဲညှို့ဆီက စကားကိုနားထောင်နေပုံလေးက အသည်းယားစရာပင် စွဲညှို့ခေတ်ကိုမျက်နှာချင်းဆိုင်လိုက်ကာ ခေါင်းလေးငုံ့လျက်ကြည့်လိုက်သည်
"ခေတ်..."
"ဟုတ်..."မျက်လုံးအဝိုင်းသားလေးနှင့် သူမကိုကြည့်လာသည်
"ခေတ်ကို မ အရမ်းမြတ်နိုးတယ် တခြားသူရဲ့လက်ထဲ ခေတ်ကိုမထည့်ပေးနိုင်တော့ဘူး "
"အဲ့တော့"ခေတ်ပြုံးလျက်မေးလိုက်သည်
"ဖြစ်နိုင်ရင် စဉ်းစားပေးပါလားဟင်.."မျက်လုံးရွဲကြီးတေနှင့် ခေတ်ကိုကြည့်ကာဆိုလာသည်
ခေတ် ရုတ်တရက်ဆိုသလိုဘာစကားမှထွက်မလာခဲ့ပါ
"မ ခေတ်ကိုပိုင်ဆိုင်ခွင့်ပေးပါလားဟင်...မ လေ အရင်ကအရမ်းကြောက်နေခဲ့တာ ..ရှေ့ဆက်တိုးရင် ခေတ်အတွက် ဒုက္ခပိုများမှာကိုစိုးခဲ့တာ...အခု လည်း မ ခေတ်ကိုဆုံးရှုံးရမှာကို ကြောက်နေပြန်တယ် မ ဘလိုလုပ်ရမလဲ ..."စွဲညှို့မျက်ရည်များကျကာ ပြောလာသည် ခေတ်လည်း ဝမ်းနည်းလာပြီးစိတ်မရှည်စွာနဲ့
"လူကြီး သိပ်ဆိုးတယ် အဟင့် ခေတ်ကိုချစ်တယ်လည်းပြောသေးတယ် ဘာလို့ထားသွားခဲ့သေးလဲ"
ဆောင့်ကြီးအောင့်ကြီးပြောလိုက်တော့ စွဲညှို့လည်း ခေတ်ရဲ့ပခုံးနှစ်ဖက်ကိုကိုင်ကာ
"တောင်းပန်ပါတယ် ခေတ်ရယ် မ တောင်းပန်ပါတယ် မ တို့သာဝေးသွားခဲ့ရင် မေ့နိုင်မယ်ထင်ခဲ့လို့ပါ  ခေတ်ရဲ့ဘဝကိုလည်း မနှောင့်ယှက်ချင်လို့ပါ"
"အာ့ဆို ဘာလို့ ပြန်လာသေးလဲဟမ် ဘာလို့ပြန်လာသေးလဲ....မလာခဲ့နဲ့လေ မျက်စိရှေ့ကိုပေါ်မလာခဲ့နဲ့လေ..."ခေတ် ငိုလျက် စွဲညှို့လက်မောင်းကိုရုန်းကာ ရင်ဘတ်ကို ထု နေသည်
"‌တောင်းပန်ပါတယ်ခေတ်ရယ်  မ‌ တောင်းပန်ပါတယ် မ ခေတ်ကို အရမ်းရူးလောက်အောင်ချစ်နေပြီမို့ ဒီအတိုင်းမနေနိုင်လို့ပါ. တောင်းပန်ပါတယ်ခေတ်ရယ်"ခေတ်ကို ရင်ခွင်ထဲဆွဲသွင်းကာ ခေါင်းလေးပေါ်မေးတင်လျက် မျက်ရည်များကိုညှစ်ထုတ်လိုက်ပြီး ပြောလိုက်သည်
ခေတ်ကတော့ရှိုက်သံသဲ့သဲ့လေးနဲ့ ရင်ခွင်ထဲမှာ ငိုနေတော့သည်
"တောင်းပန်တိုင်းပြီးသွားရောလား လူကြီးရဲ့    ခေတ်လည်းနှလုံးသားရှိတယ် သိရဲ့လား လူကြီးထားသွားတုန်းက ခေတ်ဘလောက်ခံစားခဲ့ရလည်း သိရဲ့လား"ရင်ဘက်ကိုလက်သီးဆုတ်ကာ ထုရိုက်လျက် ပြောလိုက်သည်
"ခေတ်ရယ် ..."
"တော် လူကြီးကို အရမ်းစိတ်ဆိုးတယ်...ဖယ်"
စွဲညှို့ကိုတွန်းထုတ်ကာ အရှေ့ဘက်ကို ငိုလျက်ပြေးသွားသည် စွဲညှို့လည်းအနောက်မှလှမ်းခေါ်ကာ
"ခေတ် ...ခေတ်က အာ့ဆို မမညှို့ကို မစဉ်းစားပေးတော့ဘူးလားဟင်..."မျက်နှာငယ်လေးနဲ့ဆိုလာသည်
ခေတ်လည်း မျက်ရည်စတို့ကိုသုတ်ကာသူ့ဘက်လှည့်လာပြီး ပြုံးကာ သူ့ဆီပြန်ပြေးလာပြီး စွဲညှို့ရင်ခွင်ထဲဝင်ကာ တင်းကြပ်စွာဖက်ထားလိုက်သည်
စွဲညှို့ကြောင်သွားပေမယ့် ခေတ်ရဲ့ကျော‌ပြင်လေးကိုအသာကိုင်လိုက်မိသည်
ခနအကြာ ဖက်ထားပြီး ခေါင်းလေးမော့လာသည့် ခေတ်ဟာ ပြုံးလျက်ပင် စွဲညှို့ငုံကြည့်လျက်
"စဉ်းစားဖို့လိုသေးလို့လား လူကြီးရာ အရမ်းတုံးတာပဲ.."ပြောလျက်ပြုံးကာ ရင်ခွင်ထဲခေါင်းငုံ့သွားသည်
စွဲညှို့ကတော့ပါးစပ်အဟောင်းသားနဲ့ဖြစ်နေပေသည်

မေတ္တာ 'လွန်'Where stories live. Discover now