အပိုင်း(၄၁)
သွင်တစ်ခေတ်ကျောင်းမှာလည်းကျောင်းသားများအပြင်ဆရာဆရာများကြားမှာပါ သူမနှင့်သူ့ချစ်သူအကြောင်း ရပ်ကျော်ရွာကျော်ဖြစ်နေခဲ့သည်
ဒီပါလည်းထိုအကြောင်းသိသည်နှင့်ထိပ်ထိပ်ပြာပြာနဲ့ တကယ်မဟုတ်ကြောင်းပြောရန်အတင်းတေတိုက်တွန်းနေတော့သည် သွင်တစ်ခေတ်ကတော့သည်ကိစ္စကို မသိချင်ယောင်ဆောင်ကာနေပေမယ့် ကျောင်းကကျောင်းသား ယောက်ျားရှာတချို့ဆို ထိကပါးယိကပါးလုပ်ချင်ကြသေးသည်
ကိုကိုကြီးလည်း သူ့ကလေးနဲ့ ဧည့်သည်တေကြောင့် အိမ်မှာ အတတ်နိုင်ဆုံးပွဲမကြမ်းပဲနေနေရသည်သွင်တခေတ် အရင်ကလွတ်လပ်ပြီးပျော်ရွှင်တဲ့ဘဝကိုသတိရမိသည် အကုန်လုံးကသူ့ကိုချစ်ကြတယ် လေးစားကြတယ် အခု သူချစ်သူနဲ့သတင်းထွက်ပြီးတော့ အားလုံးက ဝေဖန်ပြစ်တင်လှောင်ပြောင်ကြတယ် သူစိတ်ပင်ပန်းလှသည် ဘာဆက်လုပ်ရမည်မှန်းလည်းမသိတော့ပါ မမညှို့ကိုလည်း သူသေလောက်အောင်ချစ်ပါသည် အဆုံးရှုံးလည်းမခံနိုင်ပါ ဒါကြောင့် ရူးရူးမိုက်မိုက်နဲ့ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့သည်
"လူကြီး...ခေတ်တို့အဝေးဆုံးကိုထွက်သွားကြရအောင်"
"ဘာရယ် ...ခေတ်...ခေတ်ဘာပြောလိုက်တယ်"
ထိုစကားကို မကြားတာမဟုတ်ပဲ မယုံကြည်နိုင်စွာနဲ့မို့ထပ်မံပြန်မေးလိုက်ခြင်းပေ
နှစ်ယောက်သား နောက်ဖေးခြံကသရက်ပင်အောက်တွင်ချိန်းတွေ့နေကြခြင်းပေ ရင်ခွင်ထဲမှီနေပြီး ရုတ်တရက် ထပြောလိုက်တဲ့စကားပင်
"ခေတ်လေ မနဲ့ အဟင့် မခွဲနိုင်ဘူး.."ငိုမဲ့မဲ့လေးနှင့် မျက်ရည်တို့ကိုတံတောင်နှင့်ပွတ်ဆွဲကာ ပြောလိုက်သည်
"ခေတ် ခေတ်ဖေဖေတို့ကိုရော.."
"ဖေဖေတို့ကိုလည်းခေတ်ချစ်တယ် ဒါမယ့် ခေတ်ဘယ်သူ့ကိုရွေးရမယ်မှန်းလည်းမသိဘူး"
"မ ကိုရွေးလိုက်တာလား ခေတ်"
"ခေတ်ရွေးချယ်ရတာ မကြိုက်ဘူး...အဟင့် ခေတ်မရွေးချင်ဘူး အကုန်လုံးက ခေတ်ချစ်တဲ့သူတေကြီးပဲ...အဟင့်..."ပခုံးလေးပင့်သည်အထိ ငိုကာပြောလာသည် စွဲညှို့လည်း လက်ကလေးနှင့်တယုတယ ပွတ်သုတ်ပေးလိုက်ကာ
"ကဲပါ ခေတ်ရယ် ခေတ်မနဲ့လိုက်မယ်ဆိုရင် ခေတ်ရဲ့ဖေဖေရယ် ကိုကိုတို့ရယ်နဲ့ ဘယ်တော့မှမတွေ့ရတော့ဘူးဆိုရင်ရော လိုက်ဦးမှာလား"
စွဲညှို့စကားကြောင့် သွင်တစ်ခေတ် ငြိမ်ကျသွားကာ တွေဝေသွားလေဟန်ရှိနေသည်
"အဲ့လို မလုပ်လို့မရဘူးလားဟင်"
"မရဘူး ခေတ် ခေတ်ရဲ့မိဘတေ လက်မခံနိုင်တာမို့ မတို့နှစ်ယောက် ခိုးပြေးသွားခဲ့ရင်လည်း မရရအောင်လိုက်တားကြဦးမှာပဲ ထပ်ခွဲကြဦးမှာ မ ထပ်ပြီးရင်ကွဲမခံနိုင်တော့ဘူး.."
"အာ့ဆို ခေတ်ကဘာဆက်လုပ်ရမှာလဲဟင်"
"ခေတ်ပင်ပန်းနေပြီမလား."မျက်ရည်စတို့ဆို့နေတဲ့ခေတ်ရဲ့မျက်ဝန်းလေးကိုကြည့်လျက် ပါးလေးကိုနူးနူးညံ့ညံ့သေချာကိုင်ကာ
နီးကပ်စွာတိုးပြီး နှုတ်ခမ်းကိုနမ်းမလိုနှင့်နဖူးကိုညင်သာစွာနမ်းလိုက်သည်
"..."ခေတ်လည်းငိုမဲ့မဲ့လေးနှင့်ကြည့်ကာဘာမှပြန်မပြောနိုင်ခဲ့ပါ
"မ တောင်းပန်ပါတယ် မ က ခေတ်ကို ပင်ပန်းစေခဲ့ပြီ"ပြောရင်းနဲ့ မမညှို့မျက်ရည်တို့ကျဆင်းလာသည် ခေတ်ပို၍ပင်ငိုချင်လာရသည် ဘာမှဆက်မပြောနိုင်တော့တာကြောင့် ရင်ခွင်ထဲပဲတိုး၍ငိုမိသည်
"မ က ခေတ်ကိုထားသွားမို့လား"
"အဲ့လိုမဟုတ်ရပါဘူး ကလေးရယ် ဒီမှာမ ကိုသေချာကြည့်"
ခေတ်ရဲ့မျက်လုံးကိုသူ့အားသေချာစိုက်ကြည့်စေပြီး
"ခေတ်ကိုမေတ္တာရပ်ခံပါရစေ ခနလောက်ပဲ တောင့်ခံထားပေးပါနော် မ ခေတ်ကို သိက္ခာရှိရှိပဲထားချင်တယ် မ သူတစ်ပါးသားသမီးကို ခိုးယူမပေါင်းသင်းချင်ဘူး ခေတ်ရယ်"
"ခေတ်လည်း အဲ့လိုမလုပ်ချင်ပါဘူး ခေတ်ရွေးချယ်ရခက်လွန်းလို့ ဘာလုပ်ရမယ်မသိတော့ဘူး"
"မ ခေတ်ကို ဘယ်တော့မှမခိုးဘူးလို့ဆုံးဖြတ်လိုက်ပြီးပြီ"
"ဒါဆို ဘာဆက်လုပ်မှာလဲ"
"ခေတ်ဖေဖေနဲ့အကိုတေသဘောတူတဲ့အထိ မ ခေါင်းမာစွာ ကပ်တွယ်သွားမှာပါ "
"နှစ်တေကြာသွားခဲ့ရင်ရော"
"ဘယ်လောက်ပဲကြာပါစေ မ အသက်ရှင်သ၍ စောင့်နေမှာ ခေတ်သာ မ ဘက်မှာရှိနေပေးနော်"
ခေတ်ခေါင်းလေးအသာငြိမ့်လိုက်သည်
နှစ်ဦးသားသက်ပြင်းလေးချကာ လက်ကလေးကိုင်ထားလျက် ခေတ်စွဲညှို့ရင်ခွင်ထဲမှီလျက်ငြိမ်သွားကြသည်
ထိုစကားတို့ကိုတစ်စုံတစ်ဦး နားထောင်နေခဲ့သည်ကို သူတို့နှစ်ဦးမသိခဲ့
YOU ARE READING
မေတ္တာ 'လွန်'
Teen Fiction'ချစ်ခြင်းမေတ္တာဆိုသည်မှာ ၁၅၀၀အချစ်သာ မဟုတ် ၅၂၈အချစ်လည်း ဖြစ်၏။ ၅၂၈ချစ်ခြင်းနှင့် ၁၅၀၀ ချစ်ခြင်းတို့ အားပြိုင်ကြတဲ့အခါ မေတ္တာ လွန်ဆွဲခြင်း ဖြစ်ပေါ်လာ၏။ တခါတရံ ရွေးချယ်သူတို့အဖို့ အလွန်ခက်ခဲလှသဖြင့် ကြိုးဆွဲသူတို့အပေါ်၌သာ မူတည်လာတတ်၏ သင့်အနေနဲ့တစ်စု...