အပိုင်း(၁၈)
မန္တလေးမဟာမြတ်မုနိဘုရားကြီးတွင်မနက်အစောပိုင်းတည်းက ခရီးသွားများဖြင့်စည်ကားလွန်းနေသည်
စွဲညှို့တို့ရောက်ချိန်တွင်တော့နေအနည်းငယ်မြင့်နေပေပြီ နေမြင့်သော်လည်း ဧည့်သည်တေကတော့ စည်ကားနေဆဲပေ ဝင်ဝင်ခြင်းအပေါက်တွင် သူ့ထက်ငါအလုအယက် ပန်းရောင်းနေကြသောကလေးမလေးတေထဲကတစ်ယောက်ဆီမှ ပန်းနှစ်စည်းဝယ်ကာ ဘုရားထဲဝင်လာခဲ့ကြသည်
ဘုရားရိပ်သည်သာအေးချမ်းရာ ဆိုတဲ့အတိုင်း ဘုရားထဲဝင်လိုက်သည်နှင့် နှစ်ယောက်လုံး စိတ်ကြည်လင်အေးချမ်းနေခဲ့သည်
ဘုရားကိုဦးခိုက်ရှိခိုးပြီးတဲ့နောက်မှာတော့ ခေတ်လက်ထဲက ပန်းကိုယူကာ နှစ်စည်းပေါင်းပြီး ပန်းအိုးထဲထိုးထည့်ကာ လက်အုပ်ချီလျက် ခေတ်အနားကိုပြန်လာထိုင်လိုက်ပြီး"ခေတ်..ဘာတေဆုတောင်းလဲ"
"အို ပြောစရာလား...ဆုတောင်းတေကပြောရင်မပြည့်တတ်ဘူးတဲ့"
"တကယ်တော့ဆုတောင်းဆိုတာမျိုးက ဆုတောင်းတဲ့သူအပေါ်မှာပဲ မူတည်တယ် တကယ်လေးလေးနက်နက်လိုချင်တဲ့သူ အဲ့ဆုနဲ့တကယ်ထိုက်တန်တဲ့သူဆိုရင် အဲ့ဆုတောင်းကပြည့်တယ်တဲ့"
"ဟုလား.."သေချာအာရုံစူးစိုက်စွာနားထောင်နေတဲ့ခေတ်ကို ကြည့်ကာ ပြုံးရယ်လိုက်မိပြီး အသည်းယားစွာပဲ ပါးလေးကိုအသာဆွဲညှစ်လိုက်မိသည်
ထိုအခါ အနောက်ကိုဆုတ်သွားပြီး
"မမညှို့နော် ဘုရားရှေ့မှာ မလုပ်နဲ့"
"ဟောတော့ ပါးလေးညှစ်မိတာလေ ဖက်နမ်းတာလည်းမဟုတ်..."
"မသိဘူး လာမလုပ်နဲ့ .."
"ဟဟဟ အိုခေပ့ ပေါက်စရယ် လာ .ဘုရားကိုလိုက်ပတ်ကြရအောင်.."
"အင်း."ခေတ်ရဲ့ လက်ကလေးကိုကိုင်လိုက်ကာ သူ့နောက်ကိုလိုက်စေရန် ဆွဲခေါ်လိုက်သည်
သည်တခါတော့ ပေါက်စတစ်ယောက်မရုန်းတော့ပါ
ငြိမ့်ငြိမ့်သာသာပဲနောက်ကနေလိုက်ပါလာသည်
နှစ်ယောက်စလုံးလမ်းသွားရင်း ပြုံးလျက်ရှိနေကြပြီး
နှစ်ဦးသားရဲ့မသိစိတ်တေကပျော်ရွှင်နေကြသည်
ထိုစဉ်အနောက်မှ အသံတစ်ခုကြောင့် စွဲညှို့ခြေလှမ်းများရပ်တန့်သွားခဲ့ရသည်
"ညှို့..."
ခေတ်လည်းကြောင်အမ်းအမ်းနဲ့နောက်ကိုလှည့်ကြည့်လိုက်သည်။ စွဲညှို့နောက်ကိုလှည့်ကြည့်လိုက်ချိန်တွင် သူ့ကိုပြုံးကြည့်နေတဲ့ သူ
"သုတ"
"ညှို့ကို companyမှာ ရှိမယ်ထင်တာ ဒီရောက်နေတာပဲ"
"...အင်း...ဟုတ်တယ်..အရေးကြီးတဲ့သူကို မန္တလေးမြို့ကြီးကို လိုက်ပို့ပေးမလို့လေ"
စကားပြောရင်း သုတသူ့ဘေးရောက်လာသည်
စွဲညှို့ခပ်တည်တည်နဲ့ပြန်ဖြေကာ
သုတအံ့ဩစွာနဲ့
"ဘလိုဘလို ညှို့ကလိုက်ပို့ပေးတယ်လား...ဘယ်သူလေးတုန်းကြည့်ရအောင်..."စွဲညှို့ကိုကျော်ကာ နောက်ကိုကြည့်လိုက်တော့ စွဲညှို့နောက်တွင်ကပ်ကာ သူ့ကိုချောင်းကြည့်နေတဲ့ကောင်မလေးကိုတွေ့လိုက်ရသည်
"ဒီကောင်မလေးက ချစ်စရာလေးပဲ ဘယ်ကရှာတွေ့လာတာလဲ.."
စွဲညှို့လည်းသုတစကားကြောင့် ခေတ်လက်ကိုဆွဲကာ သူ့နောက်ကိုအတင်းဆွဲပို့ကာ ခေတ်ကလည်း စွဲညှို့လက်မောင်းလေးကိုကိုင်ကာ အနောက်တွင်ကပ်လျက်ပဲနေနေသည်
"ဒါနင်နဲ့မဆိုင်ပါဘူး..နင်ကဒီကိုဘာလာလုပ်တာလဲ"
"အော် ဘုရားလာတာပဲဟာ ဘုရားဖူးဖို့ပေါ့ မရောက်တာကြာလို့ရောက်လာတာပါ"
"အင်းအင်း အာ့ဆိုဆက်ဖူးလိုက်ဦး သွားလိုက်ဦးမယ်"
"ဒါမယ့်လေမနက်စာ...ညှို့...ညှို့.."
သုတစကားမဆုံးလိုက် စွဲညှို့ခေတ်ကိုအတင်းဆွဲကာ ထွက်သွားတော့သည်
"ဘာလို့စိမ်းသက်သက်ကြီးခံစားနေရတာပါလိမ့် ငါသူ့ဆီက ဘာယူထားမိလို့အဲ့လိုကြည့်နေရတာလဲ"သုတသူ့ဘာသာသူပြောလိုက်ပြီး တဖက်ကိုလျှောက်သွားလိုက်သည်
.......
YOU ARE READING
မေတ္တာ 'လွန်'
Novela Juvenil'ချစ်ခြင်းမေတ္တာဆိုသည်မှာ ၁၅၀၀အချစ်သာ မဟုတ် ၅၂၈အချစ်လည်း ဖြစ်၏။ ၅၂၈ချစ်ခြင်းနှင့် ၁၅၀၀ ချစ်ခြင်းတို့ အားပြိုင်ကြတဲ့အခါ မေတ္တာ လွန်ဆွဲခြင်း ဖြစ်ပေါ်လာ၏။ တခါတရံ ရွေးချယ်သူတို့အဖို့ အလွန်ခက်ခဲလှသဖြင့် ကြိုးဆွဲသူတို့အပေါ်၌သာ မူတည်လာတတ်၏ သင့်အနေနဲ့တစ်စု...