Ep-35

1K 78 0
                                    

အပိုင်း(၃၅)

     အခန်းတံခါးရှေ့တွင်ရပ်စောင့်နေသော ဦးနေလင်းညှို့နဲ့ဒေါ်သက်လျာ အခန်းထဲကပစ်ပေါက်သံတေကိုကြားနေရသည် ပြီးတဲ့နောက် အခန်းပြင်ကိုအမောတကောနဲ့ဗန်းလေးကိုင်ပြီးထွက်လာတဲ့ အိမ်ဖော်မလေး

"ဖွားဖွားကြီး မမလေးက မစားဘူးတဲ့ သမီးသွားမကျွေးရဲတော့ဘူး "ပြောကာခေါင်းလေးငုံ့လျက် ထွက်သွားတော့သည်
ဦးနေလင်းညှို့လည်း သက်ပျင်းချကာ
"မေမေ သားတို့ ဘလိုလုပ်ကြမလဲ အခန်းထဲကအခန်းပြင်မထွက်တာ ‌ဘလောက်တောင်ကြာနေပြီလဲ company လည်းမသွားတော့ဘူး အစားလည်းမစားဘူး ကြာရင်ကျန်းမာရေးထိခိုက်နိုင်တယ်"
"နေပါစေ လွှတ်ထားလိုက် နောက်ကျရင်ငြိမ်သွားလိမ့်မယ်"လို့သာပြောပြီး အောက်ထပ်ကိုဆင်းသွားခဲ့သည်
ဦးနေလင်းညှို့ကတော့ သက်ပျင်းချလျက်သာ ကျန်နေခဲ့ရသည်

----------

"Tr..Trခနလေးနေပါဦး"
အနောက်မှ အမောတကောလှမ်းခေါ်လိုက်တဲ့ကောင်လေးရဲ့အသံကို ကြားလိုက်ရပြီး သွင်တစ်ခေတ်လှည့်ကြည့်လိုက်တော့  ချည်လုံချည်ပုဆိုးလေးကိုဝတ်ဆင်ထားပြီးကတီပါ ဖိနပ် အမဲလေးကိုဝတ်ဆင်ထားတဲ့ ကောင်လေး လက်ထဲမှာ‌လည်းနှင်းဆီပန်းလေးတစ်ပွင့်ကိုင်လျက် လက်တဖက်က ကျောပိုးအိတ် ကိုလွယ်ထားကာကြိုးစကိုကိုင်လျက် ပြေးလာတာတွေ့လိုက်ရသည်
"ဖြေးဖြေးလာပါ ချော်လဲပါ့ဦးမယ်"
ထိုကောင်လေးအနားရောက်သည်နှင့် သူ့ကိုရယ်ပြကာ နှင်းဆီပန်းလေးကိုသူ့ဆီထိုးပေးပြီး
"တီချယ့်ဖို့.."
"အာ...ဟုတ်ကဲ့ ကျေးဇူးပါ "
ပန်းလေးယူကာ ပြုံးလိုက်တော့
"Tr.အပြုံးလေးမြင်ရတာ ကျတော်ဝမ်းသာလိုက်တာချယ်ရယ် "
"ဟင် ဘာလို့လဲ "
"ချယ့်ကိုကြည့်ရတာ တစ်ခုခုကြောင့်ဝမ်းနည်းနေပုံရတယ် မျက်နှာ မကောင်းဘူး ကျတော်တို့ ကျောင်းစတက်တုန်းကနဲ့မတူဘူး ချယ် ပြုံးရင်သိပ်လှတာ အဲ့လိုပဲ အမြဲပြုံးနေပါချယ်"
"ခုလိုပန်းပေးတဲ့အတွက်ရော အားပေးတဲ့အတွက်ပါကျေးဇူးတင်ပါတယ်နော်"
"ဟုတ်ကဲ့..တီချယ် အခုဘယ်သွားမို့လဲ ကျတော်လိုက်ပို့မယ်လေ"
"အာ ရတယ် ကန်တင်းမှာ သူငယ်ချင်းတေရှိတယ် အာ့ဒါသူတို့နဲ့ ထမင်းသွားစားမို့"
"အော် ဟုတ်ကဲ့ ဒါနဲ့စကားမစပ် ချယ် ဘာစားရတာကြိုက်လဲဟင်"
"ဟမ်...ဟို..ဘာဖြစ်ဖြစ်အကုန်စားပါတယ် အစားသိပ်မရွေးဘူး ဘာလို့လဲဟင်"
"ဘာမှမဖြစ်ပါဘူး အာ့ဆို ကျတော်သွားပြီနော်"
"ကောင်းပါပြီ"

မေတ္တာ 'လွန်'Where stories live. Discover now