အပိုင်း(၂၈)
မင်္ဂလာပွဲအဆင်ပြေပြေပြီးသွားတာကြောင့် လူကြီးတေနဲ့ ကိုကြီးတို့ကပေျာ်နေကြပေမယ့် ခေတ်ကတော့ ကိစ္စလေးတစ်ခုကိုစိုးထိတ်နေခဲ့သည်
အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း လက်နှစ်ဖက်ကိုပွတ်သပ်လျက် ဖုန်းကိုကြည့်လိုက်နှင့်ပေ
ဒီအချိန်ဆိုဘလိုဖြစ်နေပြီလဲ ခေတ်စိုးရိမ်ပါသည် မမညှို့ကြည့်ရတာ တခုခုကိုစိုးထိတ်နေပုံပင် ဒါပုံမှန်မဟုတ်ပါ ခေတ်ဖုန်းလည်းဆက်ချင်ပါသည် ဆက်လည်းမဆက်ရဲပ့ ဒါကြောင့်ပဲ မမညှို့ဆီမှဖုန်းကိုပဲမျှော်နေမိသည်
အတန်ကြာတော့ စွဲညှို့ဆီမှ ဖုန်းသံလေးကိုကြားလိုက်ရသည် ခေတ်လည်း အသည်းအသန်ကိုင်လိုက်ပြီး
"ဟ..ဟလို.."
"ဟလို ခေတ် စိတ်အေးတော့နော်"
"ဟမ်..ဘာကိုလဲဟင်"
"ခေတ်ခုချိန်မှာ စိုးရိမ်နေတယ်ဆိုတာ မ သိပါတယ် အာ့ကြောင့် စိတ်အေးအေးထားဖို့ပဲလှမ်းပြောတာ မ အဆင်ပြေတယ် နော် အသည်းတုန်လေး"
ခေတ်ဘလိုစိတ်အေးရမည်လဲ စွဲညှို့ရဲ့လေသံတို့သည် တည်ငြိမ်အေးဆေးနေတယ်ဆိုပေမယ့် ခေတ်တခုခုခံစားနေရပါသည် သို့ပေမယ့် လူကြီးကိုစိတ်မပူစေချင်တော့ပါ ဒါကြောင့်ပဲ
"အင်းပါ အာ့ဆို ခေတ်စိတ်ချလိုက်ပါပြီ မမညှို့စိတ်မပူနဲ့နော်"
"အင်း...ဒီနေ့တော့ ခေတ်နားလိုက်ဦးနော် "
"ဟုတ်ကဲ့"
"အရမ်းချစ်တယ် စောစော အိပ်နော် မ ရဲ့အသည်းတုန်လေး"
"ဟုတ် အရမ်းချစ်တယ် လူကြီး"
.............အားတင်းပြုံးကာပြောနေပြီး ဖုန်းကျသည်နှင့်မျက်လုံးကိုအသာမှိတ်လိုက်ကာ သက်ပျင်းချလိုက်မိသည်
လွန်ခဲ့သော နှစ်နာရီခန့်က
အိမ်ကြီးရဲ့ဧည့်ခန်းတွင်မိသားစုသုံးယောက်စုံညီစွာမျက်နှာချင်းဆိုင်ထိုင်နေကြရင်း အေးစက်သော လေစိမ်းတေတိုးဝှေ့နေတာကို စွဲညှို့ခံစားလိုက်ရသည်
စကားပြောရင်အမြဲဦးဆောင်ပြောတတ်သူ ဒေါ်သက်လျာကပဲ
"မြေးနဲ့မောင်သုတနဲ့ပုဂံမှာ ဘာတေဖြစ်ပျက်ခဲ့ကြတာလဲ"
စွဲညှို့လည်း ခေါင်းလေးမော့ကာ
"ဘာဖြစ်လို့လဲ ဖွားဖွား"
"ဖွားဖွားကိုပြန်မမေးနဲ့ ဖွားဖွားမေးတာဖြေ"
"ဘာမှမဖြစ်ပါဘူးဖွားဖွား"
"ဒါဆို မြေးသူမကြိုက်တာတစ်ခုခုလုပ်ထားသေးသလား"
"မြေးဘာမှမလုပ်ပါဘူးဖွားဖွား"
"သေချာလားမြေး"
"ဘာလို့မြေးကိုတည့်မမေးပဲနဲ့ တရားခံစစ်သလိုစစ်နေရတာလဲဖွားဖွား ဖွားဖွားဘာသိချင်တာလဲ မြေးပြောပြမယ်"စွဲညှို့စိတ်မရှည်တော့တာကြောင့် အဖွားကိုပြန်အော်မိသည့်အထိပင်
ထိုအခါ ဦးနေလင်းညှို့မှ
"စွဲ ညှို နင်စကားကိုဘလိုပြောလိုက်တာလဲ ဒါနင့်အဖွားနော်"
"သိတယ် ဖေဖေ ဒါကြောင့်လည်း ညှို့အခုထိန်းပြောနေတာ"
ထိုအခါအဖွားမှ
"မြေး ဖွားဖွားကိုဒီလိုဘယ်တုန်းကပြောဖူးလို့လဲ..."
"...'စွဲညှို့မဖြေပဲ မျက်နှာလွှဲထားလိုက်သည်
"မြေး ဖွားဖွားမေးနေတယ်လေ"
"မြေးက ဘာကိုဖြေရမှာလဲ ဖွားဖွား သုတနဲ့ကိစ္စလား အခုဖွားဖွားကိုပြန်ပြောတဲ့ကိစ္စလား"
"စွဲ.ညှို့"
စွဲညှို့ တခွန်းမကျန်ပြန်ပြောနေမိတာကြောင့် ကြားကနေအဖေဖြစ်သူမှဝင်ထိန်းပေးနေရသည်
စွဲညှို့လည်း ငြိမ်နေလိုက်တော့သည်
"မောင်သုတကမြေးနဲ့လက်ထပ်မဲ့ကိစ္စဘာလို့ သူ့ဘက်က ဖျက်သိမ်းရတာလဲ"
"အဲ့တာ သူ့ကိစ္စလေ ဖွားဖွားရဲ့ မြေးနဲ့မှမဆိုင်ပဲ "
"မြေးနဲ့ဘာလို့မဆိုင်ရမှာလဲ မြေးနဲ့လက်ထပ်မယ့်သူကဖျက်သိမ်းသွားတာလေ"
"အဲ့တော့မျက်နှာမပူရတော့ဘူးပေါ့ဖွားဖွားရယ် မဟုတ်ရင် ယူပြီးမှ ကွဲကြရင်ဖွားဖွားတို့ပဲသိက္ခာကျမယ်ဟုတ်လား"
"မြေး စကားကိုဘလိုတေပြောနေတာလဲ တခွန်းမှမခံဖြစ်နေတယ် မြေးနေကော ကောင်းရဲ့လား"
"မြေးကိုစိတ်မပူပါနဲ့ ဖွားဖွားရဲ့ တသက်လုံးထိန်းသိမ်းလာတဲ့ဂုဏ်သိက္ခာကိုပဲ စိတ်ပူပါ ဖွားဖွားပြောချင်တာဒါပဲမလား မြေးသွားတော့မယ် ပင်ပန်းနေပြီ "ပြောပြီးတာနှင့် အိတ်ကိုဆွဲကာ အပေါ်ကိုတက်လာခဲ့တော့သည် အနောက်တွင်ကျန်ခဲ့သောဖွားဖွားသွေးတက်ချင်တက်နေနိုင်ပါသည် ဒါတောင်သူမိုင်ကုန်မပြောထားသေးပါ အင်မတန့်အင်မတန်လျော့ထားခြင်းပေသာ
"လင်းညှို့ ကြည့်စမ်း နင့်သမီးငါ့ကိုဘလိုစကားတေပြောသွားတာလဲ "
ဒေါသသံနှင့်စိတ်ကလည်းတရှူးရှူးဖြစ်ကာ လက်ညှို့တစ်ထိုးထိုးနှင့်ပြောတော့သည် နေလင်းညှို့လည်း အမေအနားသွားကာ လက်မောင်းလေးကိုင်လျက်
"မေမေရယ် စိတ်လျော့ပါ သမီးကပင်ပန်းနေလို့ဖြစ်ပါလိမ့်မယ် နည်းနည်းလောက်အနားပေးလိုက်ပါ သူအဆင်ပြေတဲ့အခါ သားတို့အေးဆေးမေးကြတာပေါ့နော် "
"လင်းညှို့ လင်းညှို့ နင်ကန့်လန့်ကန့်လန့်လုပ်နေတယ် နင့်အချိုးတိုင်းနင့်သမီးချိုးနေတာကြည့်စမ်း နင့်တုန်းကလည်း အိမ်ကပေးစားတာ မယူပဲ ကန့်လန့်တိုက်ပြီး ဘယ်ကဟာမကောက်ယူခဲ့မှန်းမသိ နောက်ဆုံးတော့လည်း အဲ့ဟာမပဲ မနေနိုင်လို့အိမ်ပေါ်ကဆင်းသွားခဲ့တာ ကံကောင်းလို့အဲ့ဟာမကြောင့် ငါ့မြေးလေးလမ်းဘေးမရောက်တာ နင့်သမီးကိုနင်ကြည့်ပြောစမ်း ငါ့ကိုရောဂါတေမပေးနဲ့ ငါတို့ဂုဏ်သိက္ခာကိုမညှိုးနွမ်းစေနဲ့.."အသံတုန်ရင်သည်အထိ အံကြိတ်ကာ ပြောနေသည်ကိုကြည့်ရင်း နေလင်းညှို့လည်း ခေါင်းလေးငုံ့လျက်ပဲ သက်ပျင်းအသာ ခိုးချရသည်
အတိတ်ကသူမမှားခဲ့တာသေချာပါသည် စွဲညှို့ရဲ့မေမေ ရှင်မင်းက မိန်းမကောင်းတစ်ယောက်ပါ အမေ့ရဲ့လောင်းရိပ်အောက်ကထွက်ပြီး သူနဲ့အတူတူလက်တွဲပြီး ဘဝခရီးအတူလျှောက်ဖို့ရဲရဲကြီးဆွဲခေါ်ခဲ့ပေမယ့် လင်းညှို့ရဲ့သိမ်ငယ်စိတ်ကြောင့်ရုန်းမထွက်နိုင်ခဲ့ပါ လင်းညှို့ကိုချစ်လွန်း၍သာသူ့ရဲ့မိန်းမသိက္ခာကိုဘေးချိတ်ကာ ယောက္ခမဖြစ်သူအိမ်တွင်အောက်ကျခံ၍လာနေခြင်းပေ
အချိန်ကြာလာသည်နှင့်အမျှ ယောက္ခဖြစ်သူ၏ အထက်စီးဆန်တဲ့ဆက်ဆံပုံတေ နိမ့်ပါးရှုံ့ချတဲ့စကားတေက ရှင်မင်းလိုအမျိုးသမီးတစ်ယောက်ရဲ့သိက္ခာကိုထိပါစေသည် ဒါကြောင့်လည်း သူ့ကိုစွန့်လွှတ်ပြီး သူတို့ရဲ့သမီးလေးပျော်ပျော်ရွှင်ရွှင်ကြီးပြင်းနိုင်ဖို့ ဂုဏ်ပကာသန နည်းတဲ့ နေရာသို့ ထွက်သွားခဲ့သည် လင်းညှို့လိုက်သွားဖို့ကြိုးစားခဲ့ပေမယ့် အိမ်တွင်လည်းနေ့စဉ်နဲ့အမျှပြသနာတေနှင့်မို့ အမြဲပဲဖြေရှင်းနေရသည် ချစ်သူနောက်လိုက်သွားတဲ့ ညီမကို ကလေး အသက်လေးနှစ်ရောက်မှ အိမ်ပြန်ခေါ်လာပြီး ယောက်ျားနဲ့ခွဲထားသည်တဲ့လေ တူမဖြစ်သူလည်းသနားပါသည် ငယ်ငယ်ရွယ်ရွယ်နဲ့ မိတကွဲဖတကွဲနေရသည် အဖွားဖြစ်သူစကားကိုပဲနားထောင်နေရသည် ဘာလုပ်လုပ်အဖွားမျက်နှာပဲကြည့်ရသည် အဖေဖြစ်သူ နိုင်ငံခြားရောက်နေ၍သာ သူတို့သားအမိ အိမ်ကြီးတွင်ကြိတ်မှိတ်နေခဲ့သည် သူတို့အဖြစ်ကိုကြည့်လိုက်တိုင်း မိန်းမနဲ့သမီးကိုသတိရစိတ်တေကစိုးမိုးနေခဲ့သည် အချိန်တိုင်းလည်းလိုက်ရှာနေခဲ့သည်
နောက်တော့ တွေ့ခဲ့ရပါသည် သို့ပေမယ့် မိန်းမဖြစ်သူကတော့ ကား accident နဲ့ဆုံးသွားခဲ့ပြီးမှ သမီးလေးကိုရှာတွေ့ခဲ့ပါသည် သမီးကိုပြန်တွေ့တုန်းကဆို ငိုနေလိုက်တာ သူ့ကမ္ဘာကြီးပြိုပျက်သွားသည့်အလား ဖခင်တစ်ယောက်အနေနဲ့ ကိုယ့်သွေးသားမျက်ရည်ကျတာမြင်ပြီး ယောက်ျားတန်မဲ့လိုက်ငိုမိသည်အထိပင် ထိုအချိန်က*ဖေဖေက သမီးရဲ့ကမ္ဘာကြီးဖြစ်ပေးပါ့မယ်*ဆိုပြီးပြောခဲ့ပေမယ့် ခုတော့ထိုစကားဟာ လွဲနေခဲ့ပြန်သည် သည့်အတွက်လည်းနေလင်းညှို့ ကိုယ့်ကိုကိုယ်အပြစ်တင်မဆုံးပါ
သမီးဘဝပြည့်စုံဖို့အရင်အရေးကြီးပေသည် ဒါ့ကြောင့် အမေဖြစ်သူလက်ထဲ ထားထားခြင်းပေ
ယခု သမီးဖြစ်သူကို ကြည့်ရတာ မွန်းကြပ်နေပုံပါပင် တလောကမှ သူ့သမီး အပျော်ကြီးပျော်နေတာကို မြင်ခဲ့ရပါသေးသည် ဒါသည် သူ့ချစ်သူ မိန်းကလေးနှင့်အတူရှိနေ၍သာ လို့ပဲထင်သည်
နေလင်းညှို့ထိုမိန်းကလေးကိုကျေးဇူးတင်ပါသည် ခြောက်သွေ့ ပြီးတိတ်ဆိတ်တည်ငြိမ်မွန်းကြပ်နေတဲ့ သမီးဖြစ်သူအပေါ် ပျော်ရွှင်မှုတေ ယူဆောင်လာပေးခဲ့လို့ တနေ့တော့ထိုမိန်းကလေးနှင့်တွေ့ဖြစ်အောင်တွေ့ဦးပါမည်
YOU ARE READING
မေတ္တာ 'လွန်'
Teen Fiction'ချစ်ခြင်းမေတ္တာဆိုသည်မှာ ၁၅၀၀အချစ်သာ မဟုတ် ၅၂၈အချစ်လည်း ဖြစ်၏။ ၅၂၈ချစ်ခြင်းနှင့် ၁၅၀၀ ချစ်ခြင်းတို့ အားပြိုင်ကြတဲ့အခါ မေတ္တာ လွန်ဆွဲခြင်း ဖြစ်ပေါ်လာ၏။ တခါတရံ ရွေးချယ်သူတို့အဖို့ အလွန်ခက်ခဲလှသဖြင့် ကြိုးဆွဲသူတို့အပေါ်၌သာ မူတည်လာတတ်၏ သင့်အနေနဲ့တစ်စု...