အပိုင်း(၂၁)
ယနေ့ အက္ခရာရဲ့စေ့စပ်ပွဲပင် အက္ခရာကအရမ်းတေပျော်နေပေမယ့် မပျော်နိုင်သူကတော့ စွဲညှို့ပါပဲ သူ့ရဲ့ပေါက်စလေးနဲ့ခွဲရတော့မည်လေ စေ့စပ်ပွဲပြီးတာနဲ့ ခေတ်တို့မိသားစုက ရန်ကုန်ပြန်ကြမည်ဖြစ်တာကြောင့်ပေ စွဲညှို့ထပ်လွမ်းရပေဦးမည်
ထို့နေ့တနေ့လုံး မျက်နှာမကောင်းခဲ့ပါ ခေတ်ကတော့နေနိုင်လွန်းလှသည် ဘာလို့မှန်းမသိ သူ့ပုံစံမှာ ဝမ်းနည်းဟန်မရှိ ပျော်ပျော်ရွှင်ရွှင်နှင့်ပင်...
စွဲညှို့စိတ်ဆိုးချင်မိသည် ပေါက်စက သူ့ကိုတကယ်ချစ်တာရောဟုတ်ရဲ့လားလို့တောင်တွေးမိပါသည်မှုန်ကုတ်ကုတ်နှင့် ထောင့်လေးတွင်ထိုင်နေသော စွဲညှို့နား ခေတ်ရောက်လာပြီး
"လူကြီး.... သူငယ်ချင်းရဲ့စေ့စပ်ပွဲမှာ ဘလိုမျက်နှာကြီးလုပ်နေရတာလဲ"
"ကိုယ့်စေ့စပ်ပွဲမှမဟုတ်ပဲ အဲ့လိုကြီးပြုံးဖြီးမနေနိုင်ပါဘူး"အရှေ့ခုံတွင် ဧည့်ခံနေတဲ့အက္ခရာကိုလက်ညှိုးထိုးကာပြောလိုက်သည်
"အိုး လူကြီးက စိတ်ကောက်နေတာလား...ခေတ်လူကြီးကိုမခေါ်လို့လား"
"အဲ့ထက်ဆိုးတယ်ခေတ်ရဲ့.."
"စိတ်ကောက်ရဲတယ်ပေါ့.."
"မပြန်ပါနဲ့ဦးလားဟင်"မျက်နှာညှိုးစွာပြောရင်း ခေတ်ရဲ့လက်နှစ်ဖက်ကို သူ့လက်နှစ်ဖက်နှင့်သေချာစွာကိုင်ထားသည်
"လူကြီးရယ် ခေတ်ပြန်မှဖြစ်မှာ မလို့ပါ..ပြန်လာခဲ့ဦးမှာပါ"
"ပြန်လာမှာ သိတယ် ဒါမယ့်။ အဟင့် မ မခွဲနိုင်ဘူးလေ."
"လူကြီးနော် ခေတ်ကိုစောင့်နေ ကွယ်ရာမှာ ရှုပ်ရှုပ်ရှက်ရှက်တေမကြားချင်ဘူး ကြားလို့ကတော့ ပြန်လာရင် လူကြီးအသေပဲမှတ်"
"ဟုတ်ပါပြီခေတ်ရယ် စိတ်ချပါ ခေတ်ကလွဲပြီး တော့လည်း ဘယ်သူ့ကိုမှ မချစ်ပါဘူးနော် .."
"ချစ်လို့လည်းမရဘူး ခေတ်လူကြီးကိုသတ်မှာ"
"ဟဟ ခေတ်က ချစ်ဖို့ကောင်းလိုက်တာ.."ပြောရင်း အနားကိုတိုးစေကာ မတ်တပ်ဖြစ်နေတဲ့ခေတ်ကို ခါးကနေ ဆွဲလိုက်တော့ သူ့အနားကပ်လာသည်
"လူကြီး ဘာလုပ်တာလဲ လူတေရှိတယ်နော် မလုပ်နဲ့ လွှတ်.."
"အို မိန်းကလေးနှစ်ယောက်ဖက်ထားလဲ ဘယ်သူကအရေးတယူလာကြည့်မှာလဲ ပြောပါဦး.."
"ဘလိုပဲဖြစ်ဖြစ်လေ ခေတ်တို့ကသာမာန်မှမဟုတ်ပဲဟာ"
"ဟုတ်တယ် မ တို့က ထူးခြားတယ် လူတေကိုပြောလိုက်ရမလား မ တို့က သာမာန်ဖက်ကြတာမဟုတ်ပါဘူးလို့..."စွဲညှို့ပြောမည်ဟန်ပြင်ပြီး ပါးစပ်ဟလိုက်ချိန် အရှေ့က ပန်းသီးစိတ်ကိုပါးစပ်ထဲကောက်ထည့်ပေးလိုက်သည်
"မမညှို့ အချိုပွဲလေးလည်းစားပါဦး..."
ခေတ်ပြုံးလျက် မျက်လုံးပြူးပြကာ ငြိမ်ငြိမ်နေဆိုသောပုံစံနှင့်ပေ...
စွဲညှို့လည်း တဖက်လှည့်သွားကာ ပါးစပ်ထဲကပန်းသီးကိုဝါးရင်းခေါင်းလေးငြိမ့်သည်
"ဟေ့..စွဲညှို့ အချစ်လေး တစ်ယောက်ထဲဖြစ်နေတာလား"ခေတ်လည်း စွဲညှို့ဖက်ထားတဲ့လက်ကိုဖြုတ်ချကာ ဘေးတွင် ကပ်နေလိုက်သည်
"ငါ့ကိုအခုတစ်ယောက်ထဲမြင်နေတာလား."
စွဲညှို့ရုပ်တည်သွားကာ မျက်နှာကိုမော်လျက် အက္ခရာကိုကြည့်ကာပြောလိုက်သည်
"အေးလေ..နင်တစ်ယောက်ထဲမို့ ငါ့ယောင်းမလေးကလာဧည့်ခံနေတာလေ ဟုတ်မလား ယောင်းမလေး.."
ခေတ်ကိုကြည့်တော့မျက်လုံးစိမ်းကြီးတေနဲ့သူ့ကိုစိုက်ကြည့်နေသည်ကြောင့်...အက္ခရာကျောထဲစိမ့်သွားရသည်
"ဟို ခေတ် ညီမလေး ညီမလေးကိုကိုနဲ့ဖေဖေက ရှာနေတယ် သွားလိုက်ဦး မမ ဆက်ပြီးမမသူငယ်ချင်းကိုဧည့်ခံထားလိုက်မယ်"
ခေတ်လည်း "ဟုတ်ကဲ့ "ပြောရင်း စွဲညှို့ကိုကြည့်ကာ *အေးဆေးနေ*ဆိုသောမျက်လုံးနှင့်ပြူးကြည့်ကာ ထွက်သွားတော့သည်
အက္ခရာကတော့ ထွက်သွားတဲ့စွဲညှို့ကိုလိုက်ကြည့်ရင်း
"နင်သူ့ကိုတစ်ခုခုပြောထားလို့လား..ငါ့ကိုအဲ့လိုကြည်နေတာ.."
"မပြောပါဘူး.."
"နင်စလိုက်လို့ အဲ့လိုရုပ်ဖြစ်နေတာမလား.."
"ကဲပါ စကားတေမများနဲ့ အခုမှ ရောက်လာတယ်နော်"
"ဟဲဟဲ ဆောရီးပါသူငယ်ချင်းရယ် နင်သိတဲ့အတိုင်း ကိုကြီးကအပေါင်းသင်းများတော့အများကြီးနဲ့ စကားလိုက်ပြောနေရလို့ပ့"
"အေးပါ နားလည်ပါတယ် နင့်ယောင်းမနဲ့အဆင်ပြေလား.."
"အေး မနက်ကထိတော့အဆင်ပြေသေးတယ်ဟ အစောနကပဲမပြေတော့တာ.."
"အင်း..နင်ကလည်းနောက်ဆို ငါ့ကိုအချစ်လေးကိုမခေါ်နဲ့တော့..လင်ဖြင့်ရတော့မယ် အကျင့်ကမပျောက်ဘူး တော်ကြာငါ့ကိုနင့်ရည်းစားဟောင်းထင်နေကြဦးမယ်.."
"ဟဟ ဘာလဲခေတ်သဝန်တိုမှာဆိုးလို့လား နင်သူါကိုခုထိဖွင့်မပြောသေးဘူးလား..အားမရလိုက်တာ.."
စွဲညှို့ထိုစကားကိုလျစ်လျူရှုထားကိုတဖက်ကိုလှည့်လျက် စိတ်ထဲမှာတော့
*ပြောပြီးပြီး နင်ပြောတာနောက်ကျနေသေးတယ် ချစ်သူတောင်ဖြစ်နေပြီ..ဟိဟိ*ပြောရင်းနဲ့ ပြုံးနေမိသည်
"ဘာတေပြုံးနေတာလဲ နင့်exကိုကြည့်ပြီးပြုံးပြနေတာလား.."
"ဟမ်....ဘယ်မှာလဲ.."စွဲညှို့ အလန့်တကြားမေးလိုက်တော့
"ဟိုမှာလေ...နင့်မျက်နှာချင်းဆိုင် နှစ်ခုံကျော်က ဝိုင်းမှာ "
စွဲညှို့လိုက်ကြည့်လိုက်တော့ သူ့ကိုပြုံးပြကာကြည့်နေသည့် ရင်ခွင်ရိပ်
"ဟိုက် သေရော..."
"နင်နော် ငါ့ယောင်းမလေးကိုလည်းမလွတ်ဘူး ဟိုမလွတ်ဒီမလွတ်တော့မလုပ်နဲ့ ငါ့ယောင်းမလေးကိုတစ်ကယ်မချစ်ပဲ မလှည့်စားနဲ့ ငါဒါတော့သည်းညည်းမခံဘူးနော်"
"မလုပ်ရဲပါဘူးဟာ သူနဲ့ငါနဲ့က ပြတ်သွားပြီဟာကို.."
"ငါကြားတာတော့သူ့ဘက်ကမပြတ်ဘူး နင်သူ့ကိုအခြေမဲ့အနေမဲ့ထင်နေခဲ့တာ တကယ်တော့ သူလည်းအသိုင်းဝိုင်းကြီးကပဲဟ"
"ဟမ်...ဘလိုကြီး.."
"ဟုတ်တယ် ဆိုးတာက သူက ကိုကြီးရဲ့အဆက်နဲ့ရောက်လာတာ."
"ဘာရယ်.."စွဲညှို့ကျားရှေ့မှောက်ယက်လဲပေပြီ....အလန့်တကြားထအော်ပြောလိုက်တော့ သူ့ဘေးဝိုင်းကလူတေပါကြည့်လာသည်
တော်သေးသည်က စွဲညှို့ဝိုင်းတွင် အတွဲနှစ်တွဲသာရှိ၍တော်တော့သည် သူတို့ကိုသိပ်အာရုံမထားနိုင်ပေ သူတို့လည်း စွဲညှို့အော်သံကြောင့်လန့်သွားပြီးကြည့်လာသေးသည်
စွဲညှို့လည်းထိုအကြည့်တို့ကိုဂရုမထားနိုင်ပ့...
ခေတ်ကိုဝေ့ဝဲရှာလိုက်တော့ ခေတ်အကိုကြီးက ခေတ်ကို ရင်ခွင်ရိပ်နားခေါ်သွားသည်ကိုတွေ့လိုက်ရသည်
*သွားပါပြီ သွားပါပြီ ဘလိုရေစက်ကြီးလဲ*စွဲညှို့တွေးရင်းရင်လေးလာရသည်
ရင်ခွင်ရိပ်ကတော့သူ့ကိုကြည့်လိုက် တစ်ဖက်ကိုစကားပြောလိုက်နှင့် လှပတဲ့အပြုံးတို့နှင့်ပေ
နက်မှောင်တံ့ဆံကေသာဂုတ်ဝဲလေးတေပိုက်ဆိုင်ထားပြီး မြန်မာဆန်တဲ့ရွှေအိုရောင်ဝမ်းဆက်လေးကိုဝတ်ဆင်ထားကာ ညိုလဲ့တဲ့အသားရည်တို့သည် ပုရိသယောက်ျားတေကိုဆွဲဆောင်လျက် ရှိသည် စွဲညှို့အတွက်တချိန်ကလှပခဲ့ပေမယ့် သူအမှန်တကယ်ချစ်မြတ်နိုးခဲ့ခြင်းမဟုတ် အရင်ကကိစ္စတေသူ့ကိုပြန်လည်လွှမ်းမိုးလာတော့မှာကို စိုးရိမ်မိပါသည်
YOU ARE READING
မေတ္တာ 'လွန်'
Ficção Adolescente'ချစ်ခြင်းမေတ္တာဆိုသည်မှာ ၁၅၀၀အချစ်သာ မဟုတ် ၅၂၈အချစ်လည်း ဖြစ်၏။ ၅၂၈ချစ်ခြင်းနှင့် ၁၅၀၀ ချစ်ခြင်းတို့ အားပြိုင်ကြတဲ့အခါ မေတ္တာ လွန်ဆွဲခြင်း ဖြစ်ပေါ်လာ၏။ တခါတရံ ရွေးချယ်သူတို့အဖို့ အလွန်ခက်ခဲလှသဖြင့် ကြိုးဆွဲသူတို့အပေါ်၌သာ မူတည်လာတတ်၏ သင့်အနေနဲ့တစ်စု...