အပိုင်း(၃၈)
"လူကြီးကို သိပ်သတိရတာပဲ"
"တူတူပါပဲ ကလေးရာ"ခေတ်ကိုဖက်ထားလျက် ခေါင်းလေးကိုအသာပွတ်ထားရင်းပြောလိုက်သည်
ခေတ်မျက်ရည်အဝိုင်းသားလေးနှင့် စွဲညှို့ကိုကြည့်ကာ ပါးလေးနှစ်ဖက်ကို သူ့ရဲ့လက်ဖဝါးလေးနှင့်ညင်သာစွာကိုင်လျက်
"လူကြီး...နေကောင်းရဲ့လားဟင် မျက်နှာချောင်သွားလိုက်တာ "
"လူကကောင်းပေမယ့် စိတ်ကတော့မကောင်းဘူး ဒီနေရာကလေ သိပ်နာလွန်းနေတယ်"သူ့ရင်ဘတ်လေးကိုလက်ညှိုးထိုးပြကာ ညှိုးငယ်စွာပြောလိုက်တော့ စွဲညှို့ရင်ဘတ်ကို လက်နဲ့ဖိကာ ကြည့်ရင်းခေတ်မျက်နှာလေး ငိုမဲ့မဲ့ဖြစ်သွားကာ ခေါင်းလေးကိုတဖက်လှည့်ပြီး မငိုမိအောင်ကြိုးစားနေလိုက်သည်
စွဲညှို့လည်း ခေတ်မျက်နှာလေးကိုကိုင်ကာ သူ့ကိုကြည့်စေပြီး
"ခေတ် နေရတာ အဆင်ပြေရဲ့လား ပင်ပန်းနေလား"
"အင်း...ပင်ပန်းတယ် အရမ်းပဲ လူကြီးကို သတိရတဲ့စိတ်တေက လွှမ်းခြုံထားလွန်းလို့ အရမ်းပင်ပန်းတယ် ဒါမယ့်လည်း အဲ့စိတ်တေကိုလွှတ်မချရက်ဘူး.."
စွဲညှို့ ခေတ်နဖူးလေးကို ငုံ့နမ်းလိုက်ကာ
"မ ကြောင့် ပင်ပန်းသွားခဲ့ရရင်တောင်းပန်ပါတယ်နော်..ခု မ ရောက်လာပြီ တူတူ ရင်ဆိုင်ကြရအောင်နော်"
"ဒါမယ့် ဖေဖေ ဖေဖေ့ကို ခေတ်ကတိပေးပြီးသွားပြီ"
ငိုမဲ့မဲ့လေးနှင့်ပြောလာသည်
စွဲညှို့လည်းခေတ်မျက်လုံးလေးကိုသေချာစွာစိုက်ကြည့်ကာ သက်ပျင်းချလိုက်ပြီး
"ခေတ် မ ကိုတကယ်ချစ်လား"
"ချစ်တယ် အရမ်းချစ်တယ်"ခေတ်ချက်ချင်းပဲ ခေါင်းကိုငြိမ့်ကာ အားတက်သရောဖြေသည်
" မနဲ့ လိုက်ခဲ့ပါလား "
ထိုစကားအတွက်ခေတ်မှာ ဖြေစရာမရှိပါ
ခေါင်းလေးငုံ့သွားကာ
"မဖြစ်ဘူး ဖေဖေ ရင်ကွဲပြီးသေလိမ့်မယ်"
စွဲညှို့လည်း ခေါင်းလေးညိမ့်ကာ မျက်လုံးအိမ်ထဲမှလည်းမျက်ရည်တို့လျှံကျလာရသည် ခေတ်ကိုယ်လေးကိုဆွဲဖက်လိုက်ကာ
"ခု ဘာလုပ်ရမလဲ ခေတ်ရယ် မ ခေတ်ကို မဆုံးရှုံးချင်ဘူး"
ခေတ်သူ့လက်ေမာင်းကလေးကိုပြန်ကိုင်ထားကာ
"အတူတူပဲ ခေတ် လူကြီးကို ပြောမပြတတ်လောက်အောင်ကို သဘောကျမိတယ် ဒါမယ့် ခေတ် ဖေဖေနဲ့ကိုကိုတို့ကိုလည်း စိတ်မဆင်းရဲစေချင်ဘူး"
"ခေတ်ရယ်...."
အတန်ကြာအောင် ခေတ်ကိုဖက်ထားခဲ့ပြီး စဉ်းစားနေခဲ့သည်
ထို့နောက်
"ခေတ်"
"ဟုတ်"
" မ ကိုယုံလား"
"အင်း" ခေတ်ခေါင်းလေး ငြိမ့်ကာပြောလိုက်သည်
"မ အားလုံးနဲ့ရင်ဆိုင်ပေးမယ် ခေတ် မ ဘက်မှာရှိနေပေးပါနော်"ခေတ်ရဲ့လက်ကလေးနှစ်ဖက်ကိုငုံကိုင်ကာ မျက်လုံးကိုသေချာကြည့်ပြောလိုက်သည် ထိုအကြည့်တေထဲမှာ လေးနက်မှုအပြည့်နှင့်ပြောနေသည်ကို ခေတ်ခံစားမိပါသည်
"ခေတ်ယုံပါတယ်"
စွဲညှို့ထိုစကားကြောင့် ပြုံးလိုက်ပြီး
"လောလောဆယ်တော့ လွမ်းနေရတဲ့ဒီနှုတ်ခမ်းလေးကို တဝကြီးနမ်းပရစေနော်"
.".."ခေတ်အကြည့်လွှဲလိုက်ကာ ရှက်ပြုံးလေး ပြုံးလိုက်သည်
စွဲညှို့ လက်ညှိုးလေးနှင့် မေးလေးကို မော့စေကာ ပါးလေးကိုဖွဖွလေးကိုင်လိုက်ကာ နှုတ်ခမ်းလေးကို ယစ်မူးခုန်မင်စွာ နမ်းရှိုက်လိုက်သည်
အတန်ကြာအောင်နမ်းရှိုက်နေရင်း စွဲညှို့ရဲ့အနမ်းတေကိုခေတ်ရုန်းလိုက်ကာ
"မ လွှတ်ဦးလေ အပြင်မှာ ကိုကိုတို့စောင့်နေတယ် ကြာရင်ပြောနေဦးမယ် သွားတော့မယ်"
"ချစ်လို့မဝသေးဘူးလေ"
"လူကြီးနော်...."ခေတ်မျက်စောင်းလေးထိုးကာပြောတော့မှ
"အိုးဟိုး ချစ်စရာလေး မွ..
ခေတ်ပါးလေးကိုဆွဲကာ နမ်းလိုက်ပြီး
"ဟုတ်ပါပြီ သွားပါ တရက်လောက်တော့အေးဆေးတွေ့ကြမယ်နော်.."
"ဟုတ်..အာ့ဆို တာ့တာ"လက်ကလေးနှင့်လုပ်ပြလိုက်ပြီး သန့်စင်ခန်းထဲမှထွက်ကာ အပြင်သို့ထွက်သွားတော့သည်
YOU ARE READING
မေတ္တာ 'လွန်'
Teen Fiction'ချစ်ခြင်းမေတ္တာဆိုသည်မှာ ၁၅၀၀အချစ်သာ မဟုတ် ၅၂၈အချစ်လည်း ဖြစ်၏။ ၅၂၈ချစ်ခြင်းနှင့် ၁၅၀၀ ချစ်ခြင်းတို့ အားပြိုင်ကြတဲ့အခါ မေတ္တာ လွန်ဆွဲခြင်း ဖြစ်ပေါ်လာ၏။ တခါတရံ ရွေးချယ်သူတို့အဖို့ အလွန်ခက်ခဲလှသဖြင့် ကြိုးဆွဲသူတို့အပေါ်၌သာ မူတည်လာတတ်၏ သင့်အနေနဲ့တစ်စု...