Ep-24

1.2K 79 0
                                    

အပိုင်း(၂၄)

ကားပေါ်တွင် ခေတ်လိုအပ်သမျှကို စွဲညှို့လိုက်လုပ်ပေးနေမိသည် 

ကားမမူးအောင်လည်း ဆေးတေတိုက်ပြီး ခေါင်းမူးရင်လည်းခေါင်းလေးကိုအသာယာ နှိပ်နယ်ပေးနေသည် 
ပြီးနောက် စွဲညှို့ရင်ခွင်ထဲတွင်ခေတ်တစ်‌ေယာက် မှီလျက် အိပ်နေသည် စွဲညှို့လည်းခေတ်ကိုဖက်လျက် ခေါင်းလေးမှီကာ အိပ်နေလိုက်သည်

သုတတစ်ယောက်ကတော့အောင့်သက်သက်နှင့် ကားမောင်းလိုက် ဘက်မှန်ကနေအနောက်ကိုကြည့်လိုက်နှင့်
*မနာလိုလိုက်တာ..အဲ့ကလေးမကိုဂရုစိုက်နေလိုက်တာများ စွဲညှို့မဟုတ်တဲ့အတိုင်းပဲ...ငါတွေ့ဖူးတဲ့စွဲညှို့မှဟုတ်ရဲ့လား နူးညံ့ညင်သာနေတာပဲ ..*
*ကျစ် ..ခံစားချက်ကြီးကကောင်းမနေဘူး*
သုတတွေးရင်းသာကားဆက်မောင်းနေလိုက်ရသည်

တည်းမဲ့ဟိုတယ်အရောက်တွင်တော့ အထုပ်တေကူချပေးလိုက်ကာ  reception တွင်အခန်းမေးကာ ဘိုကင်ယူပြီးသားအခန်းတေဆီသို့ ထွက်လာခဲ့လိုက်သည်

အခန်းထဲအရောက်တွင်

"ခေတ် ပျော်လား...မနဲ့အခုလိုခရီးထွက်ရတာ"
"အင်း..အရမ်းပျော်တယ်.."
အခန်းရဲ့ ဝရန်တာဘက်ကိုထွက်လိုက်ချိန်တွင် လက်ညှိုးထိုးမလွဲရှိနေသော ဘုရားစေတီတေကို ရေးရေးမြင်နေရသည် ဆောင်းဝင်နေပြီဖြစ်တာကြောင့်အနည်းငယ်အေးစပြုနေပြီဖြစ်ပြီး ညနေခင်းချိန်လေးမို့ နှင်းမြူမွှားမွှားလေးများ ကျဆင်းနေသည်  
စွဲညှို့ ရှေ့ထွက်ကြည့်နေသော ခေတ်ဆီလျှောက်သွားကာ နောက်ကနေခါးသိမ်သိမ်လေးကိုသိုင်းဖက်လျက် ပခုံးလေးပေါ်မေးတင်လိုက်ပြီး လည်တိုင်ကျော့ကျော့လေးကိုနမ်းရှိုက်လိုက်သည်
ခေတ်လည်းပြုံးလျက်စွဲညှို့ရဲ့မျက်နှာလေးကို လက်ပြန်ကိုင်ကာ ခေါင်းလေးစောင်းလျက်မှီထားလိုက်သည်
"ခေတ်..."
"ဟင်.."
"မ ကိုနမ်း..."
"အမ်...မမညှို့နော် ရှေ့မှာ ဘုရားတွေအများကြီးရှိနေတဲ့ဟာကို "
"အို ရှိတော့ပိုကောင်းတာပေါ့ မ တို့ရဲ့ ချစ်ခြင်းကိုဘုရား‌တွေအများကြီးရှေ့မှာ သက်သေထူပြီးသားဖြစ်တာပေါ့...နော့.."
"ဟွန့် ..လူကြီး လူလည်သိပ်ကျပဲ ခေတ်အနမ်းကိုရဖို့အမျိုးမျိူကလိမ်ကျနေတော့တာပဲ."
"ကလိန်ကျတာအမြဲမဟုတ်ပါဘူးနော်
တည့်လည်းတောင်းပါတယ်နော် ...ခေတ်ကသာ စိတ်မခိုင်ပဲ ခွင့်ပေးနေတာ မဟုတ်လား.."
ပြောရင်းပွတ်သပ်လျက်  ခေတ်လည်း နေရထိုင်ရတာ ယွစိစိဖြစ်လာသည်
"မမညှို့...ဘလိုလုပ်နေတာလဲ ခေတ်မနေတတ်ဘူး..အရမ်းကပ်နေပြီ"
"နေတတ်သွားမှာပါခေတ်ရဲ့.."သူ့ရဲ့ပခုံးတေလက်မောင်းတေကိုအသာယာ ပွတ်သပ်လျက် နမ်းရှိုက်နေသည် ခါးကိုလည်းလက်တစ်ဖက်က တင်းကြပ်စွာဖက်ထားလျက်
"မမညှို့နော် ..တော်တော်ဆိုးပဲ"
"ဆိုးတာလေးကိုမချစ်ဘူးလား"
"မချစ်ပါဘူး"
"ဒါဆို ဒီလူတော့ခံနိုင်ရည်မရှိဘူးရယ် နှလုံးသားနုနုလေးကွဲအပ်သွားနိုင်တယ်ခေတ့်ရဲ့"
"ဟွန့် ခေတ်နဲ့ဘာဆိုင်လည်း အဲ့တာ"
"မ နှလုံးသား‌ေလးကွဲအပ်သွားရင်ခေတ်ထိခိုက်သွားမှာပေါ့
ခေတ်က မ ရဲ့နှလုံးသားထဲရှိနေတာလေ ခေတ်ကိုယ့်ကိုကိုယ် ဒုက္ခမပေးပါနဲ့နော်."
"အို ....ဘာတေပြောနေမှန်းမသိဘူး..လွှတ်.."
ခေတ်ဖက်ထားတဲ့စွဲညှို့လက်ကို အတင်းဖယ်ကာပြေးဖို့လုပ်နေရသည် သို့ပေမယ့် စွဲညှို့က အလွတ်မပေးတာကြောင့်ဘဆက်၍ငြိမ်နေရသည်
ခနအကြာမှာတော့ စွဲညှို့ လက်လွှတ်လိုက်ပြီး ခေတ်ကိုယ်လေးကိုရင်ခွင်ထဲဆွဲသွင်းလိုက်သည် ခေတ်လည်းပြုံးလျက် ခေါင်းလေးမှီကာ ခါးလေးကိုဖက်လိုက်ပြီး
*နွေးထွေးနေတာပဲ *
"အရမ်းသဘောကျတယ် မမညှို့ရဲ့ရင်ခွင်ထဲနေရတာ..."
"ခေတ်ကို မ က တစ်သက်လုံးလည်း ထည့်ထားချင်တာပါနော်"
"ဟိဟိ.."ခေတ်တခိခိရယ်ကာ ရင်ခွင်ထဲကနေမှီလျက်ပဲ အပြင်ကိုကြည့်ကာ နေဝင်ချိန်ဆည်းဆာကိုခံစားနေခဲ့သည်

မေတ္တာ 'လွန်'Where stories live. Discover now