Ep-20

1.3K 90 0
                                    

အပိုင်း(၂၀)

Coffeeဆိုင်တွင် အတူရှိနေကြတဲ့စွဲညှို့နဲ့ သုတ
စွဲညှို့ကတော့ black coffee ကိုသောက်နေပြီး တစ်ယောက်ထဲပြုံးလျက်
"ချိုနေတာပဲ..."လျှာလေးနှုတ်ခမ်းသပ်ကာပြုံးလိုက်သည်
"ဟမ်...ညှို့coffeeထဲသကြားပါသွားလို့လားအသစ်ပြန်လဲပေးရမလား."သုတက ပြောလာတာကြောင့် ခေါင်းလေးခါကာ
"အမ် မဟုတ်ပါဘူး မပါဘူးရတယ် .."
"အော် အင်းအင်း.."
သုတလည်းခေါင်းလေးငြိမ့်ကာ ‌coffee‌ဆက်သောက်နေလိုက်သည်
စွဲညှို့တကယ်တမ်းမှာ မနေ့ကအကြောင်းတွေးခဲ့မိလို့ပေ
မနေ့က ခေတ်ကိုအိမ်ပြန်လိုက်ပို့တော့ မပြန်ခင်ကားပေါ်မှာ နှုတ်ဆက်အနမ်းလေးပေးသွားတဲ့ ခေတ်ရဲ့နှုတ်ခမ်းလေးကို*ချိုနေတာပဲ*လို့ပြော‌နေခြင်းပေ အချိန်သိပ်မရတာကြောင့် စွဲညှို့အားရစွာနမ်းလိုက်နိုင် ဒီတခါတွေ့ရင်တော့ သေချာစွာ စားပစ် အဲ.. ‌နမ်းပစ်ပါဦးမည်

"ညှို့...ညှို့.."စွဲညှို့ပြုံးကာတွေးနေသည်ကို သုတမှ ခေါ်လိုက်ကာသတိဝင်စေသည်
"ဟမ်...ဘာလို့လဲ.."
"ဘယ်သွားဦးမလဲ "
"မသွားတော့ဘူး ပြန်တော့မယ်"
"အော် အင်းအင်း"
ယနေ့တော့စွဲညှို့ condoပဲပြန်အိပ်တော့မည် ကြည်နူးစရာအချိန်လေးမှာ တစ်ယောက်ထဲ‌ေနတာပိုကောင်းတယ်လို့ထင်သည် အိမ်မှာဆိုလျှင် ဖွားဖွားက သုတနဲ့တွေ့တာ ဘလိုနေလဲ ဘာညာမဆီမဆိုင်တေသိပ်မေးလွန်းသည်  ဒါတေလည်းမဖြေချင်ပါ အိမ်ပြန်ရောက်လျှင်ဒီနေ့ ချစ်သူပေါက်စလေးဆီဖုန်းခေါ်ရပေဦးမည် ဒီနေ့ချက်ချင်းသွားတွေ့လိုက်ချင်ပေမယ့် မလာပါနဲ့ဦးတဲ့ နှစ်ဖက်မိဘ တေနေ့လယ်စာတူတူစားကြမှာမို့သူပါလိုက်သွားရမယ်တဲ့လေ  ဘာပဲဖြစ်ဖြစ် ဒီလိုလွမ်းရတာလည်းရင်ခုန်မှုတစ်မျိုးပဲ ဟု ‌စွဲညှို့တွေးလိုက်မိသည်
အက္ခရာ ကိုအားနာပေမယ့် သူစေ့စပ်မယ့် ရက်ကို ဖြစ်နိုင်ရင်မရောက်စေချင်ပါ  သူခေတ်နဲ့အကြာကြီးအတူရှိနေချင်ပါသေးသည်
လက်ရှိမှာ သူတို့နှစ်ဦးအကြောင်းကို သူငယ်ချင်းဖြစ်သူကိုတောင်ပြောပြရန်စိတ်ကူးမရှိ  သူငယ်ချင်းကိုသိစေချင်ပေမယ့် သူ့လင်နဲ့ဖက်လာရင် ပြောမရပေ ပြောပြချင်လည်း ပြောပြနိုင်သည် သူ့ရဲ့ယောင်းမ မဟုတ်လား
................
စွဲညှို့ရဲ့အနက်ရောင်ကားပေါ်တွင်ဖြစ်သည်

မေတ္တာ 'လွန်'Where stories live. Discover now