အပိုင်း(၁၄)စွဲညှို့တစ်ယောက် လေးပင်စွာနဲ့ပဲအိပ်ယာကနိုးလာခဲ့ပြီး..ဘေးကိုကြည့်လိုက်တော့ ခေတ်ကိုမတွေ့ သို့ပေမယ့် သူ့လက်မောင်းပေါ်ကဆံပင်တေကိုတွေ့လိုက်ရပြီး ကြည့်လိုက်တော့..သူမလက်မောင်းကိုခေါင်းအုံးထားကာ အိပ်ပျော်နေသော ခေတ်ကိုမြင်တော့ တောင့်တောင့်ကြီးဖြစ်သွားရသည်... ထိုသို့ဖြစ်ရခြင်းမှာ ခေတ်ရဲ့လက်က သူမကိုဖက်ထားပြီး တင်ထားသည်မှာ သူမရဲ့ ရင်သားပေါ်တွင်ဖြစ်တာကြောင့်ပင်....
"ခေတ်ရယ် စောစောစီးစီးကြီး စိတ်တေ ယိမ်းယိုင်အောင်မလုပ်ပါနဲ့..."ပြောလိုက်ပြီး လက်ကလေးကိုဖယ်လိုက်တော့...သူ့ခါးကိုပြန်ဖက်လာပြီး ရင်ခွင်ထဲ အတင်းတိုးကာ အိပ်နေသေးပြန်သည်...
ခေတ် တိုးကပ်ေနသည်မှာ ကြားလေေသွးဖို့နေနေသာသာ စွဲညှို့ကိုယ်ထဲေတာင်ဝင်တော့မလိုပင်....
"ခေတ်..ခေတ်...ထတော့လေ..."
ခေတ်အုံးထားတဲ့ လက်တစ်ဖက်နဲ့ပဲ ပခုံးလေးကို ပွတ်သပ်ပေးလိုက်တော့..
"ဟင့်အင်း ခေတ်အိပ်ချင်သေးတယ်.."ပြောပြီး ပခုံးပေါ်မေးတင်လျက်ပင် အိပ်နေသည်...
"ခေတ်."
"ဟင်"ထူးသာလာသည်မျက်လုံးကေတာ့ပွင့်မလာ
နိုးတာ မထတာကြောင့် စွဲညှို့လည်း ခေတ်ဖက်ထားသည့်အတိုင်း တင်းကျပ်စွာ ပြန်ဖက်ကာ..
"ခေတ် မ ရဲ့သမာဓိကိုစမ်းနေတာလား...နမ်းလိုက်ရမလား ပြော."
"နမ်းပေါ့ ဘယ်သူကဘာပြောနေလို့လဲ.."ခေတ်စကားကြောင့်စွဲညှို့မျက်လုံးပြူးသွားရသည်... ခေတ်သည်လိုနှင့်လွယ်လွယ်လက်ခံလိမ့်မည်လို့သူမထင်ထားပါ..
"ခေတ်တကယ်ပြောနေတာလား..."
"အင်း."မျက်လုံးမဖွင့်ပဲ ဆက်ပြောနေပြီး..စွဲညှို့ ခေတ်မေးလေးကိုကိုင်ကာဆွဲမော့ပြီးနမ်းတော့မည်ပြုတာကြောင့်..ခေတ်လည်း ယောင်ရမ်းရာမှသတိရပြီး ရုန်းတော့သည်...
"အာ...မမညှို့...ခေတ်အိပ်ပျော်ရင်း ယောင်သွားတာ.."ပြောပြီး ရုန်းကာ ထတော့မည်အပြု.. စွဲညှို့ခေတ်လက်ကို ပြန်ဆောင့်ဆွဲလိုက်ပြီး
ရင်ခွင်ထဲပြန်ထည့်ထားကာ..
"ခေတ်ပြောတာနော်.နမ်းလို့.."
"အဲ့တာ ယောင်တာလေ.."
"မရဘူး ..ပြောပြီးစလစ်နံပါတ်တစ်ပဲ..."
"မမညှို့နော်.."
ခေတ်ရဲ့လက်လေးနှစ်ဖက်ကို ချုပ်ထားလိုက်ကာ ခေတ်ရဲ့နှုတ်ခမ်းနားဆီသို့ ဖြည်းဖြည်းချင်းကပ်လာတာကြောင့် ခေတ်လည်း မျက်လုံးလေးကို မှိတ်လျက် ငြိမ်နေလိုက်ပြီး.. စွဲညှို့လည်းနှုတ်ခမ်းကိုနမ်းတော့မည့်ဆဲဆဲမှာမနမ်းပဲ ပါးဖောင်းဖောင်းလေးကိုရွှတ်ကနဲနမ်းလိုက်သည်...
ထိုအခါမှ ခေတ်မျက်လုံးဖွင့်လာပြီး..ပြုံးယောင်သန်းကာ
"မမညှို့နော်..."ပြောလည်းပြော မျက်နှာလည်းနီရဲလာသည်...
"ထပ်နမ်းလို့ရမလား..."
"ဟာ...မမညှို့နော် သူများကိုချုပ်ပြီးနမ်းတာတင်အားမရသေးဘူးလား.."
"ဟင့်အင်း..မရဘူး..တညလုံးလက်မောင်းအညောင်းခံပြီး သိပ်ထားရတာလေ ကျေးဇူးပြန်ဆပ်သင့်တာပေါ့...."
ခေတ်လည်းအသံတိတ်သွားသည့်အခါ ခေတ်ရဲ့ပါးလေးနှစ်ဖက်ကို တရွှတ်ရွှတ်နဲ ထပ်နမ်းလာသည်..ပြီးတဲ့ေနာက်ခေတ်လည်းအတင်းရုန်းကာ စွဲညှို့ရင်ဘက်ပေါ်ကာ မေးတင်ထားပြီး စွဲညှို့ကို မျက်နှာလွှဲလိုက်တော့သည်
စွဲညှို့လည်း ခေတ်ရဲ့နဖူးလေးကိုအသာနမ်းလိုက်ကာ..ရယ်လျက်ပင်..
YOU ARE READING
မေတ္တာ 'လွန်'
Teen Fiction'ချစ်ခြင်းမေတ္တာဆိုသည်မှာ ၁၅၀၀အချစ်သာ မဟုတ် ၅၂၈အချစ်လည်း ဖြစ်၏။ ၅၂၈ချစ်ခြင်းနှင့် ၁၅၀၀ ချစ်ခြင်းတို့ အားပြိုင်ကြတဲ့အခါ မေတ္တာ လွန်ဆွဲခြင်း ဖြစ်ပေါ်လာ၏။ တခါတရံ ရွေးချယ်သူတို့အဖို့ အလွန်ခက်ခဲလှသဖြင့် ကြိုးဆွဲသူတို့အပေါ်၌သာ မူတည်လာတတ်၏ သင့်အနေနဲ့တစ်စု...