Ep-33

1K 69 0
                                    

အပိုင်း(၃၃)

သွင်တစ်ခေတ်တစ်ယောက် ဧည့်ခန်းထဲတွင် ခြေထောက်ကလေးကျုံ့လျက် ခေါင်းလေးငုံ့ထိုင်ကာ ငြိမ်နေခဲ့ရသည်  သူ့ရှေ့တွင်တော့ အဖေဖြစ်သူရှိပြီးဘေးတွင်‌တော့အကိုနှစ်ယောက် ရှိနေပြီး အကုန်လုံးရဲ့မျက်လုံးတေသည်သူ့အပေါ်တွင်ရှိနေကြသည်

ဖေဖေ့ဆီမှစကားသံစတင်ကြားလာရသည် ပထမဆုံးစစထွက်လာတဲ့လေသံတို့ဟာပျော့ပျောင်းမနေခဲ့ပါ

"သွင်တစ်ခေတ် အခုကိစ္စကဘာလဲ ငါ့ကိုရှင်းစမ်းပါဦး"
သွင်တစ်ခေတ် ခေါင်းလေးကိုအသာယာမော့ကာ ဘာပြောလို့ပြောရမှန်းမသိပါ
"ခေတ်...ခေတ် ..ခေတ် ဖေဖေ့ကို ဘလိုရှင်းပြရမှန်းမသိတော့ပါဘူး"
အကိုကြီးမင်းခန့်ညားလည်း အရမ်းဒေါသထွက်နေပုံပင်  အကိုငယ်ကတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲထိုင်ကာ ကြည့်နေသည် အက္ခရာကတော့ အခန်းဝလေးတွင်ချောင်းလျက်သား မည်သူမျှတုတ်တုတ်မလှုပ်ရဲတဲ့အခြေနေတစ်ခုဖြစ်နေခဲ့သည်
ဦးသွင်မင်းခေတ်စကားကြားပြီးတဲ့နောက် ခေတ်ကိုသေချာကြည့်ကာ
"သူ့ကိုအဆက်ဖြတ်လိုက်တော့ "
ခေတ်လည်းထိုစကားကြားတော့
"မဖြစ်ဘူးဖေဖေ...
ခေတ်ဖေဖေ့ကိုကြည့်ကာပြောလိုက်ပေမယ့် ဖေဖေ့ရဲ့အကြည့်စူးစူးတေကြောင့် ဆက်မပြောနိုင်ခဲ့တော့
"မိန်းကလေးချင်းကြိုက်တယ်ဆိုတာနဲ့တင်တော်လှပြီး  တောက်.....ရှက်စရာကောင်းလိုက်တာကွာ"လက်တစ်ဖက်က လက်သီးဆုပ်လျက် ဆိုဖာလက်တန်းပေါ်ထုကာပြောလိုက်သည် 
ခေတ်သက်ပျင်းလေးခိုးချကာ ခေါင်းလေး ငုံ့လျက်ပင်
ကိုကိုကြီးစိတ်မရှည်စွာနဲ့ပဲ
"အငယ်မ ဖေဖေပြောနေတယ်လေ သူ့ကိုအဆက်ဖြတ်လိုက်လို့ နင်မကြားဖူးလား"
"ဒါမယ့် ကိုကို..
"နင်ကခံပြောချင်နေသေးတာလား"
"အဲ့လိုမဟုတ်ပါဘူး ခေတ်က ခေတ်က..ရှင်းပြချင်လို့ပါ"
"နင်ကဘာကိုရှင်းချင်နေသေးတာလဲ သူ့အဖွားကိုယ်တိုင် အိမ်အထိလာပြီးငါတို့မိသားစုကိုစော်ကားသွားတာလေ "
"....."
ခေတ် ဘာမှပြန်မပြောနိုင်ပဲ မျက်ရည်စလေးတေတစ်စတစ်စ ကျလာပြီးခေါင်းလေးပဲငုံ့နေသည်
"ဖေဖေတို့သမီးကိုဒီနေ့‌ဒီအချိန်ထိ အလိုလိုက်ထားခဲ့တာ ဖေဖေတို့ကျေးဇူးကိုဒီလိုပြန်ဆပ်လိုက်တာလားသမီးငယ်"
"အဲ့လိုမဟုတ်ပါဘူးဖေဖေရယ်"ခေတ်မျက်ရည်များကျလျက်ခေါင်းလေးခါကာပြောလိုက်သည်
"ယောက်ျားလေးတစ်ယောက်ဆိုရင်တောင် ဖေဖေလက်ခံပေးလို့ရသေးတယ် အခုက အခုက...ကျစ်...နင်သေချာစဉ်းစားစမ်းပါ သွင်တစ်ခေတ်ရယ်" ဦးသွင်မင်းအတတ်နိုင်ဆုံးစိတ်ကို လျှော့ပြီးပြောနေရသည်
ခေတ်ခေါင်းလေးငုံ့လျက်ပဲ နားထောင်နေမိသည်
"အငယ်မ နင်ဟာ ဆရာမတစ်ယောက်လုပ်နေပြီး..."
အကိုကြီး ဆက်ပြောမည်ပြုတာကြောင့် မဟာ အကိုကြီးပေါင်ကိုကိုင်ကာ ခေါင်းကိုခါပြလိုက်တော့ စကားစရပ်သွားပြီး
"ဘာလဲ မဟာ မင်းကပါအလိုတူအလိုပါလား "
"အဲ့လိုမဟုတ်ဘူးလေ အကို ညီမလေးကိုချော့ပြောပါ ညီမလေးက အရွယ်ရောက်ပြီးသားလူတစ်ယောက်လေ "
"အရွယ်ရောက်ပြီးသားမို့လို့ချော့ပြောနေရတာပေါ့" ဖေဖေလည်း အံကိုကြိတ်ကာပြောလိုက်သည်
ထိုအခါ မဟာလည်း အသံတိတ်သွားပြီးခေတ်ကိုကြည့်လိုက်တော့  မျက်ရည်စများနှင့် သူတို့ရဲ့မျက်နှာတေကိုကြည့်နေလေသည်  သူညီမလေးကိုသနားမိသည် 
ညီမလေးကိုအလိုလိုက်ထားတာ မှန်ပေမယ့် ညီမလေးကလည်း ဟော့ဟော့ရမ်းရမ်းနေခဲ့ခြင်းလည်းမရှိခဲ့ပေဘူးလေ  အခုကိစ္စမှာ သူညီမလေးကိုဘလိုကူညီပေးရမှန်းမသိပါ  ဖေဖေတို့အကိုတို့ဘက်ကကြည့်ရင် လည်းမှန်ပါပေသည်    ဒါမဖြစ်သင့်ဘူးလေ  ညီမလေးဘက်ကကြည့်ရင်လည်း သူချစ်တဲ့သူ သူမှားတယ်လို့လည်းမထင်ပါ မဟာလည်းကြားထဲက ခေါင်းကြိမ်းနေရပါသည်

မေတ္တာ 'လွန်'Where stories live. Discover now