Ep-8

1.4K 102 0
                                    


အပိုင်း(၈)

အငွေ့တစ်ထောင်းထောင်းထွက်နေသော ဟော့ပေါ့အိုးထဲသို့  အမဲသားစုကိုတူနဲ့ညှပ်ကာ နှစ်ထည့်လိုက်ရင်း...စကားစပြောလာသူ.သွန်းအက္ခရာ..

"ဒီမှာနေရတာ  အရမ်းတေအဆင်ပြေနေတယ်ပေါ့...."

"ထင်တာထက်ကိုပိုပြေတာ..."စွဲညှို့ ပြုံးကာပြောလိုက်တော့..

"မှန်းဆန်းမှန်းဆန်း...နင်အစောကပြုံးလိုက်တာလား....အိုး..အွီ...ကြက်သီးထစရာပဲ.."အသားကိုအချဉ်ရည်ထဲနှစ်ကာ ပါးစပ်ထဲထည့်ရင်း တုန်သလို လုပ်ပြလိုက်တော့

"ငါကမပြုံးရ‌ေတာ့ဘူးလား...."မဲ့ပြုံးပြုံးကာပြန်ပြောလိုက်သည်...

"ထူးဆန်းလို့ပါ...နင်အဲ့လိုစိတ်လိုလက်ရမပြုံးဖြစ်ခဲ့တာ နှစ်နဲ့‌ေတာင်ချီနေပြီ....."

"အင်း..ဟုတ်တယ်...နင့်ကိုငါကျေးဇူးတင်တယ်နော်.အခုလို ထွက်လာဖို့အကြံပေးလို့ ပြီးတော့....ငါ့လုပ်ငန်း ဖိုင်တွဲတေယူလာပေးလို့..._

"မလေး...မယူလာလို့မရဘူး...နင့်မန်နေဂျာက လိုက်ခဲ့မယ်ဆိုတာကြီးပဲ မနည်းတားထားရတယ်...အာ့နဲ့အခုဖိုင်တွဲတေပေးလိုက်တာပဲ...ဖုန်းဆက်တာလည်းကိုင်ပါတဲ့...မှာလိုက်သေးတယ်...နင့်မလည်း တော်တော်မလွယ်ဘူးနော်..စိတ်ညစ်လို့ တခြားလာနေကာမှအနောက်မှတသီတတန်းကြီးပြသနာတေလိုက်လာတာ...."

"အဟက်.."

"နင်ဒီမှာဘလောက်ကြာအောင်နေမှာလဲ"

"မသိသေးဘူး ...ကြာနိုင်သလောက်ကြာကြာလေးပေါ့..."စွဲညှို့ပြုံးလျက်ပြောလာသည်..

"အမယ် နင်ဒီမှာ အတော်ပျော်နေတယ်ပေါ့....တစ်ယောက်ယောက်ကြောင့်လား..."

"..."စွဲညှို့ ပြုံးပြုံးနဲ့ပဲ ခေါင်းညိမ့်ပြလာသည်...

"သိချင်သွားပြီ...ငါ့သူငယ်ချင်း ရေခဲတုံးကို ဘယ်သူအရည်ဖျော်လိုက်သလဲ..."

"ဟဟ..သူက ငါနေတဲ့အိမ်ဘေးကပဲ.."

"တကယ်ကြီး.....အမလေးမတွေ့ချင်မှအဆုံးပဲ...ဒီလိုဆိုရင်...နင့်အိမ်ငါလိုက်လည်မှဖြစ်တော့မယ်..."

"နင်လာဖို့အတွက် ငါအခန်းတောင်ပြင်ပြီးသွားပါပြီနော်.."

"ဟဲဟဲ..နင်က အရမ်းသိတတ်တာပဲ.."

မေတ္တာ 'လွန်'Where stories live. Discover now