Ep-29

946 69 0
                                    

အပိုင်း(၂၉)

စွဲညှို့ ခေါင်းတစ်လုံးထဲနှင့်အလုပ်နှစ်ခုတစ်ပြိုင်ထဲလုပ်နေရသည်မို့  ဒီရက်ပိုင်းစိတ်တေရှုပ်နေမိသည်
ခေတ်နဲ့လည်းတွေ့ချိန်အလွန်နည်းနေခဲ့သည် ခေတ်ကတော့ ဖုန်းတဂွမ်ဂွမ်ခေါ်နေပေမယ့် စွဲညှို့မကိုင်ခဲ့ပါ သူစိတ်ရှုပ်နေသည်ကို ခေတ်ကိုမသိစေချင်ပါ သူ့အတွက်ထပ်ပြီးစိတ်ပူနေမှာစိုးပါသည်
ခေတ်ကိုညဘက်တေမှသာခေါ်ဖြစ်သည် သူကတော့ရက်ပိုင်းအတွင်းပြန်တော့မှာမို့ သူ့ကိုတွေ့ချင်နေပုံရသည်  မတွေ့ရလည်းမတတ်နိုင်ပါ တစ်ဘဝလုံးပေါင်းရဖို့အရေးကြိုးစားနေသည်မို့ ခနတာဝေးချင်လည်းဝေးပါစေ စွဲညှို့သည်းညည်းခံနိုင်ပါသည်

ယနေ့လည်း သူ့ရဲ့ company အလုပ်တေကို ရုံးခန်းထဲမှာ ညမိုးချုပ်အထိ လုပ်နေမိသည် ထိုစဉ် ခေတ်ဆီမှဖုန်းဝင်လာခဲ့ပြီး စိတ်ရှည်စွာပဲ ကိုင်လိုက်ကာ
"ဟလို သည်းတုန်လေးပြော"
ပခုံးနဲ့နားကြားညှပ်ကာ လက်က အလုပ်လုပ်ရင်းပြောလိုက်သည်
"လူကြီးနေနိုင်တယ်နော် ခေတ်ကိုလည်း လာမတွေ့ဘူး..စိတ်ဆိုးတယ်အရမ်းပဲ"
"စိတ်ဆိုးတာဆိုလည်း ဘာလို့ဖုန်းဆက်ပြောသေးလည်းခေတ်ရဲ့  ဖုန်းမဆက်ပဲစိတ်ဆိုးရမှာမဟုတ်ဘူးလား"
"ခေတ်စိတ်ဆိုးတယ်ဆိုတာ လူကြီးကိုပြောမှသိမှာ  လူကြီးက ပိန်းလွန်းလို့လေ တော်ကြာ ‌လူကြီးမသိပဲစိတ်ဆိုးနေရင်ပျင်းစရာကြီး.."
"ဟဟ ဟုတ်ပါပြီ စိတ်ဆိုးလည်းနောက်မှပေါင်းချော့ပါ့မယ် သည်းတုန်လေးရယ်  ခုတော့ခနမျိုချထားလိုက်ဦး  မ အခုအလုပ်ရှုပ်နေလို့ပါ"
"ဟမ် ညအိပ်ချိန်တောင်ရောက်တော့မယ့်ဟာ ခုထိအလုပ်မှာလား"
"အင်း လက်စသတ်စရာကျန်သေးလို့ အော် ခေတ် မနက်ခေတ်အတွက်မနက်စာ ပြောင်းစားချင်သေးလား နန်းကြီးသုပ်ကြီးပဲဆို ရိုးနေမလားလို့ "
"ဟင့်အင်းအဆင်ပြေပါတယ် တကယ်ဆို အလုပ်များနေရင်လည်း ခေတ်ဆီမလာလို့ရပါတယ် ခေတ်အတင်းမတောင်းဆိုတော့ပါဘူး"
"မဟုတ်တာ တနေ့လုံးတွေ့ရတာမှမဟုတ်ပဲ မနက်ပိုင်းလေးတော့ တွေ့ချင်တာပေါ့ခေတ်ရယ် "
"အင်းပါအင်းပါ ‌အာ့ဆို လူကြီးအလုပ်ရှုပ်နေတာပေါ့နော် ခေတ်ဖုန်းချလိုက်တော့မယ်လေ အလုပ် ‌ကိုလည်းအရမ်းနောက်ကျအောင်မလုပ်နဲ့ဦး လူကြီးကခေတ်အနားရှိတာမဟုတ်ဘူး ခေတ်ပြုစုလို့မရဘူး ကြားလား"
"ဟုတ်ကဲ့ပါရှင့်"
ခေတ်တစ်ယောက်မှာတမ်းချွေနေပြီး ဖုန်းချသွားပြီးနောက် စွဲညှို့ဖုန်းချလိုက်စဥ်မှာပဲ ထပ်မံဖုန်းဝင်လာသူ ဖွားဖွားပင်

မေတ္တာ 'လွန်'Where stories live. Discover now