Ep-34

941 72 1
                                    

အပိုင်း(၃၄)

ခေတ်ကို အိမ်ထဲကအိမ်ပြင်ပေးမထွက်သည်မှာ ယခုဆိုတစ်ပတ်ပင်ရှိတော့မည် 
မင်းခန့်ညားဟာဆိုရင် ရန်ကုန်ခရီးသွားအခြေစိုက်လုပ်ငန်း၏ ရာထူးကြီးပိုင်းတွင် အုပ်ချုပ်နေရပြီဖြစ်တာကြောင့် ခရီးထွက်စရာလည်းမလိုတော့ပေ ညီမဖြစ်သူကိုအနီးကပ်စောင့်ကြည့်နေပြီဖြစ်သည်
သွင်တစ်ခေတ်လည်း စာသင်ဖို့ကိစ္စကိုခေတ္တဆိုင်းငံ့ဖို့ဖြစ်လာပြီး တစ်အိမ်သားလုံး၏စောင့်ကြည့်ခြင်းကိုခံနေရသည်
မင်းမဟာသည်လည်း သူ့ဖုန်း နေ့တိုင်းနီးပါးကိုမြည်နေသည်ကိုလျစ်လျူရှုနေခဲ့သည် သို့ပေမယ့်တစ်ရက်တော့သူကိုင်ခဲ့ပါရဲ့ အကျိုးအကြောင်းရှင်းပြပြီး ထိုဖုန်းနံပါတ်ကို block list ထဲထည့်လိုက်ရသည်

တဖက်ကစွဲညှို့ကတော့သောင်းကျန်းနေပေတော့သည်
ကိစ္စအားလုံးကို မဟာ့ထံမှ သိခဲ့ရပြီး သူတို့မိသားစုနှင့်မပက်သတ်တော့ရန်ပါ ပြောခံခဲ့ရသည် သူငယ်ချင်းဖြစ်သူကလည်း ငြိမ်နေရန် စိတ်အေးအေးထားရန်ကလွဲ၍ တခြားမပြောသလို ခေတ်နဲ့လည်းဖုန်းပေးမပြောတာကြောင့် စိတ်ပိုပူမိသလို ဒေါသလည်းထွက်မိသည်
ဖွားဖွားကိုလည်း ရန်ကုန်ထိသွားပြီးခုလိုပြောလိမ့်မယ်လို့မထင်ထားပါ  ခုတော့သူဆုံးဖြတ်ရန်သင့်ပါပြီလေ 
---------
အိမ်ထဲသို့ ကားကို တရှိန်ထိုးမောင်းဝင်ကာ စင်ဝင်ဝတွင် ဘရိတ်စောင့်အုပ်ကာ ရပ်လိုက်သည် ပြီးတဲ့နောက်ကားပေါ်ကဆင်းကာ  အိမ်ထဲသို့ ‌ဝင်လာပြီး ဖွားဖွားအခန်းကိုသွားမည်အပြု ဧည့်ခန်းထဲတွင်ထိုင်နေတဲ့ဖွားဖွားအသံကြောင့် ဖွားဖွားကိုကြည့်လိုက်မိသည်
"မြေး ဖွားဖွား ဒီမှာ"
"....."အဖွားရှေ့သွားကာ နီးကပ်သွားတဲ့နောက်
"ဖွားဖွား ဘာလုပ်လိုက်တာလဲ "
"ဖွားဖွားက ဘာလုပ်လို့တုန်းမြေးရဲ့"သောက်လက်စကော်ဖီခွက်လေးရှေ့ချရင်းပြောလိုက်သည်
"ဖွားဖွားရန်ကုန်အထိ လိုက်သွားခဲ့တယ်မလား အဲ့အချိန်မြေးဒီမှာ ရှိမနေအောင်ဖွားဖွားလုပ်ခဲ့တာ ဟုတ်တယ်မလား"
"မြေးသိပြီးသွားပြီပဲ သတင်းတေကလည်းမြန်လိုက်တာ လှမ်းတိုင်တယ်ထင်ပါ့"
"ဖွားဖွားကိုမြေးပြောပြီးသားနော် မြေး သူကလွဲ၍ မ.ဖြစ်ပါဘူးးးလို့"
"မြေးရယ် လောကမှာ လူတေအများကြီးပါ မြေးကြိုက်တဲ့သူခေါင်းခေါက်ရွေးလို့ရပါတယ် ဖွားဖွားတို့လိုအဆင့်တန်းတူ‌တဲ့သူတေထဲမှာမှတစ်ပုံကြီးရွေးစမ်းပါ"
"မြေး သူ့ကိုပဲချစ်တာဖွားဖွား သူမှမဟုတ်ရင်မဖြစ်ဘူး"
"မြေးရယ် ဖွားဖွားမြေးကိုအတတ်နိုင်‌ဆုံးလိုက်လျောပေးခဲ့တာ မောင်သုတနဲ့စေ့စပ်တာကိုရုပ်သိမ်းတာလည်းဖွားဖွားလက်ခံပေးမယ် ဖွားဖွားရွေးထားတဲ့မိန်းကလေးတေထဲကလည်း မြေးကြိုက်တာရွေးလို့ရတယ် အဲ့မိန်းကလေးတော့မလုပ်ပါနဲ့"
"သူကဘာဖြစ်နေလို့လဲဖွားဖွား ဘာလို့အဲ့လောက်ခါးခါးသီးသီးဖြစ်နေရတာလဲ သူ့မှာ ဘာအပြစ်တေရှိနေလို့လဲ"
"ဖွားဖွားလက်မခံနိုင်ဘူး သူတို့ကသာမာန်လူတေလေ ဟိုးအောက်ခြေကလူတေ ငါ့မြေးနားမှာမရှိသင့်ဘူး ရွှေပုံပေါ်ကလူက ရွှေဘုံနဲ့ပဲထိုက်တယ်လေ"
"တော်ပါတော့ ဖွားဖွားရယ် မြေး ဒီအဆင့်တန်းဆိုတာကြီးကိုစိတ်ကုန်လှပါပြီ ဖွားဖွားဘလိုပြောပြော မြေးကတော့မြေးဆုံးဖြတ်ချက်ကိုပြင်မှာ မဟုတ်ဘူး ပြာပုံထဲထိုးဆင်းတယ်ပဲပြောပြော ဘုံခုနှစ်ဆင့်ကနေ ခုန်ချတယ်ပဲပြောပြော မြေး ကျေကျေနပ်နပ်ကြီးလုပ်မှာမို့ဖွားဖွားမတားပါနဲ့ အခုလည်း မြေးချစ်သူရှိရာကိုသွားတော့မယ့်အကြောင်းဖွားဖွားကိုလာပြောတာ"စွဲညှို့ပြတ်သားစွာပြောပြီး လှည့်ထွက်လာခဲ့သည်
အိမ်ရှေ့ရောက်ချိန်တွင်တော့  အနောက်မှ ဖွားဖွားရဲ့အမောတကောနဲ့ပြောတဲ့အသံကိုကြားလိုက်ရသည်
"မြေး စွဲညှို့ ဖွားဖွားကိုဒီတိုင်းထားခဲ့တော့မယ်ပေါ့ ‌ဖွားဖွား သားသမီးတေလို ထားခဲ့ဦးမယ်ပေါ့ မြေး...ဒီကိုကြည့်.."စွဲညှို့လှည့်ကာ ကြည့်လိုက်တော့မျက်လုံးပြူးသွားရသည်
လည်ပင်းကို ဓားချွန်ချွန်နဲ့ထောက်ထားတဲ့ဖွားဖွားကို လက်လှမ်းကာ ခေါင်းခါပြလိုက်ရင်း
"မလုပ်နဲ့ဖွားဖွား.."
"မြေး ဒီအိမ်ကနေတလှမ်းချင်းထွက်သွားတာနဲ့ ဟောဒီ့ဓားဟာလည်း လည်ပင်းထဲကို ‌တစ်ဆစ်ချင်းဝင်သွားအောင် ထိုးထည့်လိုက်မယ် မြေးမယုံရင် ထွက်ကြည့်လိုက်"ဒေါသမျက်လုံးတေနှင့်ပဲ တကယ်လုပ်တော့မည့်အတိုင်းပြောလာသည်  ထိုစဉ်မှာပဲ ဦးနေလင်းညှို့ရောက်လာပြီး
"မေမေ....မေမေ့...ဘာလုပ်တာလဲ မလုပ်ပါနဲ့"
လက်ကိုအတင်းဆွဲကိုင်ကာ ဓားကိုဖယ်ရှားဖို့လုပ်ပေမယ့်  တင်းကြပ်စွာကိုင်ထားတာကြောင့် မတော်တဆထိခိုက်မိမှာစိုးတာကြောင့်အတင်းကြပ်မလုပ်ရဲခဲ့။
ဦးနေလင်းညှို့ သမီးဖြစ်သူကိုကြည့်လိုက်ကာ
"သမီး မသွားပါနဲ့ ..."
"ဒါမယ့်ဖေဖေ...
ဦးနေလင်းညှို့မျက်ရည်များကျလာကာ
"ဖေဖေတောင်းပန်ပါတယ် သမီးရယ် ဖေဖေ့ကိုသနားရင်မသွားပါနဲ့ ဖေဖေ့မှာ မေမေနဲ့သမီးရယ်ပဲရှိတာမလို့ပါ သမီးထွက်သွားရင် သမီးဖွားဖွားကလည်း နေနိုင်မှာမဟုတ်ဘူး ဖေဖေထပ်ပြီးခံစားရဦးမှာ မသွားပါနဲ့သမီးရယ် "သမီးဖြစ်သူကို တားလိုက်တာကြောင့် အိမ်ပြင်သို့ထွက်တော့မည့်ခြေလှမ်းများတုံ့ဆိုင်းသွားရသည်  ပြီးတဲ့နောက် သူ့ရင်ဘက်ကိုဖိကာ မျက်ရည်များကို ကုန်သည်အထိငိုချလိုက်ပြီး သက်ပျင်းချကာ အိမ်ထဲသို့တစ်လှမ်းခြင်းပြန်ဝင်လာခဲ့သည်  အနားရောက်တဲ့နောက်မှာ ဖွားဖွားလည်း လက်ထဲကဓားကိုချလိုက်ပြီး စွဲညှို့ကိုဖက်ဖို့ပြင်လိုက်သည် စွဲညှို့လည်းအနားလာကာ ပြန်ဖက်မည်အပြု ရှောင်တိမ်းလိုက်ကာ
"မြေးမသွားတော့ဘူး  ဖွားဖွားကျေနပ်တယ်မလား"စူးရှတောက်ပတဲ့မျက်လုံးတေနဲ့သေချာစွာစိုက်ကြည့်ရင်း ပြောကာ အိမ်ပေါ်သို့တစ်လှမ်းချင်းတက်သွားခဲ့သည်

နောက်တွင်ကျန်ခဲ့သော ဒေါ်သက်လျာလည်း သူမမြေးသူမကိုတခါမှမကြည့်ခဲ့ဖူးသော အကြည့်စူးစူးနှင့်ကြည့်ခံလိုက်ရတာကြောင့် ခံစားချက်မ‌ေကာင်းဖြစ်သွားရသည်
----------
အခန်းထဲအရောက်မှာတော့ စွဲညှို့တစ်ယောက် ရှိရှိသမျှပစ္စည်းတေကို ဆွဲလွှဲကာ ကိုင်ပေါက်တော့သည်
ငယ်သံပါသည်အထိ အသားကုန်အော်ကာ နံရံကိုပစ္စည်းတေနဲ့ပစ်ပေါက်လိုက်သည်
‌အတော်များများကိုပစ်ပေါက်ပြီးတဲ့နောက် အသက်ရှုသံများတဖြည်းဖြည်းမြန်လာပြီး လက်ထဲကဆေးသောက်မည်ပြုလိုက်သည် ပါးစပ်ထဲထည့်ခါနီးမှ တစ်စုံတစ်ခုကိုသတိရသွားဟန်ဖြင့်  မသောက်တော့ပဲ ဆေးဘူးကိုလွှင့်ပစ်လိုက်တော့သည် ပြီးတဲ့နောက် ခုတင်ပေါ်တွင် လှဲချလိုက်ပြီး နံရံကိုမှင်သေသေမျက်နှာထားနဲ့ကြည့်ကာ နေနေတော့သည်
နံရံပေါ်တွင် ပေါက်စလေးရဲ့ ရယ်နေတဲ့ပုံလေးကိုမြင်ယောင်နေပြီး *လူကြီး*ဆိုပြီးသူ့ကိုခေါ်နေတာလေးနားထဲကြားယောင်ရင်း မျက်ရည်များ စီးကျလာခဲ့သည် 
သူခေတ်ကိုနောက်တကြိမ်ပြန်တွေ့နိုင်ရပါ့ဦးမလား သူခေတ်ကိုမပိုင်ဆိုင်နိုင်တော့ဘူးလား တွေးရင်း ရင်ထဲအောင့်သက်သက်ဖြစ်လာတာကြောင့် ရင်ဘက်ကိုလက်နဲ့ဖိရင်း မျက်လုံးလေးကိုမှိတ်လိုက်ကာ ရင်ထဲကလှိုက်တက်လာတဲ့နာကျင်မှုဒဏ်ကို ကြိတ်ကာမျိုချ ခံစားနေရသည်
-----------
တဖက်တွင်လည်း သွင်တစ်ခေတ် တစ်ယောက် တင်းခံနေခဲ့ပေမယ့် ဘလိုမှမဖြစ်နိုင်ဘူးဆိုတာ သိလိုက်ရသည်  ဖေဖေနဲ့ကိုကိုတို့ရဲ့ စကားတေသည် သူ့အတွက်အကုန်ပြောနေကြတာချည်းပေ သူ့ကြောင့်ဖေဖေမျက်ရည်ကျနေတာကိုမကြည့်ရက်ပါ  သူရင်ဆိုင်ဖို့ဆုံးဖြတ်ထားပေမယ့် လက်တွေ့မှာ သူ မရင်ဆိုင်နိုင်ခဲ့ပါ စိတ်မခိုင်နိုင်တဲ့အတွက် မမညှို့ကိုခေတ်အထပ်ထပ်တောင်းပန်မိသည် 
ခေတ် လက်လျှော့ကာ ဖေဖေ့ကို တောင်းပန်ပြီး သူ့အလုပ်သူလုပ်ပါမည်လို့ဂတိပေးလိုက်ရသည်
ထိုအခါမှ ဖုန်းပြန်ရသလိုအိမ်ထဲက အိမ်ပြင်ထွက်ခွင့်ရခဲ့သည်  စာပြန်သင်ကာ ကျောင်းတွင်လည်းစာဆက်သင်ခဲ့သည် 
ဖုန်းပြန်ရသည်နှင့် ‌ဖုန်းကိုကြည့်လိုက်တော့ miss callပေါင်းများစွာနဲ့ message တေappပေါင်းစုံကနေ စွဲညှို့သူ့ကိုဆက်သွယ်ထားတာတွေ့ပြီး စိတ်ကပြန်လည်ချင်လာရသည် ဖုန်းကိုလည်း မဖွင့်မိအောင်အတတ်နိုင်ဆုံးကြိုးစားခဲ့ပြီး တရက်မှာတော့ သတိရလွန်းလို့ဖုန်းဆက်လိုက်မိသည်
ဖုန်းလေးဝင်နေခဲ့ပြီး ချက်ချင်းပြန်မဖြေခဲ့ ဖုန်းချလိုက်ပြီးနောက်တစ်ကြိမ် ပြန်ခေါ်သည့်အခါမှ တဖက်မှ အသံကြားလာရသည်
"ဟလို"
"ဟလို"
------------
ခုတင်ပေါ်တွင်အရုပ်ကြိုးပြတ် ပက်လက်လန်ကာလှဲနေပြီး နံရံကိုကြည့်နေသည်မှာ အတော်ကြာနေပြီဖြစ်သည် ဘေးတွင်ဖုန်း ringtone မြည်နေသည်ကိုတောင် လျစ်လျူရှုလျက် နံရံကိုပဲစိုက်ကြည့်နေသည် ဖုန်းကထပ်မြည်လာ‌တာကြောင့်  ဖုန်းကိုချဖို့ကြည့်လိုက်ရာ မျက်လုံးပြူးလျက် ချက်ချင်းငုတ်တုန်ထထိုင်လိုက်ပြီး  ဖုန်းကိုင်လိုက်တော့  ညင်သာတိုးလျတဲ့အသံလေးသည် ရင်ထဲကိုဆောင့်ခနဲပင်
"ဟလို"
"ဟလို"
"ခေတ် အဆင်ပြေရဲ့လားဟင် မ ကိုစိတ်ဆိုးနေတာလား မ အဖွားပြောခဲ့မိတာတေအတွက်တောင်းပန်ပါတယ်  မ ခေတ်ကိုလက်မလျော့ဘူးသိလား ခေတ်ကို မ တွေ့ချင်တယ် ပြောစရာတေအများကြီးရှိနေတယ် မ ခေတ်ဆီရောက်အောင်လာခဲ့မယ်သိလား"
စွဲညှို့တရစပ်ကိုပြောနေခဲ့ပေမယ့် ခေတ်ကတော့ထိုစကားတေကိုကြားရင်း ရှိုက်ကာ ငိုနေမိသည်
"ဟင့်အင်း..အဟင့် ..မလာပါနဲ့..."ခေတ်စကားကြောင့် စွဲညှို့ရဲ့ပြောချင်တဲ့စကားတေလေထဲတွင်ပျောက်သွားရသည်
"ဘာ.ဘာလို့လဲ"လေသံဖျော့ဖျော့လေးနှင့် ပြောလိုက်သည်
"ခေတ်တောင်းပန်ပါတယ် မမညှို့ ခေတ် ခေတ်ရင်ဆိုင်ဖို့မရဲခဲ့ဘူး ဖေဖေ့ကိုခေတ်သနားတယ်အဟင့် မမညှို့ကိုလည်း ခေတ်အရမ်းချစ်တယ် ဖေဖေ့ကိုလည်းချစ်တယ် ခေတ်တို့ကလူငယ်တေပါ နောက်ထပ်အချစ်ဆိုတာ တွေ့လာနိုင်သေးတာပဲလေ..
"ဟင့်အင်း ခေတ် အဲ့လိုမပြောပါနဲ့ ."စွဲညှို့မျက်ရည်များ ရေစီးကမ်းပြို ကျလျက် ခေါင်းလေးခါကာ တွင်တွင်ပြောနေခဲ့သည်
"ဖေဖေတို့က ခေတ်တို့ကိုဒီအရွယ်ထိရောက်အောင် စိတ်ရော ကိုယ်ပါကြိုးစားပေးခဲ့တာ အဟင့်...ခေတ် မမိုက်ရဲဘူး....အဟင့် ...မမညှို့ကို ခေတ် ချစ်တယ် အရမ်းချစ်တယ် ဒါမယ့်..
"ဒါမယ့်ဆိုတာကြီးကိုမပြောလိုက်ပါနဲ့ခေတ်ရယ် ခေတ် သာထားခဲ့ရင် မ ရူးလိမ့်မယ်"
"ဒါမယ့် ခေတ်တို့ကမဖြစ်နိုင်ပါဘူး မမညှို့ရယ် "
"ဟင့်အင်း ...‌မ မနေနိုင်ဘူး "
"‌ခေတ်တောင်းပန်ပါတယ် တကယ်ကိုတောင်းပန်ပါတယ် အရမ်းလည်းချစ်တယ် ခေတ် ဘယ်သူ့ကိုမှ ဒီလောက်ထိနှစ်နှစ်ကာကာမချစ်ခဲ့ဖူးဘူး ခေတ်ကိုချစ်ပေး ဂရုစိုက်ပေးခဲ့လိုကျေးဇူးတင်ပါတယ်.
"အဲ့လိုမပြောနဲ့ခေတ်ရာ မ ကိုသတ်နေတာလား .."
"ခေတ်တို့ကမဖြစ်နိုင်ဘူးလေ "
"မ တို့တူတူ ထွက်ပြေးရအောင်လေ ..ဘယ်သူမှမရှိတဲ့အဝေးဆုံးတစ်နေရာမှာ တူတူနေကြရအောင်လေ..."
"အဟင့်..ဟင့်အင်း မဖြစ်နိုင်ဘူး ဖေဖေ ရှက်လွန်းလို့သေသွားလိမ့်မယ် .."ခေတ်လည်း ငိုလျက် ရှိုက်ကာ ပြောနေပေသည်
"ခေတ်ရာ ...မ ကိုဒီအတိုင်းထားခဲ့တော့မှာလား မ ရူးရလိမ့်မယ် မ ခေတ်ကိုချစ်သလို ဘယ်သူ့ကိုမှမချစ်ဖူးဘူး..မရက်စက်ပါနဲ့ခေတ်ရာ..မ တောင်းပန်ပါတယ် ရန်ကုန်ထိလာပြီးတောင်းပန်ဆိုလည်းတောင်းပန်ပါ့မယ် မ ကို‌တော့မထားခဲ့ပါနဲ့ ဒူးထောက်တောင်းပန်ဆိုလည်းတောင်းပန်ပါ့မယ် "
"အဲ့လိုလုပ်စရာမလိုပါဘူး မမညှို့မမှားပါဘူး ခေတ်သာ ရင်ဆိုင်ဖို့သတ္တိမရှိတာပါ ခေတ်ကိုခွင့်မလွှတ်ပါနဲ့  ခေတ် ..ခေတ်သတ္တိနည်းနေခဲ့တယ်..ခေတ်တောင်းပန်ပါတယ် .."
"ခေတ်...ဟင့်အင်း...မ တောင်းပန်ပါတယ် မ အားလုံးကိုစွန့်လွှတ်ဆိုလည်းစွန့်လွှတ်ပါ့မယ် မ ခေတ်ဆီကိုရောက်အောင်လည်းလာခဲ့ပါ့မယ်....
"အဟင့် ...ခေတ်ကိုဆုံးဖြတ်ရခက်အောင်မလုပ်ပါနဲ့ ခေတ်တို့လမ်းခွဲကြတာ အကောင်းဆုံးပါ"
"ခေတ် အဲ့စကားကိုမပြောနဲ့ "ကျယ်လောင်စွာနဲ့ အော်ပြောလိုက်သည်
"ခေတ်တောင်းပန်ပါတယ် အဟင့် ခေတ်ဖုန်းချလိုက်တော့မယ်..အဟင့်"ရှိုက်ငိုကာ ဖုန်းချသွားပြီး စွဲညှို့ကတော့
"ခေတ်..ခေတ်..မရဘူးနော် အဲ့လိုမရဘူး..."ဖုမး်ကျတာနှင့် ထိုဖုန်းကိုပြန်ခေါ်လိုက်သည် သူ့ဖုန်းလေးစက်ပိတ်သွားခဲ့ပြီဖြစ်သည်
စွဲညှို့ခေါင်းလေးရမ်းလျက်ပဲ အိပ်ယာပေါ်‌လှဲချကာ သူ့လက်မောင်းလေးပေါ်ခေါင်းလေးအုံးလျက် နှလုံးသားရှိကာရင်ဘက်လေးကိုဖိလျက် မျက်ရည်များကျဆင်းနေခဲ့သည်
ဒီလူရဲ့ သေဆုံးနေခဲ့တဲ့ နှလုံးသားကို ပြန်ရှင်သန်အောင်လုပ်ပြီးတော့မှ တဖန်သေဆုံးသွားအောင်လုပ်လိုက်တာလား ခေတ်ရယ် 😔😔

Thanks for your reading ❤️❤️

မေတ္တာ 'လွန်'Where stories live. Discover now