အပိုင်း(၃၁)
စွဲညှို့ သံပုရာရည်ခွက်ထဲကပိုက်လေးကိုလှည့်ကာ ပါးစပ်ထဲသွင်းကာ သောက်နေသည်ကို ခေတ်သေချာ ကြည့်ရင်းပြုံးနေမိသည် စွဲညှို့အပြင်ကိုကြည့်ရင်းမှ ခေတ်ဆီကို အကြည့်ရောက်မိတော့
"ခေတ်...မ မျက်နှာ တစ်ခုခုကပ်နေလို့လား."
"ဟုတ်ပါဘူး.."
"အာ့ဆို ဘာလို့ ပြုံးပြုံးကြီးစိုက်ကြည့်နေရတာလဲ"
"အွန်းးးး.ခေတ် ဒီအတိုင်းပဲ သဘောကျလို့ပါ ဟိဟိ"
"အဆန်းပါလား ..ဘာလို့များလဲ ပြောပါခေတ်ရဲ့"
"ဟိဟိ လူကြီးက သိပ်ချစ်စရာကောင်းတာပဲ.."
စွဲညှို့ ထိုစကားကြောင့် ရယ်လိုက်ကာ ခေတ်ရဲ့ပါးလေးကိုဆွဲညှစ်လိုက်သည်ထိုကြည်နူးစရာမြင်ကွင်းကို ကားပေါ်မှ လူတစ်ယောက်မြင်လိုက်ပြီး အတန်ငယ်ကြာအောင်ကြည့်ရင်း အတည်ပြုချက်ရပြီးမှ ထွက်သွားတော့သည်
..........
စွဲညှို့ ရုံးခန်းထဲတွက်အလုပ်ရှုပ်နေတုန်း တံခါးမခေါက်ပဲဝင်လာသူကြောင့် စိတ်တိုစွာနှင့်အော်လိုက်သည်
"တံခါးခေါက်ပြီးမှဝင်လေ ယဉ်ကျေးမှုမရှိဘူးလား ဟမ်"
"အိုး..စိတ်လျော့ပါငါ့တူမရယ် ဦးလေးထွန်းလွင်ပါ"
"ဦးလေးလည်း အသံပေးသင့်တယ်လေ "
"ဟုတ်ပါတယ် ဦးလေးမှားပါတယ် "
"ပြောပါ လာရင်းကိစ္စ မလာစဖူးအလာထူးနေတယ်"
"ဦးလေး မေးစရာလေးရှိလို့"
"ဘာများလဲ"စွဲညှို့ ဘောပင်လေးချကာ လက်လေးနှစ်ဖက်ယှက်လျက် နားထောင်လိုက်သည်
"သမီး သမီးက လိင်တူချစ်သူလား"
"...."ဦးထွန်းလွင်စကားကြောင့် စွဲညှို့မအံ့ဩပေမယ့် အနည်းငယ်တော့ကြောင်သွားရသည် ဘာလို့ရုတ်တရက်ကြီးလာမေးသည်လဲ
"ဘာလို့မေးတာလဲ"
"ဦးလေးမနေ့က အအေးဆိုင်မှာ သမီးကိုကောင်မလေးတစ်ယောက်နဲ့တွေ့လိုက်လို့ပါ"
"ဟုတ်ပါတယ် အဲ့တာ ကျမချစ်သူ ဘာဖြစ်လို့လဲ"
"မောင်သုတနဲ့လက်မထပ်ဖြစ်တော့ဘူးလား"
"ဟုတ်ကဲ့ နှစ်ဦးနှစ်ဖက်သဘောတူဖျက်သိမ်းတော့မှာပါ နေပါဦး ဦးလေးကဘာလို့လာမေးနေတာလဲ"
"ဘာ..ဘာမှ မဖြစ်ပါဘူး.."
"ဘာလဲ ဦးလေးက ကျမသုတနဲ့လက်ထပ်လားမထပ်လားသေချာချင်တာမလား ဦးလေး ကျမတို့နှစ်ယောက်ပေါင်းယှဉ်လို့မရတော့လေ "
"မဟုတ်ပါဘူး....ဦးလေးသမီးတို့ကိုယှဉ်ဖို့တခါမှမကြိုးစားဖူးပါဘူး မကျေနပ်တာပဲရှိခဲ့တာပါ"
"ဖွားဖွားကြောင့်လား.."
"အင်း..သမီးကိုဦးလေးက ကိုယ့်တူမလေးလို တကယ်ကိုသဘောထားတာပါ "
"ဘာလို့လဲ"စွဲညှို့သူ့ကိုကြည့်လိုက်တော့ သူ့မျက်လုံးထဲတွင်တစ်ခုခုဖုံးကွယ်နေပုံပင် ဘာလို့များလဲ တသက်လုံးဖွားဖွားကိုလိုက်နှောင့်ယှက်နေခဲ့တဲ့ လူက သူ့စည်းစိမ်တေကိုလိုချင်ခဲ့တာ မဟုတ်ဘူးတဲ့လား ဒါမှမဟုတ် တခြားဘာအဓိပ္ပာယ်လဲ
"စကားမဆက် သမီးကိုထပ်မေးစရာရှိသေးတယ်"
"ဘာများလဲ "
"သမီးဖွားဖွားက သမီးအဒေါ်နဲ့ ဦးလေးကို ပြန်ဆက်သွယ်နေတယ်ကြားတယ်"ထိုသတင်းကြောင့် စွဲညှို့အံ့ဩသွားကာ
"ဘလို ဖွားဖွားကလား."
"အင်း သမီးမသိဘူးလား ဦးလေးကသိတယ်ထင်နေတာ."
"မသိဘူး ဦးလေးကဘလိုသိတာလဲ"
"အဟက်! ဦးလေးကသမီးတို့မိသားစုနဲ့ပတ်သတ်သမျှကို အမြဲသိနေတဲ့သူလေ ဒါနဲ့ သမီးဦးလေးကိုရှာတွေ့ပြီလား သူဘယ်မှာတဲ့လဲ"
"သူကပုဂံမှာ"သူခေတ်နဲ့ပုဂံရောက်တုန်းက ဦးလေးဖြစ်သူဆီ ရောက်ခဲ့ပါသေးသည် တော်သေးသည်က သူ့ရဲ့ရောဂါအတော်သက်သာနေပြီပင် နောက်ဆုံးအချိန်ရောက်ပြီလို့ကြားထားပေမယ့် မဟုတ်ခဲ့ပေဘူး ဦးလေးကိုကူညီတဲ့ လူတေရှိနေပြီး ရောဂါကိုသိသိချင်းပျောင်အောင်ကုသနိုင်ခဲ့သည်တဲ့လေ အချိန်သိပ်မရသည်မို့ ဦးငယ်နဲ့အကြာကြီးမတွေ့ခဲ့ရပေ ခေတ်နဲ့လည်း ဦးငယ်ဟာရင်းနှီးသိကျွမ်းခဲ့ပြီး ဖွားဖွားမသိအောင်သာ ဒီကိစ္စကိုဖုံးကွယ်ထားခဲ့တာဖြစ်သည်
"ဟုလား ဘလိုနေသေးလဲ "
"ဦးလေးက ဘာလို့မေးနေတာလဲ"
"အော် ဒီလိုပါပဲ ခွန်းညှို့ကိုမတွေ့တာကြာပြီမလို့ မေးကြည့်တာပါ"
"..."ရယ်ကျဲကျဲပြောနေတဲ့ ဦးထွန်းလွင်ကိုကြည့်ရတာ မသင်္ကာစရာပင် ဦးငယ်နဲ့သူက ဘာဇာတ်လမ်းတေရှိခဲ့လိုအခုလိုတေမေးရတာလဲ
ထိုနေ့မှာတော့ ဦးထွန်းလွင်တစ်ယောက် ထူးဆန်းတာတေမေးပြီး ပြန်သွားခဲ့သည် ပုံမှန်ဆို သူတို့နှစ်ယောက်သည် အစည်းဝေးချိန်မှာသာတွေ့ကြပြီး တွေ့တိုင်းလည်း အမြဲရန်ဖြစ်နေကြသည်မို့ အခုလိုအေးဆေးစကားလာပြောနေသည်မှာတော်တော်ထူးဆန်းပါသည်
YOU ARE READING
မေတ္တာ 'လွန်'
Teen Fiction'ချစ်ခြင်းမေတ္တာဆိုသည်မှာ ၁၅၀၀အချစ်သာ မဟုတ် ၅၂၈အချစ်လည်း ဖြစ်၏။ ၅၂၈ချစ်ခြင်းနှင့် ၁၅၀၀ ချစ်ခြင်းတို့ အားပြိုင်ကြတဲ့အခါ မေတ္တာ လွန်ဆွဲခြင်း ဖြစ်ပေါ်လာ၏။ တခါတရံ ရွေးချယ်သူတို့အဖို့ အလွန်ခက်ခဲလှသဖြင့် ကြိုးဆွဲသူတို့အပေါ်၌သာ မူတည်လာတတ်၏ သင့်အနေနဲ့တစ်စု...