အပိုင်း(၁၀)ယနေ့ သွင်တစ်ခေတ်တို့ အမေ နှစ်ပတ်လည်နေ့အတွက် မုန့်ဟင်းခါးချက်တာကြောင့် အိမ်နီးနားချင်းတေကို လိုက်လံပို့နေခဲ့သည်
မဟာကလည်း ဆွေမျိုးတေရှိတဲ့ ရပ်ကွက်ကို သွားပို့ပြီး မင်းခန့်ညားကတော့ အိမ်နီးနားချင်းတေကို သွင်တစ်ခေတ်နဲ့အတူပို့ဖို့ ပြင်ဆင်ပေးသည်....
အားလုံးပို့ပြီးနောက်မှ စွဲညှို့ဆီကို ပို့ရန် ခေတ် ချိုင့်လေးဆွဲကာ ထွက်လာခဲ့သည်....
မနက်အစောထတဲ့ စွဲညှို့ကို ယနေ့မှာတော့ မတွေ့မိတာကြောင့် တွေ့ချင်ဇောလေးဖြင့် အိမ်ရှေ့ကနေပဲ ခေတ်တစ်ယောက် ခပ်သွက်သွက်လျှောက်လာခဲ့သည်....
............
.............စွဲညှို့ အခန်းရှေ့တွင် တဒေါက်ဒေါက်ဖြင့် ခေါက်နေပြီး ပွစိပွစိအသံက စွဲညှို့ရဲ့ အိပ်ခြင်းကို တော်တော်နှောက်ယှက်နေသည်..
"စွဲညှို့ရေ ထတော့လေဟာ...စွဲညှို့..."အက္ခရာ တခါခေါ်ပြီးတံခါးကိုထုလိုက်...တံခါးနားကပ်ကာ အထဲမှအသံကိုနားထောင်လိုက်နှင့်...
"ဟဲ့ နောက်ကျနေပြီထတော့လေ...ငါမနက်စာမစားရသေးဘူး..."ခေါ်ပြီး တံခါးနားကပ်ကာ ထပ်ထုပြန်သည်...
"ဟဲ့ စွဲညှို့ ..စွဲညှို့ ...အချစ်ရေ..ထတော့လေ..."
"မခေါ်နဲ့စမ်း!..."စွဲညှို့ အိပ်ယာထဲ လူးလိမ့်ကာ ခေါင်းအုံးနဲ့နားနှစ်ဖက်ကို ပိတ်ထားလိုက်သည်
"အဲနောက်ဆုံးတော့ထူးလာပြီပဲ...ထတော့လေ အချစ်ရယ်..."
"ချီးးးး..မခေါ်နဲ့ဟ..."
"အာ့ဆို ထတော့..."
"အာ့ဆို ထတော့ ငါဗိုက်ဆာနေပြီ..."
"မီးဖို့ချောင်မှာ တစ်ခုခုလုပ်စားလိုက်ပါလား..."
"ဘာမှမရှိဘူးဟ..."
"မုန့်တေအများကြီးကို.."
"ငါမစားချင်ဘူး.."
"အာ့ဆိုလည်း အပြင်မှာ သွားဝယ်စားဟာ.."ခေါင်းကုတ်ကာ ပြောလိုက်သည်
"နင်ကလည်း ဧည့်သည်ကို ဒီလိုပဲ ပစ်ထားတော့မှာလား..."
"အဲ့ ဧည့်သည်ကလည်း ရောက်တည်းက စားတာ စားတာ ..ဒီရပ်ကွက်ထဲက စူဇကာနဲ့ နင့်ကိုတွဲထားရမယ်..."
YOU ARE READING
မေတ္တာ 'လွန်'
Teen Fiction'ချစ်ခြင်းမေတ္တာဆိုသည်မှာ ၁၅၀၀အချစ်သာ မဟုတ် ၅၂၈အချစ်လည်း ဖြစ်၏။ ၅၂၈ချစ်ခြင်းနှင့် ၁၅၀၀ ချစ်ခြင်းတို့ အားပြိုင်ကြတဲ့အခါ မေတ္တာ လွန်ဆွဲခြင်း ဖြစ်ပေါ်လာ၏။ တခါတရံ ရွေးချယ်သူတို့အဖို့ အလွန်ခက်ခဲလှသဖြင့် ကြိုးဆွဲသူတို့အပေါ်၌သာ မူတည်လာတတ်၏ သင့်အနေနဲ့တစ်စု...