အပိုင်း(၁၃)အိမ်ရှေ့တွင် စာအုပ်ပိုက်လျက် လွယ်အိတ်ကလေးပါလွယ်ထားသော ခေတ်ကို တွေ့လိုက်ရတာကြောင့် စွဲညှို့အနည်းငယ် အံ့ဩသွားရသည် အကြောင်းမှာ နေ့လယ်ကကိစ္စကြောင့် ခေတ် အိမ်ကိုလာမည် မထင်ထား၍ပင်..
"ခေတ်..."
"အိမ်ထဲပေးဝင်မှာလား.."
"အော်...လာလေ.."တံခါးကိုအကျယ်ချဲ့ကာဖွင့်ပြီး သူ့အတွက်လမ်းဖယ်ပေးလိုက်တော့ အထဲကိုဝင်ချလာသည်...
ထို့နောက် ဧည့်ခန်းကဆိုဖာတွင် ဝင်ထိုင်ကာ စားပွဲပေါ်တွက်လည်းစာအုပ်တေကိုသူ့အိမ်သူ့ယာလိုပစ်တင်လိုက်သည်...ထို့နောက် စွဲညှို့ကိုတချက်တောင်မကြည့်ပဲ စာလုပ်နေသည်..
စွဲညှို့လည်း ကြောင်တောင်တောင်နဲ့ပဲ ခေတ်လုပ်သမျှကိုကြည့်နေမိသည်...
ဘာပြောရမယ်မှန်းလည်းမသိပါ.
စွဲညှို့အကြာကြီးမတ်တပ်ရပ်နေတာကြောင့်.
ခေတ် မျက်လုံးကိုဆွေကြည့်ကာ...စာအုပ်တေဘက်ပြန်လှည့်သွားပြီး..
"အဲ့မှာ အပြစ်ပေးထားသလိုဘာလို့ရပ်နေတာလဲ...လာမထိုင်ဘူးလား..."ခေတ်လေသံမာမာနဲ့ပြောလိုက်တော့. စွဲညှို့လည်း တိတ်ဆိတ်စွာနဲ့ပဲ သူ့ဘေးက ဆိုဖာတွင် လာထိုင်သည်...ပြီးနောက် ဟိုစမ်းဒီစမ်းနဲ့ပဲ...သူ့ laptop ကိုဖွင့်လိုက်သည်....ခေတ်ကိုတချက်ကြည့်လိုက်ပြီး...ခေတ်သူ့ကိုပြန်ကြည့်မလာခင်မှာပဲ...အလုပ်လုပ်ရန် laptop ကိုသာ အာရုံစိုက်နေလိုက်သည်.....တချက်တချက်တော့ ခေတ်ကို ကြည့်ပေမယ့် ခေတ်က သူ့ကိုတချက်လေးမှပြန်ကြည့်မလာ....ဒါကြောင့်ပဲ အလုပ်ကိုသာ အာရုံစိုက်လုပ်လိုက်သည်...ခေတ်လည်း စာလုပ်ပြီးသည့်နောက် စွဲညှို့ကိုကြည့်လိုက်တော့.
laptop ကိုအာရုံစိုက်နေပြီး သူမကိုတစ်စက်ကလေးတောင်မှ ကြည့်မလာတော့တာကြောင့်အနည်းငယ်ေတာ့ဘဝင်မကျ သူ့ကိုအာရုံစိုက်လာစေရန် အကြံတစ်ခုခုထုတ်ရပေမည်...
ခေတ် ထိုင်နေရင်းကနေ အကျောဆန့်ကာ စွဲညှို့အနားကပ်သွားလိုက်သည် စွဲညှို့ အာရုံမရသေးပါ...ဒါကြောင့် ထလိုက်ပြီး..စွဲညှို့ရှေ့ကနေ ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ အကျောဆန့်လိုက်သည်...ခေတ် စွဲညှို့ကိုကြည့်လိုက်တော့ ဒါလည်း အာရုံမရသေးတာကြောင့် ချောင်းဆိုသလိုလုပ်ပြသည်
"အဟမ်း..အဟမ်း..."
ဒါလည်း စွဲညှို့မကြားသေး...
ခေတ် စိတ်မရှည်တော့တာကြောင့်
"ဒီမှာ..ဒီမှာ..."
"..."
"ဒီမှာ လူကြီး...."
"ဟမ်..ဟမ်.."ခေတ် စိတ်တိုစွာနှင့်ကျယ်လောင်စွာခေါ်လိုက်တော့မှ အလန့်တကြားထူးလာသည်
YOU ARE READING
မေတ္တာ 'လွန်'
Teen Fiction'ချစ်ခြင်းမေတ္တာဆိုသည်မှာ ၁၅၀၀အချစ်သာ မဟုတ် ၅၂၈အချစ်လည်း ဖြစ်၏။ ၅၂၈ချစ်ခြင်းနှင့် ၁၅၀၀ ချစ်ခြင်းတို့ အားပြိုင်ကြတဲ့အခါ မေတ္တာ လွန်ဆွဲခြင်း ဖြစ်ပေါ်လာ၏။ တခါတရံ ရွေးချယ်သူတို့အဖို့ အလွန်ခက်ခဲလှသဖြင့် ကြိုးဆွဲသူတို့အပေါ်၌သာ မူတည်လာတတ်၏ သင့်အနေနဲ့တစ်စု...