အပိုင်း(၂၃)
သွင်တစ်ခေတ် မန္တလေးမြို့ကိုရောက်ပြီးတာနှင့် ငှားထားတဲ့အဆောင်ဆီဦးတည်သွားကာ နေရာထိုင်ခင်းတေအရင်ပြင်ဆင်လိုက်သည်
ပြီးတဲ့နောက် သူနဲ့အတူနေမဲ့သူငယ်ချင်းတေနဲ့အပြင်အရင်ထွက်လည်ရန်ဆုံးဖြတ်လိုက်ပြီး လူကြီးကိုတော့ သူ့ကွန်ဒိုကို ညနေခင်းမှပဲ သွားပြီး surprise လုပ်ဖို့စီစဉ်ထားသည်ခေတ်ညနေရောက်ချိန်မှာတော့ စွဲညှို့ ကွန်ဒို အခန်းရှေ့ကိုရောက်သွားပြီး တံခါးခေါက်ချိန်မှာတော့ တုံ့ပြန်သံမကြားပါ အလုပ်ကပြန်မရောက်သေးဘူးထင်သည် အခန်းရှေ့တွင်ထိုင်ကာစောင့်နေလိုက်သည် နာရီအတော်ကြာအောင်စောင့်နေပေမယ့် စွဲညှို့ပြန်ရောက်မလာခဲ့ပါ ဖုန်းဆက်တော့လည်း ဖုန်းမကိုင်ခဲ့ သို့ပေမယ့်ခေတ်စိတ်ရှည်ရှည်နဲ့စောင့်ခဲ့သည်
လူကြီးအလုပ်များနေတာပဲဖြစ်လိမ့်မည်
ရပါတယ် ခေတ်စောင့်နိုင်ပါသည် လူကြီးအလုပ်ကပြန်လာရင်ပင်ပင်ပန်းပန်းနဲ့ ခေတ်ကိုတွေ့တာနှင့်ပို၍တောင်စပရိုက်ဖြစ်သွားဦးမည်လေခေတ်ထိုနေရာမှာ ထိုင်စောင့်ရင်းနဲ့ပဲ တစ်ညတာ ကုန်ဆုံးခဲ့သည်
မနက်မိုးလင်းခါနီးမှာတော့ ခေတ်နိုးလာခဲ့ပြီး နံရံကိုမှီထားသည်ကိုလည်းသူ့ကိုယ်သူသတိပြုမိလိုက်သည် မှီထားရာကပြန်ထကာ အညောင်းတေဘာတေဖြေလိုက်ပြီး တဖက်ကို ကြည့်လိုက်တော့
ခြေကုန်လက်ပန်းကျနေပုံရပြီးလေးလံတဲ့ခြေလှမ်းတေနဲ့ ကုတ်အကျီအရှည်ကိုလည်းလက်မှာချိတ်လျက် တစ်ဖက်က အိတ်ကိုဆွဲကာ ပြန်လာတဲ့စွဲညှို့ကိုတွေ့လိုက်ရသည်
စွဲညှို့ခေတ်ကိုမြင်မြင်ခြင်းအံ့ဩသွားပြီး လက်ထဲက ကုတ်အကျီနဲ့အိတ်လည်းလွတ်ကျသွားသည်
"ခေတ်..."
"ဟဲဟဲ...လူကြီး.."
ပြောပြီးသည်နှင့် စွဲညှို့ဆီပြေးလာကာ ဆွေ့ခနဲ ခုန်တက်ကာ ခြေထောက်လေးနှစ်ဖက်နဲ့စွဲညှို့ရဲ့ခါးကိုခွထားပြီး လက်နှစ်ဖက်ကတော့ ကျောပြင်ကိုသိုင်းဖက်ထားတော့သည်
စွဲညှို့လည်းတင်းကြပ်စွာပြန်ဖက်လိုက်ပြီး
"ခေတ် ခေတ်ဘလိုရောက်လာတာလဲ.."
"လူကြီးကိုအရမ်းလွမ်းတာပဲ.."ပခုံးလေးပေါ်မေးတင်ကာ မျက်နှာလေးကပ်ထားပြီး ပီကေလိုကပ်နေတော့သည် စွဲညှို့လည်းပြုံးရွှင်လျက်
"ဒီလူကြီးကလည်းအတူတူပါပဲ အရမ်းလွမ်းနေတာ..ရူးတော့မလိုပဲ.."
"အပိုတေပါ ခေတ်ဖုန်းခေါ်တာလည်းမကိုင်ပဲနဲ့ဟာကို...ခေတ်ညနေတည်းက စောင့်နေတာ လူကြီးကဘယ်တေသွားနေရတာလည်း.."
"ဟုလား တောင်းပန်ပါတယ်ခေတ်ရယ် လူကြီးပြင်ဦးလွင်သွားတာ အလုပ်ကိစ္စနဲ့ ခေတ်ကိုမပြောမိဘူး တောင်းပန်ပါတယ်."
"ခေတ်ကသာတောင်းပန်ရမှာပါ ခေတ်ကမပြောမဆိုပဲရောက်လာတာလေ"ပြောသာပြောသည် ကပ်တွယ်ထားဆဲ လွှတ်မချတော့ပဲ ထိုအတိုင်းလေးပဲ လက်တစ်ဖက် ခေတ်တင်လေးကို မချီကာ ကျန်လက်က အိတ်နဲ့ကုတ်ကိုတဖက်တည်းနဲ့ဆွဲပြီး တံခါးကိုဖြည်းဖြည်းချင်းဖွင့်ကာအခန်းထဲဝင်ခဲ့တော့သည်
YOU ARE READING
မေတ္တာ 'လွန်'
Teen Fiction'ချစ်ခြင်းမေတ္တာဆိုသည်မှာ ၁၅၀၀အချစ်သာ မဟုတ် ၅၂၈အချစ်လည်း ဖြစ်၏။ ၅၂၈ချစ်ခြင်းနှင့် ၁၅၀၀ ချစ်ခြင်းတို့ အားပြိုင်ကြတဲ့အခါ မေတ္တာ လွန်ဆွဲခြင်း ဖြစ်ပေါ်လာ၏။ တခါတရံ ရွေးချယ်သူတို့အဖို့ အလွန်ခက်ခဲလှသဖြင့် ကြိုးဆွဲသူတို့အပေါ်၌သာ မူတည်လာတတ်၏ သင့်အနေနဲ့တစ်စု...