အပိုင်း(၃၉)
ကလေးအသားအနည်းငယ်ဝါတာကြောင့် ဆေးရုံကိုဆက်တက်နေရပြီး အမေဖြစ်သူပါရှိနေသည် အဘိုးဖြစ်သူလည်း အနားမှာတရစဉ်ရှိနေပေးပြီး စောင့်နေပေးရှာသည်
တရက်တော့ အခန်းရှေ့တွင် အသိအေဒါ်ကြီးတစ်ယောက် တမှိုင်မှိုင်တတွေတွေနှင့် မျက်ရည်စတချို့ကိုသုတ်လျက်ရှိနေသည် ဦးသွင်မင်းလည်း အပြင်ထွက်ထိုင်တာနှင့်စုံ၍စကားစမိသည်"အမကြီး ကလေးဘာဖြစ်လို့လဲဗျ"
ထိုအမျိုးသမီးကမျက်ရည်စတချို့နဲ့ ပြန်ကြည့်လာကာ
"မြေးလေးကကျန်းမာရေး တော်တော်ဆိုးတယ် ငါ့မောင်ရယ် နှလုံးရောဂါပါလာတယ် အာ့ကြောင့်ပါ"
"စိတ်မကောင်းလိုက်တာဗျာ"
"ဟုတ်တယ် ငါ့မောင်ရယ် သမီးဖြစ်သူခင်မျာလည်း သနားပါတယ် လင်ဖြစ်သူကလည်းဘေးနားမှာ မရှိ အမကလည်းကောင်းကောင်းကြီးမစောင့်ရှောက်နိုင်ပဲဒုက္ခတေရောက်နေတာ"
ဦးသွင်မင်းအနားကပ်ထိုင်ကာနှစ်သိမ့်ရန် ပခုံးလေးပုတ်ပေးလိုက်ပြီး
"အမကြီးသားမက်က အနားမှာမရှိဘူးဆိုောတ့အလုပ်သွားနေလို့ပေါ့နော်"ထိုအမျိုးသမီးကငိုမဲ့မဲ့နှင့်ကြည့်လာပြီး
"မဟုတ်ပါဘူး ...သမီးနဲ့ကကွဲသွားပြီလေ သူတို့အိမ်ထောင်ရေးအဆင်မပြေပါဘူးငါ့မောင်ရယ် သမီးလေးနဲ့သာသူ့ကိုသူချစ်တဲ့သူနဲ့ပေးစားခဲ့မယ်ဆိုရ်ငဒီလိုဖြစ်မှာမဟုတ်ဘူး"
"မဟုတ်တာပဲဗျာ အမကြီးကောင်းစေချင်လို့ပေးစားခဲ့တာပဲမဟုတ်လား..သူ့အိမ်ထောင်ရေးကဒီလိုဖြစ်လာမယ့်ကံပါလာတယ်လို့ပဲသတ်မှတ်လိုက်ပါ"
"သမီးခင်မျာလည်းသနားပါတယ် မချစ်တဲ့သူနဲ့ယူရတဲ့ဒုက္ခကို ခါးစီးခံနေရတာ အမမှားတာပါ ဒါမယ့် မြေးလေးကြီးလာရင်တော့သူ့စိတ်တိုင်းကျပဲဖြစ်စေရမယ် "
"အမကြီးသမီးချစ်သူနဲ့ဘာလို့သဘောမတူတာလဲဗျ"
ဦးသွင်မင်းစိတ်ဝင်တစားမေးလိုက်မိသည်
" ပြောရမှာရှက်မိပါတယ် ဒါမယ့် ပြောပြရတာပေါ့ ငါ့မောင်လည်းမမှားသင့်တာ မမှားရအောင် "
"ဟုတ်ကဲ့ဗျ"
"သမီးဖြစ်သူရဲ့ချစ်သူနဲ့ဘာလို့သဘောမတူတာလဲဆိုတော့ သူ့ချစ်သူက မိန်းကလေးဖြစ်နေလို့ပဲ"
"ဗျာ"ထိုစကားကြောင့် ဦးသွင်မင်း အံ့ဩမိသည် ဒိလိုကိစ္စမျိုးကိုသူ့သမီးတစ်ယောက်တည်းရှိနေသည်သာထင်ခဲ့မိသည် ယခုနောက်ထပ်ရှိနေသေးတာလား
"အမကြီးခင်မျ အဲ့လိုအချင်းချင်းကြိုက်တာတေက တကယ်ပဲရှိနေတာလား"
ထိုအမျိုးသမီးကထူးဆန်းစွာနဲ့ကြည့်ကာ
"ရှိတာပေါ့ အများကြီးပဲ ဘာလို့လဲ ဒါထူးဆန်းလို့လား "
"အမကြီးကြည့်ရတာ မထူးဆန်းတဲ့အတိုင်းပဲ"
"ဟုတ်ပါတယ်လေ အမလည်းအရင်ကအဲ့လိုဖြစ်ခဲ့တာပဲ အခုတော့လည်းနားရည်ဝနေပါပြီ သမီးဖြစ်သူရဲ့ဖြစ်တည်မှုကိုလက်မခံနိုင်ပဲ တစ်ဇွတ်ထိုးဆန်ခဲ့မိတာ သူစိတ်နာနေရှာတာ အစကဆို သူဆေးရုံတက်တာတောင်အသိမပေးဘူး မြေးလေးကိုလည်း ပေးမကြည့်ဘူး"
"အဲ့လောက်တောင်ဖြစ်သွားတာလား"
"ဟုတ်တယ် အခုတော့ သူစိတ်ပြေသွားပါပြီ ဒါမယ့် စိတ်ဆင်းရဲနေရတုန်းပဲ ကဲကဲ အမသွားဦးမယ် "
"ဟုတ်ကဲ့"
ဦးသွင်မင်း ထိုအမျိုးသမီးကိုကြည့်ကာ သမီးဖြစ်သူကိုသတိရမိသွားသည် သမီးဖြစ်သူကကော ခုချိန်မှာ ဘလိုစိတ်ရှိနေမလဲ သူတို့တကယ်ပြတ်သွားကြရဲ့လား
တွေးရင်း ရင်လေးလာရသည် တလောက တဖက်အိမ်ကိုဟိုကလေးမပြန်ရောက်လာတယ် ကြားသည် ချွေးမကလေးမွေးနေတာနှင့် ဂရုမထားနိုင်ခဲ့
ထိုအခါမှသတိရကာ အိမ်အမြန်ပြန်ဖို့လုပ်ရတော့သည်
YOU ARE READING
မေတ္တာ 'လွန်'
Teen Fiction'ချစ်ခြင်းမေတ္တာဆိုသည်မှာ ၁၅၀၀အချစ်သာ မဟုတ် ၅၂၈အချစ်လည်း ဖြစ်၏။ ၅၂၈ချစ်ခြင်းနှင့် ၁၅၀၀ ချစ်ခြင်းတို့ အားပြိုင်ကြတဲ့အခါ မေတ္တာ လွန်ဆွဲခြင်း ဖြစ်ပေါ်လာ၏။ တခါတရံ ရွေးချယ်သူတို့အဖို့ အလွန်ခက်ခဲလှသဖြင့် ကြိုးဆွဲသူတို့အပေါ်၌သာ မူတည်လာတတ်၏ သင့်အနေနဲ့တစ်စု...