အပိုင်း(၁၆)
ဆယ်လကြာသော်
စွဲညှို့ရှင် သူ့ရဲ့နှလုံးသားလေးနှင့်ဝေးခဲ့ရသည်မှာ တစ်နှစ်ပြည့်တော့မည်ဖြစ်သည်...
အဖွားမကျန်းမာ၍အသည်းအသန်ပြန်ခဲ့ရပြီး မိသားစုပိုင်လုပ်ငန်းကိုဦးစီးရခဲ့ရသည်...ဒါ့အပြင် လက်ထပ်ဖို့ပါ အဖွားကတိုက်တွန်းခဲ့သည်...သို့ပေမယ့် အဖွားရဲ့ကျန်းမာရေးအခြေနေနဲ့ မင်္ဂလာပွဲကို ရွေ့ဆိုင်းခဲ့သည်...ဆွဲနိုင်သမျှအချိန်ဆွဲဖို့က စွဲညှို့အလုပ်ပင်...
ဒီကြားထဲရရင်ရသလို ရန်ကုန်ကို အမြန်ပြေးသွားချင်မိသည် ပေါက်စရဲ့ *မမညှို့နော်*ဆိုပြီး နှုတ်ခမ်းလေးဆူကာ ပြောလာတဲ့ အသံလေးနဲ့အမူအရာကိုလွမ်းမိသည်...
ခုနေပေါက်စလည်းစာမေးပွဲပြီးလောက်ရောပေါ့... ရလဒ်ထွက်ပြီး အလုပ်တောင်ဝင်နေပြီလားမသိ...တခါလောက်ပဲဖြစ်ဖြစ်တွေ့ချင်မိသည်...ပေါက်စနဲ့တွေ့ပြီးမှ စွဲညှို့ခြေငြိမ်သွားရသည်ကို ကိုယ့်ကိုကိုယ်သိပါသည် ခြေသာငြိမ်နေပေမယ့် အပြောဆိုကတော့အရင်ကလောက်မညက်ညောတော့ပါ ပို၍လည်းစိတ်တိုတတ်လာသည်
.ဖွားဖွားကတော့ ထိုသို့ခြေငြိမ်တာကိုပဲသဘောတကျဖြစ်နေပြီး ဖေဖေကတော့ သံသယဝင်နေသည်...ရန်ကုန်မှာတခုခုဖြစ်ခဲ့လားဆိုပြီးပဲ အားရင်အားသလိုကိုမေးနေတော့သည်...တနေ့တနေ့ ရုံးချုပ်ထဲကဒီအခန်းထဲတွင်နေရတာ အတော်ကိုငြီးငွေ့လှသည် ဦးထွန်းလွင်ကလည်း သူ့ရဲ့ပျော့ကွက်ကို ရှာနေပြီး ဖြုတ်ချဖို့ပဲချောင်းနေသည်..
စွဲညှို့လိုမိန်းမသားတစ်ယောက် ယောက်ျားအရင့်အမာကြီးကိုမရင်ဆိုင်နိုင်ပါ သူ့ရဲ့အမွေကိုဆက်ခံနိုင်မယ့် နောက်ထပ်မြေးတေကိုရှာမှပဲတော်ကာကျတော့မည်...အဖွားဘလိုပဲပြောနေပါစေ အဖွားမသိအောင်စွဲညှို့လုပ်မှာပါပဲ ဦးငယ်နဲ့ ဒေါ်လေးတို့မှာ သားသမီးရှိမှာပါပဲ သူတို့ကိုရအောင်ရှာပြီး စံအိမ်ပေါ်ကိုရအောင်ခေါ်ဖို့က စွဲညှို့ရဲ့ အဓိက planပင်..ဘယ်လောက်ပဲစိတ်ဆိုးသည်ပြောပြော သွေးသားရင်းဖြစ်တဲ့မြေးတေကိုေတာ့ အဖွား ဥပေက္ခာပြုနိုင်လိမ့်မည်မထင်ပါ..
ထိုအခါစွဲညှို့လည်း အဖွားရဲ့ ကွန်ယက်ထဲက ရုန်းထွက်နိုင်မှာပါပေ...
ခေတ်ကိုလည်း မျှော်လင့်ခွင့်ရှိနိုင်မည်လေ..
YOU ARE READING
မေတ္တာ 'လွန်'
Teen Fiction'ချစ်ခြင်းမေတ္တာဆိုသည်မှာ ၁၅၀၀အချစ်သာ မဟုတ် ၅၂၈အချစ်လည်း ဖြစ်၏။ ၅၂၈ချစ်ခြင်းနှင့် ၁၅၀၀ ချစ်ခြင်းတို့ အားပြိုင်ကြတဲ့အခါ မေတ္တာ လွန်ဆွဲခြင်း ဖြစ်ပေါ်လာ၏။ တခါတရံ ရွေးချယ်သူတို့အဖို့ အလွန်ခက်ခဲလှသဖြင့် ကြိုးဆွဲသူတို့အပေါ်၌သာ မူတည်လာတတ်၏ သင့်အနေနဲ့တစ်စု...