Ep-2

1.7K 115 0
                                    


အပိုင်း(၂)

"အေး...ငါ ရောက်ပြီ...နင်ပြောထားပြီးပြီမလား..."
"အေး ငါပြောပြီးပြီ သူည‌နေလာလိမ့်မယ် နင်အဲ့ဘေးအိမ်မှာ သော့အပ်ထားတယ်တဲ့ သွားယူလိုက် "
"ဘယ်ဘက်အခြမ်းလဲ.."
"ခြေရင်းဘက်ကနင့်ညာဘက်ပေါ့.."
"အင်း...ကျေးဇူးပဲ အဲ့တစ်ယောက်ရဲ့ ဖုန်းနံပါတ်ငါ့ဆီmessageပို့ထားဦး..."
"အိုခေ.."

စွဲညှို့ဖုန်းချပြီးနောက်..ခြေရင်းအိမ်ဘက်ကို လျှောက်လာကာ အိမ်ရှေ့ကနေ ခေါင်းလောင်းလေးကိုလှုပ်ကာ အထဲကလူကိုခေါ်လိုက်သည်....

"လာပါပြီ..."အိမ်ထဲမှ အသံတခုကိုကြားလိုက်ရပြီး စွတ်ကျယ်အကျီနဲ့ ဂျေဂျေဘောင်းဘီတွဲဝတ်ထားတဲ့ဖြူဖြူသန့်သန့်ကောင်လေးတစ်ယောက်...

"ဘာကိစ္စရှိလို့ပါလဲ.."

"တို့က ဒီခေါင်းရင်အိမ်ကိုပြောင်းလာတဲ့အိမ်ငှားပါ အိမ်ရှင်ကသော့ပေးထားတယ်ဆိုလို့.."

"အော် ဟုတ်ကဲ့ ပြောထားတယ် လာမယ်ဆိုတာ ...ခနလေးနော်..."ပြောပြီး အိမ်ထဲပြေးဝင်သွားသည်...

ခနကြာတော့ပြန်ထွက်လာပြီး...
"ဒီမှာပါ.."

"ကျေးဇူးပါ..."

"ရပါတယ်ဗျ...အိမ်နီးချင်းတေဖြစ်သွားပြီပေါ့ ဟဲဟဲ..အကူညီလိုရင်ပြောပါဗျ"
စွဲညှို့ပြုံးရုံသာ ပြုံးပြကာ ခေါင်းငြိမ့်ပြလိုက်ပြီးထွက်လာလိုက်သည်

ထို့‌ေနာက်အိမ်ထဲဝင်ကာ အိမ်ထဲကိုလှည့်ကြည့်လိုက်သည် အိမ်လေးက သိပ်မကျယ်ပေမယ့် ကျဉ်းလည်းကျဉ်းမနေပါ အသက်ရှူချောင်ချောင်နဲ့ နေနိုင်ပြီး တစ်ထပ် တိုက်ခံအိမ်လေးဖြစ်လို့ တက်ရဆင်းရ အချိန်မကုန်တော့ပါ..ခြံထဲတွင်လည်း သရက်ပင်တေနဲ့ အုံ့ဆိုင်းနေပြီး ပန်းပင်တချို့ကိုပါတွေ့ရသည်...
ပတ်ဝန်းကျင်လည်းတိတ်ဆိတ်ငြိမ်သက်သလို  ဘုန်းကြီးကျောင်းနဲ့ နီး ဈေးနဲ့လည်းနီးလို့ နေသင့်နေထိုက်တဲ့အရပ်တစ်ခုဖြစ်သည်...ကားလမ်းမနဲ့ နီးရန် စွဲညှို့အတွက်မလိုတာကြောင့် လမ်းပြင်ထွက်ရာမှာတော့ပြသနာမရှိ..တိတ်ဆိတ်ငြိမ်သက်လျှင်သာ အဆင်ပြေသည်...
နေရာကောင်းလေးရှာပေးလို့ သူငယ်ချင်းမကိုကျေးဇူးတင်မိသည်..
ထိုစဉ် အိမ်ရှေ့တွင် အသံတခုကိုကြားလိုက်ရသည်...
အိမ်ထဲကို လမ်းလျှောက်ဝင်လာတဲ့အမျိုးသမီးငယ်သည် အိမ်ပိုင်ရှင်ဖြစ်ပုံပေါ်သည်...

မေတ္တာ 'လွန်'Where stories live. Discover now