Ep-11

1.5K 99 0
                                    

အပိုင်း(၁၁)

သုခမြိုင် စံအိမ်ကြီးထဲတွင်တော့..

"ဘလိုလဲ...ဒေါ်သက်လျာ ခင်ဗျားရဲ့ ချစ်လှစွာသော တစ်ဦးတည်းသော မြေးလေးလည်း မတွေ့ပါလား.....အိမ်ကနေထွက်ပြေးသွားတာတော့မဟုတ်ပါဘူးနော်..."
ထိုသူကတော့ဒေါ်သက်လျာ၏ ညီမယောက်ျားဖြစ်သူဖြစ်ပြီး သုခမြိုင်စံအိမ်ရဲ့ အမွေတစ်စိတ်တစ်ပိုင်းနှင့်သက်ဆိုင်သူလည်းဖြစ်သည်.....ဒေါ်သက်လျာညီမ ဒေါ်ကလျာနဲ့လက်ထပ်ပြီးတည်းက စံအိမ်နဲ့အတူ မိသားစုစီးပွားတေတေကိုပါ ကြီးစိုးလာချင်တဲ့သူလည်းဖြစ်သည်....
Company ရဲ့ နေရာကောင်းကောင်းတွင်လည်း သူ့ရဲ့သားသမီးဖြစ်သူများက နေရာဝင်ယူထားပြီးပြီလည်းဖြစ်သည်..
အမှန်ဆိုလျှင် ဒေါ်ကလျာမှာ မွေးစားညီမဖြစ်တာကြောင့် ဒေါ်သက်လျာ အမွေပေးလျှင်လည်းဖြစ်သည်..သို့ပေမယ့် ညီမဖြစ်သူကိုချစ်တဲ့ ဒေါ်သက်လျာကတော့ သူ့တူတူမတေကို သူ့ရဲ့ ပိုင်ဆိုင်မှုတေထဲက သုံးပုံတစ်ပုံကိုပေးဖို့စီစဉ်ထားပြီးဖြစ်သည်...
ထိုအရာကိုအခွင့်ကောင်းယူပြီး သူမနေရာကိုတက်ယူချင်နေတာကတော့ ညီမယောက်ျား ထွန်းလွင်ပင်...မိသားစုထဲစဝင်လာတုန်းကတော့ လူအေးလူဖြောင့်ပုံစံဖြစ်ပြီး အိမ်ရဲ့အလုပ်ကိုလည်း အပိုးကျိုးစွာ လုပ်ကိုင်ပြီး မိသားစုစီးပွားရေးကိုအတော်အထောက်အကူဖြစ်စေခဲ့သည်....ထိုကျေးဇူးတေကြောင့်ကြောင်း မိသားစုအတွင်းရေးကအစ သိနေတဲ့သူဖြစ်တာ‌က‌တစ်ကြောင်း အကြောင်းအမျိုးမျိုးကြောင့် သူ့ကိုပထုတ်၍ မရပေ...
ဒါ့ကြောင့်လည်း သူမနေရာကို မြေးဖြစ်သူ စွဲညှို့ရှင်ကို မြန်မြန်လွှဲအပ်ပေးချင်သည်....စွဲညှို့သည် သူမရဲ့ပုံစံခွက်ထဲတွင် ရှိခဲ့သူဖြစ်ပြီး သူမစကားတစ်ခွန်းပေ..တခါတလေ သေးသေးမွှားမွှားကိစ္စတေကို ပြောရဆိုရခက်တာက လွဲလျှင် ကျန်တာ သူ့အမိန့်တိုင်းပင်....သူမရဲ့ သားငယ်နဲ့သမီးလတ်တို့ကတော့ သူမရဲ့လက်ထဲက‌နေရုန်းထွက်ပြီး..သူ့လမ်းသူရှာသွားတာကြောင့် သူမစိတ်နာပြီးလုံးဝလှည့်ကြည့်ခဲ့.....လူတကာမက်လောက်တဲ့ ဘဝမျိုးထားပေးပါလျက်နဲ့...အမြင့်ကနေခုန်ဆင်းခဲ့လို့ သူမ လုံးဝ လက်မခံနိုင်ပါ....ယခုနေ သေသလားရှင်သလားတောင် လုံးဝမစုံစမ်းပဲနေခဲ့သည်.....
သားသမီးနှစ်ယောက်ကို ဆုံးရှုံးလိုက်ရပေမယ့် သားနဲ့မြေးက သူ့အတွက် မျှော်လင့်ချက်ပင်...တစ်ဦးတည်းသော မြေးလေးကို သူမလို မိန်းမတစ်ဦးဖြစ်စေချင်သည်မှာ သူ့ရဲ့အတ္တ လို့ပဲဆိုဆို သူမလက်ခံပါသည်...

မေတ္တာ 'လွန်'Where stories live. Discover now