Ep-36

1.1K 86 0
                                    

အပိုင်း(၃၆)

          
             ဖေဖေမရှိတုန်း ခေတ်တစ်ယောက် တဖက်အိမ်ကို ခိုးဝင်ခဲ့သည် ခြံရှေ့ကမဝင်ပဲ နောက်ဖေးဘက်အခြမ်းကနေသွားကာ အိမ်သော့ဖွင့်ပြီးဝင်လိုက်ပြီးနောက် အထဲကိုလှည့်ပတ်ကြည့်ရင်း အိမ်ရဲ့အစိတ်ပိုင်းတစ်ခုချင်းစီကိုလက်ကလေးနဲ့ထိတွေ့လျက် ညှိုးငယ်သောမျက်နှာထားနဲ့ 
"မမညှို့ကိုလေ ခေတ် သိပ်သတိရတယ် မမညှို့အခုဘာလုပ်နေမလဲဟင် ခေတ်ကိုမေ့နေပြီလား ဖွားဖွားအလိုကျ လက်ထပ်လိုက်ပြီလား...ဟူးးး"သက်ပျင်းလေးချကာ ဆိုဖာပေါ်တွင်ထိုင်ရင်း
"တကယ်သာအဲ့လိုဆိုရင် ခေတ်မမညှို့အကြောင်းမသိချင်တော့ဘူး  ခေတ်ခံစားနိုင်မှာမဟုတ်ဘူး...အဟင့်...."ပြောရင်း မျက်ရည်များ အဆက်မပြတ်ကျလာပြီး ရင်ထဲရှိုက်တက်လာတာကြောင့် ရှိုကြီးတငင်ငိုမိတော့သည်
"ခေတ်ရင်ထဲမှာ စူးနေတာပဲ လူကြီးရာ...."ရင်ဘက်လေးကိုလက်ကလေးနှင့်ဖိကာ မျက်လုံးအိမ်တို့တင်းကြပ်စွာပိတ်လိုက်ပြီး မငိုအောင်နေမိပေမယ့် မျက်ရည်စတို့သည်ထိန်းမရနိုင်ခဲ့ပေ 
အရင်တခါလွမ်းရတာထက်ကို ပိုပြီးနာကျင်နေရသည်   "လွမ်းတယ် အရမ်းလွမ်းတယ် ပြန်မဆုံစည်းနိုင်ဘူးဆိုတဲ့ အသိက ....အဟင့်....ပိုပြီး...ပိုပြီးခံစားရတယ်....ဆုံစည်းခဲ့ရင် ..မပိုင်ဆိုင်နိုင်တော့ဘူးဆိုတာတွေးမိတိုင်း ပိုပို.. ပိုပြီးနာကျင်ရတယ် ...."
နှုတ်ခမ်းလေးကိုကိုက်လိုက်ကာ ခံစားချက်တေကိုမျိုချကာ အိမ်ထဲကထွက်လိုက်ပြီး သော့ပြန်ခက်ခါ ကိုယ့်အိမ်ဘက်ကိုယ်ပြန်လာခဲ့တော့သည်

.....................

"တီချယ် တီချယ် "
သွင်တစ်ခေတ် အနောက်ကိုလှည့်ကြည့်လိုက်တော့ တနေ့က ပန်းပေးတဲ့ကောင်လေးပင်
"ဘာများလဲ"
"တီချယ့်ကိုကျတော်အကူညီတောင်းချင်တာရှိလို့ပါ"
"ဘာများလဲ"
"ဟို..ဟို..ကျတော်တီချယ့်ဆီမှာ စာသင်လို့ရမလားဗျ"
"ဘလို..."
"ဟုတ်ပါတယ် ကျတော် စာသိပ်မလိုက်နိုင်လို့ပါ "
"မင်းကတော်ပြီးသားပဲကို"
"တချို့နေရာတေမှာ ကျတော်မရတာတေရှိနေလို့ပါ"
"အော် ဒါဆိုလည်း တီချယ့်ကို လာမေးပေါ့.."
"တကယ်လားတီချယ် အာ့ဆို ကျတော်အိမ်မှာ စာလုပ်နေရင်း နားမလည်တာရှိရင် တီချယ့်ဆီလာမေးမယ်နော်"
"ရပါတယ် .."
"ဟုတ်ကဲ့ ကျေးဇူးပါ တီချယ့် လိပ်စာလေးတချက်လောက်ပေးပါလား ကျတော်စာလာမေးလို့ရအောင်"
"အင်း.."သူပေးလာတဲ့ note စာအုပ်အသေးလေးပေါ်တွင် သူ့အိမ်လိပ်စာလေးချရေးပေးလိုက်သည်

မေတ္တာ 'လွန်'Where stories live. Discover now