Ep-15

1.3K 90 1
                                    

အပိုင်း(၁၅)

စွဲညှို့ ရင်နာနာနဲ့ပဲအိမ်ပြန်ခဲ့ရပြီး နောက်တနေ့မနက်အစောပိုင်းမှာတင် အိမ်ကိုပြန်ရောက်ခဲ့သည် ရောက်တာနှင့်  အထီးကျန်စိမ်းသက်လှတဲ့ စွဲညှို့ရဲ့ အခန်းထဲကို ဝင်ခဲ့ပြီး..တင်းခံလာသမျှ  စုပြုံ ငိုချမိတော့သည်....
ငိုရင်းနဲ့လည်း ခေတ်ကိုမျက်လုံးထဲမှာ မြင်ယောင်နေပြီး ခေတ်  သူ့ကိုမုန်းသွားပြီလားလို့တွေးမိလေလေ ရင်ဘတ်ထဲကအောင့်လာပြီး ပို၍ငိုချမိသည်..
လက်လေးနှစ်ဖက်ကို ဖက်ထားဟန်ပြုကာ ခေတ်ရဲ့ကိုယ်လုံးလေးကိုဖတ်ထားစဉ်ကအတိုင်းလုပ်ကြည့်ပြီး မျက်လုံးလေးကိုမှိတ်လျက် ရှိုက်သံပါထွက်လာရသည်....
အတန်ကြာအောင် ငိုချပြီးနောက် စွဲညှို့သက်ရှူကြပ်လာရသည်....ရင်ဘတ်ကိုဖိလိုက်ပြီး...မျက်လုံးကိုအသေမှိတ်ကာ နှလုံးသားရဲ့နာကျင်မှုဒဏ်ကို ကြိတ်မှိတ်ခံနေခဲ့သည်...

*မ အခုလိုခံစားနေခဲ့ရပေမယ့် ခေတ်ကတော့ ဝမ်းမနည်းပါနဲ့ ခေတ် စိတ်ဆင်းရဲတာ မြင်ရင် မ ရင်ဝကိုဆောင့်ကန်တာထက်နာတယ် ခေတ်ရယ်...*
စိတ်ထဲကနေပြောလိုက်ပြီး ခုတင်ပေါ်တွင် ခွေခွေလေးလှဲကာ ဆက်လက်ငိုကြွေးရင်း အတန်ကြာမှ ပင်ပန်းကာ အိပ်ပျော်သွားတော့သည်
..............

ခေတ်တို့သူငယ်ချင်းသုံးယောက်သား အိမ်ရှေ့ ရောက်ချိန်တွင်တော့ မဟာမှတံခါးလာဖွင့်ပေးပြီး ကားထိုးစေလိုက်သည်....ထို့နောက် ခေတ်တို့ဆင်းလာကြပြီး..
"ကိုကိုရေ...ရူပါတို့ ဒီည ညီမလေးနဲ့အတူ စာလာလုပ်ကြတာ..ဟင်းပိုချက်ပေးပါဦးနော်..."

"အင်းပါ ညီမလေးရယ်..."ခေတ်ကတော့ ဆံပင်တေဘာတေသပ်ပြီး သူငယ်ချင်းနှစ်ယောက်ကိုလည်းလှည့်ကာ လက်ယက်ခေါ်နေလိုက်သည် ပြီးနောက်

မေတ္တာ 'လွန်'Where stories live. Discover now