အပိုင်း(၉)
အိမ်ရှေ့တွင် ကားရပ်လိုက်ပြီး စွဲညှို့ ခြံတံခါးဆင်းဖွင့်ကာ ကားပေါ်ပြန်တက်လျက် ကားမောင်းဝင်လာခဲ့သည်...
ထို့နောက်...အက္ခရာရဲ့ အထုတ်အပိုး ပစ္စည်းတေကို အိမ်ထဲသို့ကူသယ်လိုက်သည်.. ..
အက္ခရာကတော့ အိမ်ထဲကို လိုက်ကြည့်ကာ..သဘောတကျရှိပုံရသည်...
ဧည့်ခန်းတွင်ထိုင်လိုက်ပြီး...
"အိမ်လေးက ချစ်စရာလေးပဲနော်.....ခြံလေးလည်း အထိုက်အလျောက်ကျယ်တယ်...ဒါ့ကြောင့်နင်နေနိုင်တာပေါ့...""အင်း...နောက်ဖေးနဲ့ ဘေးဘက်တေမှာ သရက်ပင်တေရှိတယ်..."
"ဟုလား...အာ့ကြောင့် အပင်ရိပ်တေနဲ့ အုံ့မှိုင်းမှိုင်းဖြစ်နေတာ.....သဘောကျစရာပဲ..."
"အင်း...ဒီရပ်ကွက် စရိုက်တေသိပ်မရှိဘူး...ကျူးနဲ့ဝေးလို့ထင်ပါတယ်..."
"အော်...ဟဲ့ရေ...ဒါနဲ့လေ...လမ်းမှာ ဒုတ်ထိုးဆိုင်ဖွင့်ေနတာတွေ့ခဲ့တယ် ညနေငါ့ကိုလိုက်ဝယ်ကျွေးသိလား..."
"ဟမ်...နင်အစောကတင်စားပြီးပြန်လာတာ မဝသေးဘူးလား..."
"လုပ်ပါ...တခါတလေ စားရတာ...အိမ်မှာဆို ဒယ်ဒီနဲ့မာမီက မကြိုက်လို့ မစားရဘူး...နင်မှတ်မိသေးလား နင်နဲ့ငါနဲ့ကျောင်းတုန်းက ခိုးဝယ်စားကြတာကိုလေ..."
"အတိတ်တေပြန်မဖော်နဲ့ အခုနားဦး ညနေလိုက်ဝယ်ကျွေးမယ်..."
"အိုခေပါ...အော် ဒါနဲ့....နင့်ရဲ့ပေါက်စလေးက နင့်အိမ်လာမှာလား..."
"ဘာလို့မေးတာလဲ...သူလာချင်လာမှာပေါ့.."
"ငါလည်းတွေ့ချင်လို့ပါနော်..."
"အေး အဲ့မှာ သူ့အကိုတေရှိတယ် ငါေခါ်တွေ့ပေးမယ်..."
"မလုပ်နဲ့ ငါရှက်တယ်...သူ့အကိုတေက ချောချောလေးတေ...အဟိ..."လက်သည်းလေးကိုက်ကာ ရယ်ပြလိုက်တော့...
"အမြင်ကပ်စရာကောင်းအောင်လုပ်နေတယ်...သွားတော့"
အခန်းထဲတွန်းလွှတ်လိုက်ရသည်...ထို့ေနာက်တံခါးပိတ်ပေးလိုက်ပြီး ကိုယ့်အခန်းကိုယ်ဝင်ရန် လုပ်ရသည်...
အခန်းထဲဝင်ချိန်မှာတော့ တဖက်ခန်းမှာ အက္ခရာရဲ့အသံကိုကြားလိုက်ရသည်.
"အခန်းကကျဉ်းပေမယ့် ငါသဘောကျတယ် ...နင်လိုလူမျိုးက ရှင်းပေးထားတဲ့အခန်းမှာနေရလို့ ဝမ်းသာမိတယ် ငါ ပုံလေး ရိုက်ထားလိုက်ပြီသိလား."
YOU ARE READING
မေတ္တာ 'လွန်'
Teen Fiction'ချစ်ခြင်းမေတ္တာဆိုသည်မှာ ၁၅၀၀အချစ်သာ မဟုတ် ၅၂၈အချစ်လည်း ဖြစ်၏။ ၅၂၈ချစ်ခြင်းနှင့် ၁၅၀၀ ချစ်ခြင်းတို့ အားပြိုင်ကြတဲ့အခါ မေတ္တာ လွန်ဆွဲခြင်း ဖြစ်ပေါ်လာ၏။ တခါတရံ ရွေးချယ်သူတို့အဖို့ အလွန်ခက်ခဲလှသဖြင့် ကြိုးဆွဲသူတို့အပေါ်၌သာ မူတည်လာတတ်၏ သင့်အနေနဲ့တစ်စု...